Print

စိတ်မချမ်းမြေ့ဖွယ်အတွေ့အကြုံကြောင့် စိတ်ဖိစီးမှုဖြစ်ရတဲ့ပြဿနာများ

  25-Feb-2017
Preview Image

• ကြောက်ရွံမှု၊ အကူအညီကင်းမဲ့မှု၊ ထိတ်လန့်မှု အစရှိတဲ့စိတ်ခံစားမှုတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပေါ်စေတဲ့ ဖြစ်ရပ်တစ်ခုကို တွေ့ကြုံခဲ့ဖူးခြင်း

 

• ဆိုးရွားတဲ့ဖြစ်ရပ်ဟာ မှတ်ဉာဏ်တွေ၊ အတွေးတွေထဲ စွဲနေပြီး မကြာခဏ ပြန်ပြန်ပေါ်လာ လို့ စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေရခြင်း 

 

• တစ်ခုခုကြောင့် ကြုံခဲ့ဖူးတဲ့ဖြစ်ရပ်ကိုပြန်သတိရပြီး စိတ်ခံစားမှုအရ ကမောက်ကမဖြစ်ခြင်း

 

• ကြုံတွေ့ဖူးတဲ့ဖြစ်ရပ်ကြောင့် မနှစ်မြို့ဖွယ်အိပ်မက်တွေ ဒါမှမဟုတ် အိပ်မက်ဆိုးတွေ မက်ခြင်း

 

• ကြုံတွေ့ဖူးတဲ့ဖြစ်ရပ်ကြောင့် စဉ်းစားမိတိုင်း ဇောချွေးတွေထွက်၊ တောင့်တင်း မှုတွေဖြစ်၊ နှလုံးခုန်မြန်၊ အသက်ရှူနှုန်းတွေ မြန်တာဖြစ်လာခြင်း

 

• စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ကို ပြန်သတိရစေမယ့် လှုပ်ရှားမှုတွေ၊ နေရာတွေ ဒါမှမဟုတ် လူတွေကိုရှောင်ကြဉ်ခြင်း 

 

• စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်နှင့် ဆက်စပ်နေတဲ့ အတွေးတွေ၊ ခံစားမှုင်္တေ ဒါမှမဟုတ် အပြန်အလှန်စကားပြောဆိုခြင်းတွေကို ရှောင်ကြဉ်ခြင်း

 

• စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရပြီးကတည်းက ကောင်းကောင်းအိပ်မပျော်ခြင်း၊ စိတ်အာရုံစူးစိုက်လို့မရခြင်း၊ စိတ်ကသိသကအောက်မြင့်မြင့်မားမား ဖြစ်ခြင်းတို့ကို ခံစားနေရခြင်း

 

• စိတ်ဓာတ်ကျခြင်း ဒါမှမဟုတ် တက်ကြွမှု လျော့နည်းခြင်း

 

• စိတ်ကသိကအောက်ဖြစ်မှု ဒါမှမဟုတ် ဒေါသဖြစ်မှုရေချိန်မြင့်လာခြင်း၊ အဲဒီလိုဖြစ် မှုကြောင့် ကိုယ့်လက်တွဲဖော်တွေ စိတ်အနှောက်အယှက်ဖြစ်ရခြင်း

 

• စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်နဲ့ ပတ်သက်လို့ အပြစ်ကြီးတစ်ခုလို ခံစားနေရခြင်းစိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်တစ်ခုကို ကြုံခဲ့ရပြီး ရက်သတ္တပတ် ၄ ပတ် ကျော်လွန်သွားတဲ့တိုင်အထက်ဖော်ပြပါ လက္ခဏာတွေ ဖော်ပြနေသေးတယ်ဆိုရင်၊ ကိုယ်လုပ်နေကျ အလုပ်တွေ။ လေ့လာရေးတွေကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်ဖြစ်နေတယ်ဆိုရင် စိတ်ကျန်းမာရေးဆရာဝန် တစ်ဦးနှင့် ဆက်သွယ်တိုင်ပင်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အေးအောင် (ရန်ကုန်တက္ကသိုလ်)
သင်နှင့်သင့်မိသားစု စိတ်ကျန်းမာရေး ကိုယ်တိုင်စောင့်ရှောက်ပါ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18