Print

မိတ်ကပ်မလိမ်းဘဲအလှပြင်မယ်

  30-Oct-2017
Preview Image

မိတ်ကပ်မပါဘဲ အလှပဆုံးပြင်ဆင်ထားတဲ့ ပုံစံလေး ရဖို့က မိန်းကလေးတိုင်းရဲ့အိပ်မက်ပါ။ ကျန်းမာပြီး သဘာဝအတိုင်းလေး အမြဲလန်းဆန်းလှပစေဖို့ကိုယ့်ရဲ့အနေအထိိုင် ၊အစားအသောက်၊ အပြုအမူလေးတွေပြောင်းပြီး ကိုယ့်အိပ်မက်ကိုအကောင်အထည်ဖော်လိုက်ကြရအောင်ပါ။


 (၁) နေရောင်ခြည်နဲ့အဝေးသို့....

နေခြည်နုနုလေးတွေ( နံနက်ခင်း အစောပိုင်း ချိန်) ဟာ အသားအရေကို ကျန်းမာစေဖို့အထောက်အပံ့ပေးသော်လည်း နေရောင်ခြည်နဲ့ ကြာရှည်စွာ ထိေတွေ့ခြင်းဟာ အသက်ကြီးလာရင် ဖြစ်ပေါ်တတ်သော အစက်အပျောက်တွေ၊အရေးအကြောင်းတွေကို စောလျင်စွာဖြစ်ပေါ်စေနိုင်ခြင်း၊ နေလောင်သောအသားအရေညစ်ညစ်များဖြစ်စေခြင်း ၊အရေပြားကင်ဆာဖြစ်နိုင်ခြင်းတို့ကြောင့် နေပူထဲထွက်မယ်ဆို နေရောင်ခြည် ကာကွယ်နိုင်သောလိုးရှင်းများလိမ်းပါ (SPF 50++) ၊ ဦးထုပ်သို့မဟုတ် ထီးဆောင်းပါ၊ ချည်သားလက်ရှည်အကျီဝတ်ဆင်ပါ၊ နေကာမျက်မှန်တပ်ပါ။


(၂) ရေများများသောက်စို့...

အသားအရေအတွက်ရေဓာတ်ဟာမရှိမဖြစ်လိုအပ်ပါတယ်၊တနေ့ကိုအနည်းဆုံးရေ  (၈) ခွက်သောက်ပါ။


(၃) အချိန်ကြာကြာရေမချိုးပါနဲ့ 

ကျန်းမာလှပသောအသားအရေအတွက် အရေပြားရဲ့သဘာဝအစိုဓာတ်ကို ဖယ်ရှားပြီးအသားအရေခြောက်သွေ့စေနိုင်တဲ့ ရေနွေးနဲ့ ရေကြာကြာချိုုးတာကိုရှောင်ပါ။


(၄) ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးမယ်.

အသားအရေစိုပြေလှပဖို့ဆို သစ်သီး(ဘယ်ရီသီးများ ၊စပျစ်သီးများ၊ ထောပတ်သိီး၊အရည်ရွှမ်းသောအသီးအနှ့့ံများ) ၊ လက်ဖက်ရည်ကြမ်း(green tea)၊ ချောကလက်မည်း(dark chocolate)၊ အစေ့အဆံများ ( မြေပဲ၊ သီဟိုဠ်စေ့များ) ၊ ဟင်းသီးဟင်းရွက် ၊ ကျန်းမာရေးနှင့်သင့်တော်သောအဆီများ(သံလွင်ဆီ၊ငါးကြီးဆီ)တို့စားပါ။


(၅)အမွေးအမျင်များကိို ဂရုတစိုက်ရိတ်ပါ

အမွေးအမျင်များကိုရိတ်ခြင်းဟာအရေပြားကိုထိခိုက်စေနိုင်ပါတယ်၊သတိထားသင့်တဲ့အချက်က အမွေးအမျင်ရဲ့လားရာနဲ့ဆန့်ကျင်ပြီးမရိတ်မိဖို့ သတိထားပါ၊ချောမွေ့စေပြီးအရေပြားထိခိုက်မှုကိုကာကွယ်ရန် ခရင်မ်တစ်မျိုူးမျိုးလိမ်းပြီးမှရိတ်ပါ။


(၆)ကြေးချွတ်အာနိသင်တွေလျော့သုံးမယ်

ဓာတုပစ္စည်းများပြီးကြေးချွတ်အာနိသင်များတာတွေကိုအသုံးပြုခြင်းက အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားနိုင်လို့ အသားအရေကိုခြောက်သွေ့သွားစေပါတယ်။


(၇)အရေပြားအစိုဓာတ်ကိုထိန်းကြရအောင်...

ခြောက်သွေ့သောအသားအရေပိုင်ရှင်များအနေဖြင့် မိမ်အသားအရေနဲ့ကိုက်ညီတဲ့ အစိုဓာတ်ထိန်းခရင်မ်တမျိုးမျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။အရေပြားအထူးကုဆရာဝန်များနှင့်လည်းတိုင်ပင်ပြီးမိမိအသားအရေနဲ့အသင့်တော်ဆုံးကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။


(၈)နေ့စဉ်မျက်နှာသစ်ပါ..

တနေ့လျှင်မနက်အိပ်ရာထစဉ်နှင့် အိပ်ရာမဝင်ခင် တွင် တနေ့တာမျက်နှာပေါ်က အဆီ၊ဖုန်၊အညစ်အကြေတွေကိုသန့်စင်ပေးဖို့လိုပါတယ်။ အညစ်အကြေးများက ချွေးပေါက်ကိုပိ်တ်စေပြီး ဘက်တိီးရီးယားပိုးများပေါက်ပွားကာ မျက်နှာတွင် ၀က်ခြံနှင့်ဆားဝက်ခြံများထွက်လာတတ်ပါတယ်။


(၉)ဆေးလိပ်နဲ့ဝေးဝေး

ဆေးလိပ်သောက်ခြင်း ၊ဆေးလိပ်ငွေ့ရှုမိခြင်းများက မျက်နှာပေါ်ရှိ အရေးအကြောင်းများကိုဖြစ်စေပြီးအိုမင်းရင့်ရော်မှုကိုဖြစ်စေပါတယ်။ ဆေးလိပ်ငွေ့များကအရေပြားအောက်က အောက်ဆီဂျင်၊ရေဓာတ်နဲ့ ကိုလာဂျင်၊ အလက်စတင် စတာတွေကို လျော့နည်းသွားစေပါတယ်။


(၁၀)စိတ်ဖိစီးမှုတွေလျော့ကြမယ်

စိတ်ပျိုကိုယ်နုဆိုသလို စိုပြေလန်း်ဆန်းတဲ့ အသားအရေလေးပိုင်ဆိုင်ဖို့စိတ်ဖိစီးမှုတွေကိုရှောင်ကြရအောင်နော်၊ စိတ်ဖိစီးမှုအရမ်းများခြင်းက ၀က်ခြံထွက်လာစေလို့ လှပသောအသားအရေပိုင်ဆိုင်လိုသူတို့အနေနဲ့တော့ စိ်တ်ဖိစီးမှုတွေကို အကြာကြီးလက်မခံထားနဲ့တော့နော်။


(၁၁)အိပ်ရေးဝဝအိပ်ပါ။

အိပ်ပျော်နေစဉ်မှာ ဆဲလ်အသစ်များဖြစ်ပေါ်ခြင်းကြောင့် တနေ့ကို၈နာရီမျျျှုကောင်းမွန်စွာအိပ်စက်အနားယူခြင်းသည် အသားအရေ ကြည်လင်တောက်ပမှုကိုအထောက်အပံံပေးပါတယ်၊


(၁၂)ကိုယ်လက်လှုပ်ရှာအားကစား..

လေ့ကျင့်ခန်းလုပ်ခြင်းဟာသွေးလှည့်ပတ်မှုအားကောင်းစေပြီး အောက််ဆီဂျင်နဲ့အာဟာရဓာတ်များကို စုပ်ယူမှုအားကောင်းစေပါတယ်၊ ချွေးနဲ့အတူ မလိုအပ်တဲ့အဆိပ်အတောက်တွေပါသွားတာမို့ ပိုမိုကြည်လင် စိုပြေတဲ့အသားအရေကိုရစေမှာပါ၊ ဒါနဲ့အပြုံးလေးတပွင့်ပန််ဆင်ဖို့လည်းမမေ့နဲ့ဦးနော်၊ မျက်နှာကြွက်သားလေးတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်းက အပြံုးတချက်ပဲမဟုတ်လား၊


 Credit.အာရောဂျ့ံ magazine,internet



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18