Print

အရေပြား တီဘီ

  19-Feb-2018
Preview Image


တီဘီရောဂါလို့ ဆိုလိုက်တာနဲ့ လူတော်တော်များများသည် ဖျားမယ်၊ ချောင်းဆိုးမယ်၊ ပိန်မယ်နဲ့ အဆုတ်မှာ အနာဖြစ်မယ်လို့ သိပြီးသားပါ။ ဒါ့အပြင် အဆုတ်ပြင်ပ တီဘီရောဂါတွေသည်လည်း အများကြီး ရှိပါသေးတယ်။ ထိုအထဲကမှ အရေပြားမှာ ဖြစ်တတ်တဲ့ တီဘီရောဂါတွေထဲက အရေပြား တီဘီအကြောင်း ပြောပြချင်ပါတယ်။


အရေပြားတီဘီကို ဘယ်လို ခေါ်သလဲ

-အရေပြားတီဘီကို ဆေးပညာအရ လူးပတ်စ် ဗားဂရပ်စ် Lupus vulgaris လို့ ခေါ်ပါတယ်


အရေပြားတီဘီ ဘာကြောင့်ဖြစ်တာလဲ

-အဆုတ်တီဘီလိုပဲ တီဘီရောဂါပိုး Mycobacterium tuberculosis ကြောင့် ဖြစ်တာပါ ။


ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ

- အထူးသဖြင့် အေးတဲ့ဒေသမှာ နေထိုင်သူတွေ

- အမျိုးသမီးတွေ

- ခုခံအားကျဆင်းစေတဲ့ ရောဂါများရှိသူ၊ ဆေးဝါးများ သောက်သုံးနေရသူတွေ

- တစ်ကိုယ်ရေ သန့်ရှင်းရေး ညံ့ဖျင်းသူတွေ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေမှာ အတွေ့များလဲ

- နေရောင်ထိနိုင်တဲ့နေရာတွေ ၊အထူးသဖြင့် မျက်နှာ၊ လက်၊ ခြေ၊ တင်ပါး တွေမှာ ဖြစ်တတ်ပါတယ်။ 


အရေပြား တီဘီလက္ခဏာတွေက ဘာတွေလဲ

- အရေပြားမှာ အုပ်စုလိုက် အဖုကလေးတွေဖြစ်မယ်

- အဖုလေးတွေက မနာတတ်

- အဖုလေးတွေသည် နီညိုရောင်ကနေ ခရမ်းရောင်အထိ အရောင်သွေး မျိုးစုံရှိတတ်

- အဖုတွေဟာ အရေပြားအပေါ်ကို ကြွတတ်

- အနာရဲ့ မျက်နှာပြင်ဟာ ပြောင်လက်နေပြီး အခွံအနာဖေးလေးတွေရှိတတ်

- အရေပြား တီဘီကြာလာတဲ့အခါ အနာဟာ ဘေးကို ဆက်ပွားမယ် ၊ အနာရဲ့အလယ်မှာ အမာရွတ်ရှိမယ်၊ ထိုအမာရွတ်ရဲ့ ဘေးမှာ စတင်မာလာတဲ့ တစ်သျှူးများလည်း တွေ့ရမယ်

- ပြန်ရည်အကျိတ်တွေလည်း ကြီးနေတတ်


အရေပြား တီဘီကနေ ဘာဆက်ဖြစ်နိုင်လဲ

- အရေပြားတီဘီကို သေချာမကုရင် တီဘီရောဂါ ပိုဆိုးနိုင်သလို အရေပြား တီဘီကနေ အရေပြားကင်ဆာအဖြစ် ပြောင်းသွားမယ်

သင့်ဆရာဝန်က သင့်ကို ဘယ်လို ကုသမှု ပေးမလဲ

- လိုအပ်တဲ့သွေးတွေ သလိပ်တွေ ဓာတ်မှန်တွေ စစ်မယ်

- အဆုတ် တီဘီနဲ့ အဆုတ်ပြင်ပ ခန္ဓာကိုယ်ရှိ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများမှာ တီဘီ ရှိ ၊မရှိ ရှာဖွေစစ်ဆေးမယ်

- တီဘီဆေးတွေ တိုက်မယ်

- ဗိုက်တာမင် ဒီ Vitamin D2 (calciferol) ဆေးပြားလည်း တိုက်ကျွေးပါလိမ့်မယ်

- တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ခိုင်းပါလိမ့်မယ်

- အအိပ်အနေ အစားအသောက်မှန်ဖို့ လိုပါတယ်


Author : ခေတ်သစ် ဇီဝက




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18