Print

မှဲ့

  12-Dec-2017
Preview Image

လူတိုင်းမှာ မှဲ့ရှိတယ်။ တစ်ခါတလေ လေးငါးဆယ်အထိ၊ ရာကျော်အထိလည်း ရှိတတ်တယ်။ လူများစုအတွက် မှဲ့ဆိုတာ အညိုရောင်အစက်ကို ပြောတာကို။ တကယ်တော့ မှဲ့ဟာ ပုံစံအသွင်သဏ္ဍာန်အမျိုးမျိုးရှိပါတယ်။ တကယ်တော့ မှဲ့ဟာ ပုံစံအသွင်သဏ္ဍာန်အမျိုးမျိုးရှိပါတယ်။ ရှေးခေတ်တုန်းက မိန်းမတစ်ယောက်ရဲ့ ပါးမှာ မှဲ့ရှိရင်ပိုလှတယ်။ ဖက်ရှင်ကျတယ်လို့ ယူဆခဲ့ကြဖူးတယ်။ တချို့ဆိုမှဲ့အတုတောင် ပါးမှာဆိုးကြခဲ့သေးတာပေါ့။ မှဲ့ဆိုတာ အလှအပရဲ့ အမှတ်အသားလို့ ယူဆခဲ့ကြတာကိုး။ ဒါပေမဲ့ မှဲ့တိုင်းတော့ မလှပါဘူး။ အလုံးလိုက်ဖြစ်လာရင် စမ်းလို့ရတယ်။ မြင်သာ လွယ်တယ်။ တချို့မှာ အမွေးတွေ ပေါက်နေတတ်တယ်။ ဒါမှမဟုတ် ပုံသဏ္ဍာန်ပြောင်းပြီး အန္တရာယ်ရှိလာနိုင်တယ်။ 

 

ဘယ်နေရာမှာ ပေါ်လာတတ်သလဲ။

 ပွဲတွေဟာ အရေပြားဘယ်နေရာမှာမဆို တစ်ခုချင်း သို့မဟုတ် အစုလိုက်ပေါ်နိုင်တယ်။ အရွယ်အမျိုးမျိုးနဲ့ အရောင်ခပ်ညိုညိုပေါ့။ ညိုတာဟာ Melanocyte လို့ခေါ်တဲ့ အရောင်ပြားရောင်ခြယ်ဆဲလ်ကြောင့်ပါ။ မမွေးခင်ကတည်းက သင့်ရဲ့ဗီဇ Gene မှာ ဘယ်လို၊ ဘယ်နေရာ မှဲ့ထွက်မယ်ဆိုတာပါပြီးသား ဖြစ်တယ်။ မှဲ့အများစုက သင်အသက် ၂၀ အတွင်းမှာ ပေါ်လာတတ်တယ်။ အဲဒီနောက်ပိုင်းမှာ ပေါ်လာတတ်တာလည်း ရှိတယ်။ နေရောင်ထိတွေ့မှုများရင် ပိုများလာတတ်တယ်။


ကြီးထွားလာတတ်သလား။

 မှဲ့တိုင်းမှာ ကြီးထွားမှု ပုံသဏ္ဍာန်ရှိတယ်။ အစတော့ ပါးပါးပြားပြား ညိုညို၊ ပန်းရောင်၊ အမည်းရောင် အစက်ကလေးပဲ။ နောက်ကြီးလာပြီး အမွေးပေါက်လာနိုင်တယ်။ နောက် တဖြည်းဖြည်းပြောင်းလဲပြီး ပိုကြီးလာနိုင်တယ်။ ဘာမှမပြောင်းလဲဘဲလည်း ရှိနေနိုင်တယ်။ ဒါဟာ မှဲ့အများစုအတွက် ဘဝစက်ဝန်းပဲ။ နှစ် ၅၀ လောက် အကြမ်းဖျင်းကြာတယ်။ 


အရောင်ပိုမည်းလာတတ်သလား။

 နေရောင်ထိတွေ့မှုများရင် ပိုမည်းလာတတ်တယ်။ ဆယ်ကျော်သက်အရွယ်၊ ကိုယ်ဝန်ဆောင်ချိန်၊ သန္ဓေတားဆေးတွေ ကြောင့်လည်း မှဲ့ပိုမည်းလာ။ ပိုများလာ။ ပိုကြီးလာတတ်တယ်။


အန္တရာယ်ဖြစ်နိုင်တဲ့ မှဲ့တွေအကြောင်း ရှင်းပြပေးပါ

 မှဲ့အမျိုးမျိုးအနက် တချို့က ကင်ဆာပိုဖြစ်လွယ်တယ်။ နေလောင်တာများရင် ပိုဆိုးတယ်။ မှဲ့အရေအတွက်ပိုများရင် (ဥပမာ - ၁၀၀ ကျော်) ကင်ဆာဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုတယ်။ မှဲ့ကင်ဆာကို Malignant Melanoma မယ်လယ်နိုးမားခေါ်တယ်။ မွေးကတည်းကပါလာတဲ့ မှဲ့ကို Congenktal Nevi လို့ခေါ်တယ်။ မွေးပြီးပေါ်တဲ့ မှဲ့ထက်ကင်ဖြစ်ချေ ပိုများတယ်။ အရွယ်ကြီးလေပိုဆိုးလေပါ။ ရှစ်လက်မထက်ကျော်ရင် ကင်ဆာဖြစ်နိုင်ချေ အလွန်များပါတယ်။ Dysplastic Nevi ဆိုတာ မိသားစုအတွင်းဖြစ်တတ်တဲ့ မှဲ့ပါ။ သာမန်ထက် ကင်ဆာဖြစ်နိုင်ချေပိုများတယ်။ သာမန်မှဲ့ထက် ပိုကြီးတယ်။ ပုံသဏ္ဍာန်မညီညာဘူး။ အလယ်မှာ မည်းပြီး ဘေးမှာနီတာ၊ ဖျော့နေတာ၊ အနားအစွန်းမှာ အမည်းစက်တွေဖြစ်နေတာ တွေ့ရတတ်တယ်။ ဒီလိုလူမျိုးတွေဟာ ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးသင့်တယ်။ အရောင်၊ အရွယ်၊ ပုံသဏ္ဍာန်၊ အခြားပြောင်းလဲမှု စသဖြင့်ပေါ့။ အလွယ်အားဖြင့် ABCD အနေနဲ့ မှတ်သားနိုင်တယ်။


မှဲ့နဲ့တူတဲ့ တခြားအကွက်တွေရှိသေးလား

 တင်းတိမ်၊ မှဲ့ခြောက်နဲ့ နေလောင်ကွက်တွေဖြစ်တယ်။ တင်းတိပ်က သိသာတယ်။ မျက်နှာမှာ၊ ပါးမှာညိုမည်းမည်းအကွက်တွေပါ၊ မှဲ့ခြောက်ဟာလည်း အညိုစက်အပြောက်လေးတွေအနေနဲ့ အများဆုံး တွေ့ရတယ်။ နေလောင်ကွက်တွေကတော့ လူကြီးပိုင်းတွေမှာ ပိုတွေ့ရတယ်။ တစ်ခါတစ်ရံ စမ်းလို့ရတယ်။ မည်းမည်းထူထူ အဖတ်လေးတွေ ကပ်နေသလိုပဲ၊ မျက်နှာအပြင် နေရောင်ထိလည်း လက်တွေမှာပါ တွေ့ရတတ်တယ်။ 


မှဲ့ကုသပုံကို ပြောပြပေးပါ။

 မှဲ့အများစုဟာ ဒုက္ခမပေးတတ်ဘူး။ ကင်ဆာမဖြစ်စေဘူး။ ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း မထိခိုက်စေဘူး။ သာမန်ကနေ ကွဲပြားတဲ့ မှဲ့တွေကိုတော့ ဂရုစိုက်ရမယ်။ ကွဲပြားတယ်ဆိုတာ အရွယ်ပြောင်းတာ၊ အရောင်ပြောင်းတာ၊ ယားလာတာ၊ သွေးထွက်တာ၊ နာတာ၊ အသက်ကြီးမှပေါ်လာပြီး အကြီးမြန်တာ စသည်တို့ဖြစ်သည်။ ဒါမျိုးဆိုရင် ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးရပါမည်။ ခွဲစိတ်စစ်ဆေးဖို့လိုအပ်တယ်။ ကင်ဆာဆိုရင်တော့ ခွဲစိတ်ကုသခြင်း၊ သွေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ကင်ခြင်း လိုအပ်နိုင်တယ်။ တချိ့က သာမန်မှဲ့ပဲလို့၊ အဝတ်အစားနဲ့ အလွယ်တကူ ပွတ်မိလို့၊ ဗေဒင်ကိန်းခန်းအရ မကောင်းလို့ စတာတွေကြောင့် ဖြစ်တာတွေလည်း ရှိတယ်။ ထုံဆေးလိမ်း သို့မဟုတ် ထိုးပြီး ခွဲစိတ်ခြင်း သို့မဟုတ် စက်နဲ့ထုတ်ခြင်း ပြုလုပ်နိုင်တယ်။ မှဲ့ပျက်စေရန် အက်စစ်နဲ့တို့ခြင်း၊ စားခြင်းတော့ မလုပ်သင့်ဘူး။ မှဲ့ရော အသားကောင်းပါလောင်ပြီး အမာရွတ် ကျန်တတ်တယ်။


Credit: ဒေါက်တာစိုးဝင်းဦး

(အရေပြားအထူးကု ဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18