Print

စိတ်ဝေဒနာ ဖြစ်ရခြင်းအကြောင်းရင်းများ

  30-Oct-2016
Preview Image

စိတ်ဝေဒနာ ဖြစ်ရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရှုပ်ထွေးလှသည်။ထိုအကြာင်းရင်းခံများကို အခြေခံ အရင်းအမြစ်နှင့် ထပ်ဆင့်လှုံ့ဆော်သော အကြောင်းဟုခွဲခြားနို်င်သည်။ စိတ်ဝေဒနာဖြစ်ရခြင်း အခြေခံ အရင်းအမြစ်များသည်လူတစ်ဦး တစ်ယောက်ကို စိတ်ဝေဒနာ အလွယ်တကူ ရရှိစေနို်င်သည်။ ၄င်းတို့ကို အမျိုး အစား ၃ မျိုးခှဲုွရနိုင်သည်

၁။ မျိုးဗီဇပြောင်းလဲမှု ကြောင့်ဖြစ်ပေါ်လာခြင်း။ မျိုးရိုးလိုက်ခြင်း။ (စကီဇို ဖရန်းနီးယား ပြင်းထန်စိတ်ကြွ စိတ်ကျရောဂါ)။

၂။ ဗဟို အာရုံကြောစနစ်ကို ထိခိုက်ခြင်းကြောင့်ဖြစ်ပေါ်လာခြင်း (မမွေးခင်၊ မွေးဖွားစဉ် ဦးနှောက်ကိုထိခိုက်ခြင်း)

၃။ ငယ်စဉ်ကလေးဘဝတွင် စိတ်ထိခိုက်ဖွယ်သော လူမှုပတ်ဝန်းကျင်တွင် ကြီးပြင်းရခြင်း (မိခင်မဲ့ခြင်း အိမ်ထောင်ရေးပြိုကွဲသော မိသားစုတွင်ကြီးပြင်းလာခြင်း။ ဆက်သွယ်မှု လွဲသွေခြင်း) ထပ်ဆင့်လှုံ့ဆော်သော အချက်များအနေဖြင့် လက်ငင်းဖြစ်ပွားသော (ကိုယ်ခန္ဓာ သို့မဟုတ် စိတ်) ဖိစီးမှုများကြောင့် စိတ်ဝေဒနာ ဖြစ်ပေါ်လာရန် အားပေးသည်။ ဤသို့သော အခြေအနေများကို ၂ မျိုးခွဲခြားနိုင်သည်၊

၁။ ကိုယ်ခန္ဓာတွင်းမှ ဖိစီးမှု ဥပမာ ဦးနှောက်အမှေးယောင်ခြင်း။ ခန္ဓာကိုယ်တွင် ဗိုင်းရပ်ပိုးပျံ့နှံ့ခြင်း။ ဟော်မုန်းဓါတ်ပြောင်းလဲခြင်း (ကလေးမွေးဖွားပြီး မီးတွင်းကာလ) ဓါတုပစ္စည်းများ မူးယစ်စေသောဆေးဝါးများအစရှိသည်တို့သည် ဦးနှောက်မှအလုပ်လုပ်ကိုင်မှုကိုပုံမှန်မှ လွဲသွေစေနိုင်ပါသည်။

၂။ လူမှုရေး စိတ်ဖိစီးမှု ဥပမာ မိတ်ဆွေရင်းချာ (ချစ်သူ) အဖြစ်မှ ပြတ်စဲခြင်း။ဆွေမျိုးရင်းချာ ဆုံးရှုံးရခြင်း။ တို့သည် လူမှုရေး စိတ်ဓါတ်ရေးရာ တို့ကိုမမျှမတ မညီမညွတ် ဖြစ်စေပြီး စိတ်ဓါတ်ကျစေပါသည်၊ ကိုယ်ခန္ဓာ ဖိစီးမှုများသည် အရင်းခံရှိနေသော စိတ်ဝေဒနာက ုိ ဆိုးဝါးစေပါသည၊် လူမှုရေး စိတ်ဖိစီးမှုများသည် စိတ်ဓါတ် ကျခြင်း။ စိတ်မတည်မငြိမ်ဖြစ်ခြင်း အစရှိသည့် အသေးစား စိတ်ဝေဒနာကိုဖြစ်စေနိုင်ပါသည်။

 

Ref:

HEALTH MESSENGER

23.10.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18