Print

Face mask လေးကိုယ်တိုင်လုပ်မယ်

  13-Nov-2017
Preview Image

 ယနေ့ခေတ်မှာ အရေပြားကျန်းမာလှပမှုကို အလေးထားလုပ်ဆောင်လာကြပါပြီ။ တိုးတက်လာတဲ့ခေတ်နဲ့အညီ စိတ်ဖိစီးမှု နေလောင်ဒဏ်ခံရမှု၊ နိစ္စဓူဝ လုပ်ငန်းဆောင်တာများ များပြားမှု၊ အချိန်နဲ့ တပြေးညီ လှုပ်ရှားရုန်းကန်နေရမှုတို့ကြောင့် ကျန်းမာလှပမှုအတွက် သီးသန့်အချိန်ပေးဖို့ ခဲယဉ်းလာပါတယ်။ လွယ်ကူရိုးရှင်းပြီး ကိုယ့်ရဲ့လက်တစ်ကမ်းမှုရှိတဲ့ ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ အိမ်တွင်းမျက်နှာကပ် ပေါင်းတင်နည်းလေးတွေ ပြောပြပေးလိုက်ပါတယ်။ လှပတင့်တယ်ခြင်းဆိုတာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမှု၊ ပွဲလယ်တင့်မှုတို့ရဲ့ တစ်စိတ်တစ်ဒေသပဲ မဟုတ်လား အားလုံးကျန်းမာလှပ အောင်မြင်တဲ့ ဘဝတွေရရှိနိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်။ 


မနက်ကို တောက်ပဝင်းလဲ့တဲ့ မျက်နှာလေးကိုတွေ့ရဖို့

 နွားနို့စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ခရမ်းချဉ်သီးကို အရည်ညှစ်ပြီး စားပွဲတင်ဇွန်း ၁ ဇွန်းထည့် မျက်နှာပေါ် လိမ်းပြီး အိပ်လိုက်ရင် မနက်နိုးချိန် ဝင်းလဲ့တောက်ပတဲ့ မျက်နှာလေးရမှာပါ။


အဆီပြန်သူများအတွက်

 မျက်နှာအသားအရေ အမျိုးအစားများထဲမှ အဓိက အဖြစ်များဆုံး အဆီပြန် အသားရေပိုင်ရှင်များအတွက် ရှားစောင်းလက်ပက်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း + ဆနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းရောပြီး နာရီဝက်လောက်ခြားကာ မျက်နှာဆေးချပေးပါ။ ဆနွင်းမှုန့်ရဲ့ မျက်နှာပေါ်တွင် ခဏတာကျန်နေတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါမယ်။ တစ်ပတ် ၁ကြိမ်လောက်လုပ်နိုင်ပါတယ်။


သန့်ရှင်းကြည်လင်သော အသားအရေလေးရဖို့

 ပျားရည်စားပွဲဇွန်း ၁ ဇွန်း + သံပရာရည် စားပွဲဇွန်း ၁ ဇွန်းရောပြီး လိမ်းပေးခြင်းအားဖြင့် သန့်ရှင်းကြည်လင်တဲ့ အသားအရေလေး ရနိုင်ပြီနော်။


အသားရေအားဖြည့်မယ်။

ဆားရည် စားပွဲဇွန်း ၁ ဇွန်း + လတ်တလော အသားအရေဆိုင်ရာ အသုံးများလာတဲ့ ကော်ဖီမှုန့်စားပွဲဇွန်း ၁ ဇွန်းရောပြီး Caffein ရဲ့ လန်းဆန်းမှု၊ စိုပြေမှု အာနိသင်ကို ရယူလိုက်ကြရအောင်ပါ။ 


အမဲစက်တွေ ဝေးဝေး

 နှာခေါင်းနား အမှိုက်အများဆုံး ရှိတတ်တဲ့ Hack head လို့ခေါ်တဲ့ အမဲဆံများကို ဖယ်ရှားဖို့ သံပရာရည် စားပွဲဇွန်း တစ်ဇွန်းနဲ့ ကြက်ဥအကာရောပြီး နာရီဝက်လောက် လိမ်းပေးပါ။


စိုပြေဝင်းပတောက်ပြောင်တဲ့ အသားအရေလေးတစ်ခုဖန်တီးစို့

 ဒိန်ချဉ်စားပွဲဇွန်း ၁ ဇွန်းနဲ့ သံပရာရည် စားပွဲဇွန်း ၁ ဇွန်းရောပြီး ရယူနိုင်ပါပြီ။


ကျန်းမာသောအသားအရေလေးအတွက်

 သန့်စင်သော အုန်းဆီ စားပွဲဇွန်း ၁ဇွန်း + အနွင်းမှုန့် ¼ စားပွဲဇွန်းနဲ့ အလှတရားတစ်ခုဖန်တီးရအောင်ပါ။


ဝက်ခြံတွေဖယ်ရှားမယ်

 သစ်ကြံပိုးမှုန့် စားပွဲဇွန်း ၁ ဇွန်း + ပျားရည် စားပွဲဇွန်း ၁ ဇွန်းရောပြီး ဝက်ခြံတွေကို တိုက်ထုတ်ကြမယ်။


 ဖော်ပြပါ အိမ်တွင်း Face mask များ အသုံးပြုရာတွင် နာရီဝက်ခန့်ထားပြီး ပြန်ဆေးကြောပါ။ မိမိနှစ်သက်ရာ သုံးနေကြ Skin Care Product များပြန်လည် အသုံးပြုနိုင်ပါတယ်။ အားလုံးပဲ လွယ်ကူရိုးရှင်းစွာဖြင့် အလှတရားကို ဖန်တီးနိုင်ပါစေ။


Credit: Thet NO



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18