Print

အရေပြားနီရဲတဲ့ ရောင်ရမ်းနာဖု Rosacea (ရိုဇေရှီးရား)

  08-Jan-2018
Preview Image

ယောကျ်ား၊ မိန်းမမရွေး အသက်အပိုင်းမရွေး အထူးသဖြင့် အမျိုးသမီးများ အသက်သုံးဆယ်ဝန်းကျင် အရွယ်မှာ မျက်နှာပေါ်ရောင်ရမ်းနာဖု ထွက်တတ်လေ့ရှိပါတယ်။ ရုတ်တရက် တစ်မျက်နှာလုံး နီရဲလာတာမျိုးလည်း ဖြစ်ပါတယ်။ ဝက်ခြံနှင့် ဆင်ဆင်တူပေမယ့် ဝက်ခြံတော့ မဟုတ်ပါဘူး။ ရောင်ရမ်းပြီး နီရဲနေတဲ့ အဖုဟာ ပါး၊ နှာခေါင်း၊ နဖူးနဲ့ မေးစေ့နေရာတွေမှာ ပေါက်တတ်ပါတယ်။ အမျိုးသမီးများ အသက် ၃၀ နှင့် ၅၀ ကြားဖြစ်စေ၊ သွေးဆုံးချိန်မှာဖြစ်စေ ပေါက်တတ်ပါသေးတယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတာ မရေရာလှသေးပေမယ့် သွေးကြောမျှင်လေးတွေ အစီအစဉ်တကျ ရှိမနေဘဲ ရှုပ်ထွေးတာရယ်၊ တက်ကြွလှုံ့ဆော်မှုအပေါ် ခံနိုင်ရည် မရှိတာကြောင့် ဖြစ်နိုင်ချေရှိပါတယ်။ နေ့အပူချိန်ရယ်၊ နေရောင်ခြည်ရဲ့ အပူလှိုင်းတွေကြောင့် သွေးကြောမျှင်လေးတွေ ကျယ်လာစေပါတယ်။


 ကုသတဲ့နေရာမှာ ပဋိဇီဝဆေးသောက်တာ၊ နေရောင်ကာလိမ်းဆေးလိမ်းတာ၊ ရာသီဥတု ပူလွန်းအေးလွန်းတာကို ရှောင်တာနဲ့ဟင်းခတ် အမွှေးအကြိုင်ပါတဲ့ အစားအစာတွေ လျှော့ချပြီး စားဖို့လိုပါတယ်။ ကော်တီဇုန်း (cortisone) ဓာတ်ပါတဲ့ ခရင်မ်တွေက နီရဲတဲ့ ရောင်ရမ်းနာဖုကို သက်သာစေပေမယ့်အရေပြား ဆရာဝန်နဲ့ ညွှန်ကြားချက်နဲ့မှသာ လိမ်းသင့်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပတ်ထက် ပိုလိမ်းခဲ့ရင် အရေပြားကို ပါးလွှာသွားစေလို့လည်း ဖြစ်ပါတယ်။ အနီရောင်ဝိုင်၊ လိမ္မော်သီးနဲ့ ကဖိန်းဓာတ်ပါ (ကော်ဖီ၊ လက်ဖက်ရည် အပါအဝင်) အစားသောက်တွေကလည်း ဒီရောင်ရမ်းနာဖုကို ပိုဆိုးသွားစေနိုင်ပါတယ်။ အဲဒီအစား မျက်နှာကို သန့်ရှင်းစင်ကြယ်အောင် ထားဖို့လိုပါတယ်။ ကုသမှုထိန်းသိမ်းမှု မရှိရင်လည်း ပိုဆိုးသွားနိုင်ပါတယ်။ 


Credit: နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18