Print

နှင်းခူရောဂါအကြောင်း သိကောင်းစရာများ

  28-Feb-2018
Preview Image

Atopic dermatitis (eczema) ခေါ် နှင်းခူရောဂါသည် အရေပြားကို နီရဲပြီး ယားယံစေသော အခြေအနေမျိုးဖြစ်သည်။ အသက်အရွယ် မရွေး ဖြစ်ပွားနိုင်ကြသော်လည်း ကလေးငယ်များတွင် ပို၍ အတွေ့ရများသည်။ နှင်းခူရောဂါသည် နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး တခါတရံတွင် ရောဂါပြန်လည် ဖြစ်ပွားတတ်သည်။ နှင်းခူကို ပန်းနာရင်ကြပ်ရောဂါ (Asthma) နှင့် Hay Fever ရောဂါတို့နှင့် တွဲလျှက် တွေ့ရတတ်သည်။


လက္ခဏာများ

လူ တစ်ဦးနှင့်တစ်ဦး ရောဂါခံစားရမှု အနည်းအများ ကွာခြားနိုင်ပါသည်။ တွေ့ရှိနိုင်သော လက္ခဏာများမှာ

- ယားယံခြင်း - အထူးသဖြင့် ညဖက်တွင် ပိုခံစားရပြီး ယားယံခြင်း ပြင်းထန်နိုင်သည်။

- ခြေ၊ လက်၊ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်၊ ရင်ဘတ်အပေါ်ပိုင်း၊ မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်တို့၏ အတွင်းဖက် အရေပြားနေရာများ၊ မွေးကင်းစ ကလေးများ၏ မျက်နှာနှင့် ဦးခေါင်းအရေပြားတို့တွင် နီကျင်ကျင်မှ အညိုရောင်သန်းသည့် အရေပြား အကွက်များ ဖြစ်ပေါ်ခြင်း

- အနာသည် သေးငယ်ပြီး ဖောင်းကြွနေခြင်း၊ တခါတရံ အရည်များ ထွက်တတ်ခြင်း၊ အရေပြားဖတ်လေးများ ကြေးခွံကဲ့သို့ကွာခြင်း 

- ကုတ်လိုက်လျှင် အရေပြား ရောင်ရမ်းစိုစွတ်နေခြင်း၊

- အရေပြား ထူထဲကာ အက်ကွဲနာကျင်တတ်ခြင်း   


ဖြစ်ပွားရသော အကြောင်းရင်းများ

နှင်းခူ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းကို လေ့လာနေကြဆဲ ပင်ဖြစ်သည်။ နှင်းခူကို ပိုဆိုးစေနိုင်သော အချက်များမှာ -

- အရေပြား ခြောက်သွေ့ခြင်း

- ခုခံအား စနစ် အားနည်းနေခြင်း

- ဘက်တီးရီးယားပိုး ဝင်ခြင်း (ဥပမာ- Staphylococcus aureus)

- မျိုးရိုးဗီဇ ဆိုင်ရာ အရေပြား ပြဿနာ ရှိခြင်း စသည်တို့ ဖြစ်သည်။


နောက်ဆက်တွဲ ပြဿနာများ

- ပန်းနာရင်ကြပ်နှင့် Hay Fever 

- နှင်းခူသည် ပန်းနာရင်ကြပ်၏ ရှေ့ပြေးလက္ခဏာ တစ်ရပ် ဖြစ်တတ်သည်။

- နာတာရှည် ယားယံနေတတ်ခြင်း

- ပိုးဝင်တတ်ခြင်း

- ယားယံမှုကြောင့် အိပ်ရေး ပျက်ခြင်း


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- ယားယံမှုသည် အိပ်ရေးပျက်လောက်အောင် အနှောင့်အယှက် ဖြစ်နေသောအခါ

- အရေပြား နာကျင်နေသည့်အခါ

- အရေပြား ပိုးဝင်သည်ဟု ယူဆသည့်အခါ

- မိမိဘာသာ နည်းမျိုးစုံ ကုသပြီး မပျောက်ကင်း မသက်သာသည့်အခါ စသည့် အချိန်အခါမျိုးတွင် ဆရာဝန်နှင့် ပြသသင့်သည်။


ကုသခြင်း

- တိကျသော ပျောက်ကင်းစေသည့် ကုသမှုဟူ၍ မရှိသေးပါ။ သို့ရာတွင် နှင်းခူ ဝေဒနာ သက်သာအောင် ပြုလုပ်နိုင်သည်များမှာ

- အရေပြား ခြောက်သွေ့မှု သက်သာအောင် ခရင်မ်များ အသုံးပြုခြင်း (ဥပမာ - စတီးရွိုက် လိမ်းဆေးများ)

- မကြာခဏ ကုတ်ဖဲ့မှုကို သက်သာစေရန် အယားယံ သက်သာဆေးသော ဆေးများပေးခြင်း

- ပိုးဝင်လျှင် ပိုးသတ်ရန် ပဋိဇီဝ ဆေးများ အသုံးပြုခြင်း

- ဆေးထိုးသွင်း ကုသခြင်း

- Phototherapy ခေါ် ဓါတ်ရောင်ခြည် သုံး၍ ကုသခြင်း


Ref : Mayo Clinic




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18