Print

နွေရာသီအရေပြားပြဿနာများ ကင်းဝေးအောင်

  08-Apr-2018
Preview Image

အပူချိန်ပြင်းပြီး ခြောက်သွေ့တဲ့ နွေရာသီမှာ ကိုယ်ခန္ဓာအပူချိန်နှင့့် ပြင်ပအပူချိန် ကွဟမှုကြား အရေပြားပြဿနာတွေ ပေါ်လာတတ်ပါတယ်။ အပူချိန်လွန်ကဲခြင်းကြောင့် အရေပြားမှာ ပြင်ပအပူချိန်ကြောင့် အရေပြား နီရဲခြင်းတွေ၊ ချွေးထွက်လွန်ခြင်းတွေ၊ အစိုဓာတ်ဆုံးရှုံးမှုတွေ၊ ရေဓာတ်ခန်းခြောက်မှုတွေနဲ့အတူ ပုံမှန်လုပ်ဆောင်ချက်တွေ အနည်းငယ် ကမောက်ကမဖြစ်ပြီး ဖြစ်လာတတ်တဲ့အရေပြား ပြဿနာတွေကတော့ - 


မိတ်ယားဖုများ

 ဒါကတော့ အပူချိန်ပြင်းတဲ့ နွေရာသီမှာ အဖြစ်များဆုံး အရေပြားပြဿနာပေါ့။ အရေပြားပေါ်မှာ နီရမှုတွေနဲ့အတူ ယားယံခြင်းဝေဒနာကိုပါ ခံစားရစေပါတယ်။ ကလေးတွေနဲ့ လူကြီးတွေမှာဖြစ်လေ့ရှိတတ်ပါတယ်။ အရည်ကြည်ဖုလေးတွေထပြီး အနေရခက်အောင် ယားတတ်တာမို့ ကုတ်ရင်း မသန့်တဲ့လက်နှင့် ကုတ်တံတွေကနေတစ်ဆင့် ရောဂါပိုးတွေဝင်ပြီး ပိုဆိုးရွားတဲ့ နောက်ဆက်တွဲ အရေပြားပြဿနာတွေကို ဖြစ်စေပါတယ်။


ဘယ်လိုကာကွယ်ကုသမလဲ

 အပူကြောင့်ဖြစ်တဲ့ မိတ်ယားဖုကို ရက်ပိုင်းအတွင်း ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။ မဖြစ်အောင်ကာကွယ်ချင်ရင်တော့ အပူချိန်ပြင်းတဲ့နွေရာသီမှာ ပေါ့ပါးချောင်ချိပြီး ချွေးစုပ်လွယ်တဲ့ ချည်သားအင်္ကျ ီပွပွကို ဝတ်ပေးပါ။ လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာနေပါ။ အရမ်းထူပျစ်တဲ့ မိတ်ကပ်၊ ခရင်မ်၊ လိုးရှင်းတွေက ချွေးပေါက်ကိုပိတ်စေလို့ လိမ်းကျံခြင်းကိုရှောင်ကြဉ်ပါ။ 


အရေပြားနီရဲရောင်ရမ်းခြင်း

 ထိခိုက်လွယ်တဲ့အရေပြားဟာ ဓာတုပစ္စည်း ဒါမှမဟုတ် ဖုန်၊ အမှုန်အမွှားတွေနဲ့ ထိတွေ့မိတဲ့အခါ ယားယံခြင်း၊ နီရဲခြင်း၊ ရောင်ရမ်းခြင်းတွေ ဖြစ်ပေါ်စေလို့ အရေပြားရဲ့ ပုံမှန်လုပ်ဆောင်ချက် ယိုယွင်းတဲ့ နွေပူပူအောက်မှာ အရေပြားနီရဲရောင်မ်းခြင်းများ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အ်းဆက်ပိုးမွှားတွေနဲ့ ဖုန်အမှုန်အမွှားတွေ ပေါများတဲ့ ပူးပြင်းခြောက်သွေ့သော နွေရာသီမှာ ဒီအရေပြားပြဿနာကို ပိုဖြစ်တတ်တာတွေ့ရပါတယ်။ 


ဘယ်လိုကာကွယ်ကုသမလဲ

 မလိုအပ်ဘဲ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့လွန်းခြင်း၊ မိမိနှင့်ဓာတ်မတည့်သောအရာများကို ထိတွေ့ခြင်းများကို သတိထားရှောင်ကြဉ်ပါ။ အင်းဆက်ပိုးမွှားများ ကင်းစင်အောင် အိမ်တွင်း၊ ခြံပြင် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖြန်းပေးပါ။ နေ့လယ်နေ့ခင်း အိပ်စက်အနားယူတဲ့အခါ လေဝင်လေထွက်ကောင်းတဲ့ ခြင်ထောင်ပါးပါးနဲ့ အိပ်စက်ပါ။ 


ဝက်ခြံပြဿနာ

 အပူချိန်ပြင်းတဲ့ နွေရာသီမှာ ဝက်ခြံပြဿနာကိုလည်း ရင်ဆိုင်ကြုံတွေ့ရတတ်တယ်နော်။ ပြင်ပအပူချိန်ကြောင့် အရေပြားအောက်က အဆီပြွန်တွေကနေ အဆီပိုထွက်ပြီး ပြင်ပက ဖုန်၊ အမှုန့်၊ အညစ်အကြေးတွေကြောင့် မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့မှာ ချွေးပေါက်ပိတ်ပြီး ဝက်ခြံပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ 


ဘယ်လိုကာကွယ်ကုသမလဲ

 အဆီပြန်မှုလျော့ကျအောင် အဆီပါဝင်မှုများတဲ့ မိတ်ကပ်၊ အလှကုန်များကို လိမ်းခြယ်ခြင်းရှောင်ပါ။ အဆီစုပ်တစ်သျှူးများ ဆောင်ထားပြီး မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က အဆီတွေကို မကြာခဏ တို့သုတ်ဖယ်ရှားပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာအသားအရကို သေချာစွာ သန့်စင်ဆေးကြောပေးပါ။ မကြာခဏဝက်ခြံဖြစ်သော နေရာကို ထိတွေ့ကိုင်တွယ်ခြင်းရှောင်ပါ။ ဆိတ်ကုတ်ဖဲ့ခြင်း မပြုပါနှင့်။


အထူးသတိပြုရမယ့်အချက်များ

 အရေပြားပြဿနာအများက မသန့်ရှင်းသောလက်နဲ့ အရေပြားကြောင့် အများဆုံးဖြစ်ရတာမို့ လက်နှင့် ခန္ဓာကိုယ်အရေပြားကို အမြဲသန့်ရှင်းအောင်ထားပါ။ အစိုဓာတ်လုံလောက်နေစေရန် ရေများများသောက်ပါ။ ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝပြီး အစာအာဟာရကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဂရုစိုက်စားသုံးပါ။ နေရောင်ခြည်နှင့် ထိတွေ့မှုရှောင်ကြဉ်ပြီး မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုတော့ နေရောင်ခြည်နဲ့ အပူဒဏ်ကာကွယ်ဖို့ ထီး၊ ဦးထုပ်ဆောင်းပြီး၊ အင်္ကျ ီလက်ရှည်၊ လုံချည်၊ ပုဆိုးရှည်ဝတ်ဖို့ မမေ့ပါနဲ့။


Credit: သွန်းသော်တာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18