Print

စိတ်ဖိစီးမှုနှင့် အသားအရေဆက်စပ်မှု

  23-Oct-2017
Preview Image


၁. အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း

ဖိစီးမှုများကြောင့် အားအင်လျော့နည်းနေတဲ့ အဆုတ်၊ နှလုံးနှင့် ဦးနှောက်များဆီကိုသွေးများ ပိုလွှတ်ပေးရတဲ့အတွက် အရေပြားဘက်ဆီကို သွေးအသွားအလာနည်းသွားစေတာကြောင့် အသားအရေ အရောင်အဆင်း ဝပ်ဆင်းသွားရတာ ဖြစ်ပါတယ်။


၂. ဝက်ခြံများ ထွက်ပေါ်လာခြင်း

စိတ်ဖိစီးမှုများတဲ့အခါ အဆီအိတ်တွေက အဆီဓာတ်ကို ပိုပိုထုတ်လွှတ်ပေးပါတယ်။ အဆီဓာတ်များခြင်းကြောင့် ချွေးပေါက်မှာ ပိတ်ဆို့မှုတွေဖြစ်ပြီးအဖုအပိမ့်တွေဖြစ်ပေါ်နိုင်ပါတယ်။


၃. အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်း

အရေပြားအတွက် ပို့လွှတ်တဲ့ သွေးပမာဏမှာ အကန့်အသတ်နဲ့ ဖြစ်တဲ့အတွက်ဆဲလ်အသစ်ဖြစ်ပေါ်ဖို့ နှေးကွေးပြီး အရေပြားခြောက်သွေ့ရခြင်းဖြစ်ပါတယ်။


၄. ရောင်ရမ်းခြင်း

ခန္ဓာကို်ယ်တွင်း ဖိစီးမှုများလာတဲ့အခါ Histamine လို့ခေါ်တဲ့မတည့်တဲ့အရာနဲ့ထိတွေ့မိတဲ့အခါမှာ ဒုက္ခပေးတတ်တဲ့ ခန္ဓာကို်ယ်တွင်းရှိ

ဒြပ်ပေါင်းတစ်မျိုးအများအပြားထွက်လာပြီး ယားယံစေခြင်းအဖုအပိမ့်နဲ့အနီကွက်များထွက်ခြင်း၊ မိတ်နဲ့ အင်ပျဉ်လို အဖုကြီးများထွက်ပေါ်လာတတ်ပါတယ်။


Dr.Zin

Credit- နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18