Print

ဦးနှောက်ငယ်ရွယ်နုပျိုစေရန် စိတ်ဖိစီးမှုကို လျှော့ချနိုင်သည့် နည်းလမ်းမ...

  25-Feb-2017
Preview Image

ဆွီဒင်နိုင်ငံမှ လေ့လာမှုအသစ်ရ သင့်မှာ စိတ်ဖိစီးမှုနည်းလေလေ၊ မှတ်ဉာဏ် ဆုံးရှုံးတာ၊ မေ့လွယ်တာနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ချေတောင် နည်းနိုင်လေလေပါ လို့ တွေ့ရှိထားပါတယ်။ စိတ်ဖိစီးမှုလျော့နည်းဖို့ တရားထိုင်တာ၊ ယောဂကျင့်စဉ်ကျင့် တာတွေလုပ်နိုင်တဲ့အပြင် အောက်ပါနည်းလမ်းတွေကလည်း စိတ်ဖိစီးမှု လျော့နည်းစေနိုင်ပါတယ်။

 

၁။ လက်ဖက်ရည်သောက်ပါ။

ဗြိတိန်နို်င်ငံမှ လေ့လာမှုအသစ်ရ နေ့စဉ်လက်ဖက်ရည် ခြောက်ခွက်သောက်သူတွေဟာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီစော သိသိသာသာ ကျဆင်းသွားပြီး စိတ်အပန်းပြေမှု ရရှိစေနိုင်တယ်လို့ သိရပါတယ်။ တခြား လေ့လာမှုတစ်ခုအရ လည်း နေ့စဉ် လက်ဖက်ရည်ကြမ်းသောက်သူတွေက လက်ဖက်ရည်ကြမ်း မသောက် သူတွေထက် စိတ်ဖိစီးမှု ၄၀ ရာခိုင်နှုန်း ပိုမိုလျော့သွားတယ်လို့ သိရပါတယ်။ လက်ဖက် ရည်ကြမ်းရော လက်ဖက်ရည်ချို နှစ်မျိုးစလုံးမှာ စိုးရိမ်စိတ်ကို လျော့ကျစေနိုင်တဲ့ အမိုင်နိုအက်စစ်၊ အယ်လ်သီရာနင်း ပါဝင်တာကြောင့်ပါ။

 

၂။ ပီကေ ဝါးပါ။

စိတ်ဖိစီးမှုများတဲ့ ချိန်မှာ ပီကေဝါးနေတာကြောင့် ကော်တီစောအဆင့် လျော့ကျ သွားနိုင်ပြီ သင်ရဲ့ အလုပ်လုပ်နိုင်တဲ့စွမ်းရည် ၆၇ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ သြစတြေးလျမှ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ထားပါတယ်။ ပီကေဝါးတာဟာ တက်ကြွမှု၊ အာရုံစိုက်မှုနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ဧရိယာကို လှုံ့ဆော်မှုပေးနိုင် တာကြောင့်ပါ။

 

၃။ တစ်မှေးအိပ်ပါ။

နေ့လည်ပိုင်းမှာ ၁၀ မိနစ် တစ်မှေးအိပ်တာကြောင့် သွေးဖိအားနှင့် စိတ်ဖိစီးမှု များတဲ့ တခြားလက္ခဏာတွေ သိသိသာသာ ကျဆင်းသွားနိုင်တယ်လို့ မကြာခင် က ပြုလုပ်တဲ့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ နေ့ခင်းပိုင်း တစ်မှေးအိပ်သူတွေက မအိပ်သူတွေထက် သက်တမ်းသုံးနှစ် ပိုရှည်ပြီး နှလုံးရောဂါဖြစ်နိုင်ချေ ၃၇ ရာခိုင်နှုန်း အရေးကြီးပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credi:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, No. 266, September 2014, Pg.4


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18