Print

Depression (စိတ်ကျရောဂါ)

  25-Feb-2017
Preview Image

စိတ်ကျရောဂါ ဆိုသည်မှာ ဝမ်းနည်းပူဆွေးခြင်းနှင့် အရာရာတိုင်းအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးခြင်းကို အချိန်ကြာမြင့်စွာ ခံစားနေရခြင်း ဖြစ်ပါသည်။

 

လက္ခဏာများ
စိတ်ကျရောဂါ ခံစားနေရသော ဝေဒနာရှင်သည် အောက်ပါ ဝေဒနာများ ကို နေ့တိုုင်းလိုလို ခံစားနေရတတ်ပါသည်။ ၎င်းတို့မှာ

. ဝမ်းနည်းခြင်း၊ ငိုကြွေးချင်ခြင်း၊ လစ်ဟာနေသလို ခံစားနေရခြင်းနှင့် မျှော်လင့်ချက် မရှိသလို ခံစားနေရခြင်း
. ဒေါသထွက်လွယ်ခြင်း၊ သေးသေးမွှားမွှားလေးကအစ ထိခိုက်ခံစားလွယ်ခြင်း
. ပျော်ရွှင်မှုနှင့် စိတ်ဝင်စားမှုများ ပျောက်ဆုံးခြင်း
. အိပ်မပျော်ဖြစ်ခြင်း / အလွန်အကျွံ အိပ်ခြင်း
. အားအင်ကုန်ခမ်းကာ ပင်ပန်းလွယ်ခြင်း
. အစားအသောက်ပျက်ခြင်း၊ ပိန်လာခြင်း
. ဂနာမငြိမ်ဖြစ်ခြင်း
. စကားပြောခြင်း၊ တွေးခြင်းနှင့် လှုပ်ရှားမှုများ၌ နှေးကွေးနေခြင်း
. အတိတ်က ဖြစ်ရပ်များအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေခြင်း
. အာရုံမစူးစိုက်နိုင်ခြင်း၊ ဆုံးဖြတ်ချက် မချနိုင်ခြင်း
. ခဏခဏ သေကြောင်းကြံမိခြင်း
. နောက်ကျောနာကျင်ခြင်းနှင့် ခေါင်းကိုက်ခြင်းများ ခံစားရခြင်းတို့ ဖြစ်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
စိတ်ကျရောဂါ ဖြစ်ပွားရသော အကြောင်းရင်းကို သေချာမသိရှိကြသေးသော်လည်း စိတ်ရောဂါများကြောင် သာမက အောက်ပါအချက်များဖြစ်သော-
. Biological difference - ဦးနှောက်တွင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ရှိခြင်း
. Brain chemistry – ဦးနှောက်မှ ထုတ်သော Neurotransmitter များကြောင့် လည်းကောင်း
. Hormones - လူ ့ခန္ဓာကိုယ်တွင် ဟော်မုန်းပြောင်းလဲခြင်းကြောင့်လည်းကောင်း
. Inherited traits - မျိုးရိုးလိုုက်ခြင်း တို ့ကြောင့်လည်း ဖြစ်စေနိုင်သည်ဟု ယူဆထားကြပါသည်။

 

ဖြစ်နိုင်ချေများသူများ
စိတ်ကျရောဂါသည် ဆယ်ကျော်သက်အရွယ်၊ ၂၀ မှ ၃၀ နှစ်အကြားတွင် အဖြစ်များသော်လည်း မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်ပါသည်။ 

 

နောက်ဆက်တွဲ ပြဿနာများ
စိတ်ကျရောဂါသည် မကုသဘဲ ထားပါက ပိုဆိုးလာနိုင်ပြီး နောက်ဆက်တွဲ လက္ခဏာများ ဖြစ်သော- 
. အဝလွန်လာခြင်း
. ရုပ်ပိုင်းဆိုင်ရာ ရောဂါရလာခြင်း
. အရက်များ အလွန်အကျွံ သောက်လာခြင်း
. စိတ်ဖိစီးမှု များလာခြင်း၊ အကြောက်လွန်လာခြင်း
. လူမှုရေး ပြဿနာများ ဖြစ်လာခြင်း
. တစ်ယောက်တည်း အထီးကျန်လာခြင်း
. သေကြောင်းကြံစည်မိခြင်း
. ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်ခြင်းနှင့်
. တခြားရောဂါများ ဝင်ရောက်လာခြင်းကြောင့် လူ ့ဘဝ နေဝင်ချိန်စောခြင်း တို ့ဖြစ်နိုင်ပါသည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အကယ်၍ အထက်ပါ လက္ခဏာများ ခံစားရသည်နှင့် နီးစပ်ရာ ဆေးရုံဆေးခန်း (သို ့) စိတ်ရောဂါအထူးကု ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ
ရောဂါဇာစ်မြစ် သေချာသိစေရန် မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ အပြင် သွေးစစ်ခြင်း ၊ Psychological evaluation ခေါ် စိတ်အခြေအနေ စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။ 

 

ကုသခြင်း
စိတ်ကျရောဂါအား ကုသရာတွင် သောက်ဆေးများအပြင် Psychological counseling ခေါ် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအားပေးခြင်းနည်းသည်လည်း များစွာ အထောက်အကူ ဖြစ်စေပါသည်။ စိတ်ကျရောဂါ ပြင်းထန်ပါက ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။ စိတ်ကျသက်သာဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတို်င်း သောက်ရန်နှင့် ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးများကို ရပ်မပစ်ရန်လည်း အရေးကြီးပါသည်။

 

ကာကွယ်ခြင်း
စိတ်ကျရောဂါကို ကာကွယ်ရန် တိကျသေချာသော နည်းလမ်းများ မရှိသော်လည်း 
- စိတ်ဖိစီးမှုများကို လျှော့ချပေးခြင်း
- အခက်အခဲရှိလျှင် မိသားစုနှင့် သူငယ်ချင်းများအား ဆွေးနွေးတိုင်ပင်ခြင်း
- ရောဂါစဖြစ်စဉ်ကပင် ဆေးကုသမှု ခံယူခြင်းနှင့်
- ဆေးကုသမှုကို ရေရှည် ခံယူခြင်းဖြင့် စိတ်ကျရောဂါကို ကာကွယ်နိုင်ပေသည်။

 

Paing
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo Clinic


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18