Print

အရေပြားတွင် ဆေးမင်ကြောင်ထိုးခြင်း

  28-Mar-2018
Preview Image

အရေပြားမှာ ဆေးမင်ကြောင်ထိုးတာကြောင့် ဘယ်လိုထိခိုက်မှုတွေဖြစ် တတ်ပါလဲ။ ဆေးမင်ကြောင်ထိုးတာကြောင့် နာမယ်၊ သွေးထွက်မယ်၊ တက်တူး ထိုးရာ မှာသုံးတဲ့ မသန့်ရှင်းတဲ့ ပစ္စည်းတချို့နဲ့ အပ်ကြောင့် သွေးကနေတစ်ဆင့် ကူးတဲ့ပိုးတွေ ဝင်တတ်ပါတယ်။ ဥပမာ မေးခိုင်ပိုး၊ အသည်းရောင် B နဲ့ C ပိုး၊ HIV ပိုး၊ ကာလသား ဆစ်ဖလစ်ရောဂါ၊ ဘက်တီးရီးယားပိုးတွေ ဝင်လာတတ်ပါတယ်။ ဓာတ်မတည့်မှု ဖြစ်တတ် ပါတယ်။ အရေပြားယားလာမယ်။ အနီရောင်ဖြစ်လာမယ်။ ကုတ်ရင်နှင်းခူဖြစ်လာ မယ်၊ နှစ်ချီပြီး ကြာတတ်ပါတယ်။အရေပြားအဖုတွေ ပေါ်လာတာ၊ အရေပြား ထူလာ တာတွေ ဖြစ်တတ်ပါတယ်။ ယားနာ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ကတော့ အရေပြားရောင်တာ၊ ယားတာနဲ့ သားငံရည်ကျတာတွေ ဖြစ်တတ်ပါတယ် ။ သွေးရောဂါရှိသူတွေဆိုရင် သွေးမတိတ်တာ ဖြစ်တတ်ပါတယ်။ 


ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ဆေးမင်ကြောင်ထိုးတာ အန္တရာယ်အများဆုံးလဲ။

မှဲ့ရှိတဲ့ နေရာ၊ မွေးရာပါ အမှတ်ရှိတဲ့ နေရာတွေမှာ တတ်တူးထိုးရင် အရေပြားကို စစ်ဆေးရခက်လို့ မထိုးသင့်ပါဘူး။ အရိုးပေါ် အရေတင်နေရာတွေမှာလည်း အနာကျက်ခဲလို့တက်တူး မထိုးသင့်ပါဘူး။ မျက်လုံးတစ်ဝိုက် အရေပြားက ပါးလွန်းတော့ တက်တူးထိုးတာ ဂရုစိုက်ရပါမယ်။


ဆေးမင်ကြောင်ကို ဖျက်ရတာ ခက်ခဲပါသလား။

ခက်ခဲပါတယ်။ လေဆာနှင့်တောင်မှ အကုန်မဖယ်နိုင်တဲ့ တက်တူအရောင်တွေရှိပါတယ်။ 


 ဆေးမင်ကြောင်ထိုးတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံအသိပေးလိုခြင်း

တက်တူးက တစ်ခါတိုးပြီးတာနဲ့ ရာသက်ပန်အမြဲ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတော့မှာဆိုတာ အမြဲတွေးထားရမယ်။တက်တူးထိုးရာမှာ သတိထားရမှာတွေက -


• အဓိကက သန့်ရှင်းရေးလုပ်ဖို့ဖြစ်ပါတယ်။ အပ်၊ မင်အိုး၊ ထိုးတဲ့သူရဲ့ လက်အိတ်၊ သုံးတဲ့ပစ္စည်းတွေ အရေးကြီးပါတယ်။ တကယ်တော့ ဘယ်တက်တူးဖြစ်ဖြစ် အမာရွတ်မကျန်အောင် ဖျက်ဖို့ခက်ပါတယ်။ ဆေးလိပ်သောက်သူတွေနဲ့ အရောင်ရင့်သူတွေရဲ့ ဆေးမင်ကြောင်က ပိုဖယ်ရ ခက်တတ်ပါတယ်။ 


 ဒီတော့ ဘာပဲဖြစ်ဖြစ် တက်တူးကို ကြိုက်နှစ်သက်လို့ ကိုယ်ပေါ်မှာ ထိုးတော့မယ် ဆိုရင် -

• ဆုံးဖြတ်ချက် သေချာမှထိုးသင့်ပါတယ်။ 

• အရက်၊ မူးယစ်ထုံထိုင်းပြီး စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးတွေ သောက်သုံးထား ချိန်မှာ တက်တူထိုးမယ့် ဆုံးဖြတ်ချက်ကို မချသင့်ပါ။

• ပိုးကင်းစင်အောင် သန့်စင်တဲ့ အလေ့အထတွေရှိရပါမယ်။

• စုတ်ထိုးမယ့်သူက အပ်အသစ်နှင့် မင်အိုးအသစ်ကို တက်တူးမထိုးမီအချိန်လေးကျမှ တပ်ဆင်လိုက်တာကို မိမိရဲ့ မျက်စိရဲ့ တပ်အပ်မြင်ဖို့လိုပါတယ်။ လက်အိတ် အသစ်တစ်စုံ သုံးတာ၊ မင်မထည့်မီ အပ်အသစ် ထပ်လိုက်တာတွေ လုပ် မလုပ် စစ်ဆေးရပါမယ်။ 

• တက်တူဆိုင်အပြင်အဆင်နဲ့ တက်တူးသမားရဲ့ အသွင်အပြင်မှာ ဆေးခန်းတစ်ခု ကို ရောက်နေသလို သန့်ရှင်းသပ်ရပ်မှ စိတ်ကျေနပ်သင့်ပါတယ်။


Credit:

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Arogyam magazine, October 2014, Pg. 67-71



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18