Print

အရေပြားနီရဲတဲ့ ရောင်ရမ်းနာဖု အရောင်ဖြစ်ပေါ်မှု

  06-Nov-2017
Preview Image


 အသားအရေနဲ့ ဆံပင်ပေါ်မှာ ရောင်ခြည်ဓာတ်ကြောင့် အရောင်ဖြစ်ပေါ်လာတာပါ။ အသားအရောင် မမှန်တာတွေကတော့ နေရောင်ခြည်နဲ့ အရေပြားရဲ့ ဒဏ်ရာဒဏ်ချက်တွေ နှစ်ကြာလာတာနဲ့အမျှ ပေါ်လာတတ်တာဟာ ဖြစ်ရိုးဖြစ်စဉ် သမရိုးကျလို့တောင် ဖြစ်နေပါတယ်။ လူတိုင်းရဲ့ အရောင်မှာ အသားအရောင်ကို ဖြစ်ပေါ်စေတဲ့ ရောင်ခြည်ဓာတ် ပစ္စည်းဆဲလ် (Pigment – producing cells) လေးတွေ ပါရှိပါတယ်။ မယ်လင်နိုဆိုက်စ် (melanocytes) လို့လည်း ခေါ်ပါတယ်။ ရောင်ခြယ်ဓာတ်များများပါခဲ့ရင် အသားအရောင်မည်းပြီး နေရောင်ကို တော်ရုံကာကွယ်နိုင်စွမ်းလည်း ရှိပါတယ်။ အသားဖြူတဲ့ သူတွေမှာတော့ ရောင်ခြယ်ဓာတ်ပါဝင်မှု နည်းသလို နေရောင်ကာကွယ်နိုင်စွမ်းလည်း နည်းတဲ့အတွက် နေလောင်တာနဲ့ အညိုအမည်းအကွက်တွေ ဖြစ်ပေါ်လာတတ်တာပါ။ ဒါပေမဲ့ မယ်လနင်ရောင်ခြည်ဓာတ်များတာဟာ အမာရွတ်ကျန်တဲ့ ရောင်ခြည်လွန်ကဲမှုတွေလည်း ဖြစ်တတ်ပါသေးတယ်။ 


 ဒီလို ရောင်ခြယ်လွန်ကဲမှုတွေ မဖြစ်စေဖို့ နေရောင်မထိအောင် ရှောင်နေနိုင်ရင် ဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်ထားတဲ့ အချိန်မှာတော့ ဟော်မုန်းဓာတ်အပြောင်းအလဲ ဖြစ်တဲ့အတွက် နေရောင်မထိအောင် နေပေမယ့်လည်း အညိုကွက်တွေ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် နဖူး၊ ပါးနဲ့ နှုတ်ခမ်းအထက် နေရာတွေမှာ အဖြစ်များပါတယ်။ ဆေးဝါးအချို့ကတော့ အညိုအမည်းစွဲ နေတာတွေကို ဖျော့တော့မှေးမှိန်သွားစေနိုင်သလို ဓာတုဆေးနဲ့  အရေပြားရဲ့ အရေခွံကို ချွတ်တဲ့နည်း Skin peel အမာရွတ်ကို ချောမွေ့အောင် စားပစ်တဲ့နည်း (microdermabrasion) ရယ်၊ လေဆာရောင်ခြည်နဲ့ ချောမွေ့အောင်လုပ်တဲ့နည်း laser resurfacing တွေနဲ့့ အသားအရောင် ဝင်းပကြည်လင်အောင် လုပ်နိုင်ပါတယ်။ 


Credit: နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18