Print

လက်သည်းဆိုးဆေးတွေရဲ့ ကြောက်စရာအန္တရာယ်များ

  04-Nov-2020
Preview Image

လက်သည်း၊ ခြေသည်းကို အလှဆင်ပြုပြင်ကြ၊ ဖြူနီကြောင်ကြားရောင်စုံဆေးဆိုးကြတာကို ခေတ်မီအမျိုးသမီးကြီးငယ်တိုင်းနီးပါး ဝါသနာပါကြပါတယ်။ စာရေးသူတောင်မှ မလှမပ ခြေသည်းလေးတွေကို ဖုံးကွယ်ချင်လို့ ကိုယ့်မျက်စိထဲ တွေ့တဲ့ လှတဲ့အရောင်နုလေးတွေ တစ်ခါတစ်ရံခြေထောက်ဆေးရင် ခြေသည်း၊ လက်သည်း အလှပြင်ဆိုင်တွေမှာ ဆိုးမိတတ်ပါတယ်။ လက်သည်းတွေတော့ ဆေးလုံးဝမဆိုးပါဘူး။ အဲ့လို ဆိုင်သွားအလှပြင်မယ်ဆိုရင်လည်း မိမိတစ်ကိုယ်စာအတွက် ခြေသည်း၊ လက်သည်းဖြတ်တဲ့ ပုံဖော်သန့်ရှင်းရေးပြုလုပ်တဲ့ ကိရိယာလေးတွေကို မိမိကိုယ်ပိုင်ဝယ်ထားပြီး သီးသန့်ထားသုံးစေချင်ပါတယ်။ ခြေသည်းမှိုစွဲရောဂါအပါအဝင် ကူးစက်တတ်တဲ့ရောဂါတွေက လူတကာသုံး အဲ့လိုပစ္စည်းလေးတွေကတစ်ဆင့် တစ်ဦးမှ တစ်ဦးကို ကူးစက်စေနိုင်လို့ အများသုံးနဲ့ ရောထွေးမထားသင့်ပါဘူး။ လစဉ်အပတ်စဉ် ခြေသည်းလက်သည်းကို အရောင်စုံသာမက ပုံသဏ္ဍာန်အမျိုးမျိုး ပုံဖော်အလှပြင်ကြသူတွေအတွက် သတိမမူ ဂူမမြင် သတိမူတော့ မြူတောင်မြင်ရလေအောင် လက်သည်းဆိုးဆေးတွေရဲ့ အန္တရာယ်အမျိုးမျိုးကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်သုံးနေကြတဲ့ ပေါ်ပြူလာအဖြစ်ဆုံး လက်သည်းဆိုးဆေးတွေဟာ ထင်ထားတာထက် ပိုပြီး ဒုက္ခပေးနိုင်တယ်ဆိုတာ လတ်တလော လေ့လာဆန်းစစ်မှုတွေအရ သိရှိလာရလို့ ဖြစ်ပါတယ်။ လက်သည်းဆိုးဆေးအသုံးပြုတဲ့ အမျိုးသမီး ၂၄ ဦးကို စမ်းသပ်လိုက်တဲ့အခါ သူတို့ကိုယ်ခန္ဓာထဲမှာ ဓာတုအဆိပ်တွေ ပျံ့နှံ့နေတာ တွေ့ရတယ်။ အဲဒီအဆိပ်တွေ ဘယ်ကရလာသလဲ ရှာဖွေလိုက်တော့ ခြေသည်း လက်သည်းဆိုးတဲ့ ဆိုးဆေးတွေကတစ်ဆင့် ရရှိလာကြတာဖြစ်ပါတယ်။ လက်သည်းဆိုးဆေးဆိုးအပြီး ၁၀ နာရီကြာတဲ့အခါ ထရိုင်ဖီနိုင်းဖော့စဖိတ်ဆိုတဲ့ ဓာတုအဆိပ်ရဲ့ လက္ခဏာတွေကို အဲဒီစမ်းသပ်မှုပြုလုပ်ခံခဲ့တဲ့ အမျိုးသမီးတွေဆီမှာ တညီတညွတ်တည်း ၁၀၀% ပြည့်ခံစားလာရတယ်။ စမ်းသပ်မှုအပြီး အဲဒီလို အဆိပ်သင့်လက္ခဏာတွေ တွေ့ရကြောင်း ခိုင်မာတဲ့ ကောက်ချက်ချထားတဲ့အတွက် ဒါဟာ လက်သည်းဆိုးဆေး သုံးစွဲသူအမျိုးသမီးအားလုံးကို သတိပြုဆင်ခြင်ဖို့ တပ်လှန့်နှိုးဆော်လိုက်တာပါပဲ။ အဲဒီနောက် ပြန်ခေါ် (Followup study) စစ်ကြည့်တဲ့အခါမှာလည်း အမည်ကွဲလက်သည်းဆိုးဆေးသုံးသူ ၈ ယောက်မှာ အဆိုပါ ထရိုင်ဖီနိုင်းဖော့စဖိတ်အဆိပ်ကို စမ်းသပ်တွေ့ရှိရတယ်။ ကျန်တဲ့ ၂ ယောက်သုံးတဲ့ လက်၊ ခြေသည်းဆိုးဆေး ပုလင်းပေါ်မှာ အဲဒီဓာတုပစ္စည်းပါဝင်တယ်လို့ ရေးမထားပေမယ့် သူတို့ခန္ဓာကိုယ်ထဲမှာလည်း ထရိုင်ဖီနိုင်းဖော့စဖိတ်ဓာတုအဆိပ်တွေရှိနေတာ တွေ့ရတာပါပဲ။ ဆိုလိုတာက ပုလင်းပေါ်မှာ ပါဝင်ပစ္စည်းထည့်မရေးထားလည်း လက်သည်းခြေသည်းဆိုးဆေးတိုင်းမှာ အဲဒီဓာတုအဆိပ်ကတော့ ပါဝင်စမြဲဖြစ်နေတာကို ဖော်ပြနေတယ်။ ထရိုင်ဖီနောဖော့စဖိတ် (အတိုကောက် TPHP) က လူကိုယ်ခန္ဓာရဲ့ ပြွန်မဲ့ဂလင်းအဖွဲ့ (အင်ဒိုခရိုင်း Endocrine System) ကို လုပ်ငန်းတာဝန်တွေ ကမောက်ကမဖြစ်အောင် ဟော်မုန်းတွေ ကပြောင်းတိကပြောင်းပြန်မဖြစ်အောင်နှောက်ယှက်ဖျက်ဆီးပစ်ပါတယ်။ အထက်ပါ သုတေသန အဖွဲ့ခေါင်းဆောင် Dr Heather Stepleton ပြောခဲ့တာက (TPHP) ဓာတုအဆိပ်တွေဟာ ကိုယ်တွင်းဟော်မုန်းတွေရဲ့ ထိန်းချုပ်မှုမက်တာဘော်လဇင် ခေါ် ဇီဝကမ္မပုံမှန်ထိန်းကျောင်းမှု၊ မျိုးဆက်ပွားမှု၊ ကြီးထွားဖွံ့ဖြိုးမှု စတဲ့ ဟော်မုန်းတွေရဲ့ အရေးကြီးလုပ်ငန်းတွေအပေါ်မှာ ထိခိုက်စေတဲ့ သက်သေသက္ကာရတွေ ပိုမိုတွေ့လာရတယ် လို့ ပြောခဲ့တယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲဆယ်ကျော်သက်မိန်းကလေးတွေရဲ့ မျိုးပွားအင်္ဂါတွေနဲ့ ကြီးထွားဖွဲ့ဖြိုးမှုဆိုင်ရာ ကိစ္စတွေမှာ ဒီလက်သည်းခြေသည်းဆိုးဆေးတွေက အတော်လေး အန္တရာယ်ပေးတယ်ဆိုတာ သတိပေးလာကြတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလက်သည်းခြေသည်း ဆေးဆိုးသူအားလုံးကို ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ပေးမှာကတော့ သေချာပါတယ်။ TPHP ဓာတုအဆိပ်က အောက်ပါအတိုင်း ကိုယ်ခန္ဓာကို အဆိပ်သင့်စေပါတယ်။ လက်သည်းခြေသည်းဆိုးဆေးတွေမှာ အောက်ပါအဆိပ်သင့်စေတဲ့ ဆိုးကျိုးတွေလည်း ပါဝင်နေကြတယ်။ ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်တဲ့ neurotoxin အာရုံကြောအဆိပ်တွေ ပြွန်မဲ့ဂလင်းအဖွဲ့အစည်းကို ထိခိုက်စေတဲ့ Endocrine toxin မျိုးဆက်ပွားအင်္ဂါအဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေတဲ့ Reproductive toxin အရေပြားကို ဓာတ်မတည့် ယားယံစေတဲ့ Skin irritant & Allergen စတဲ့ မကောင်းကျိုးတွေအကုန်ဖြစ်လာစေပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်း ကြီး/ ငယ်မဟူ အဲဒါတွေပါတဲ့ လက်သည်းခြေသည်းဆိုးဆေးတွေကို မသုံးစွဲဖို့ ဆင်ခြင်သင့်ပါတယ်။ ကင်ဆာဖြစ်စေတယ်လို့ လူသိများတဲ့ ကာစီနိုဂျင်ဖော်မယ်ဒီဟိုက်ဟာ လက်သည်းခြေသည်းဆိုးဆေးထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး လေထဲ၊ ရေထဲမှာလည်း ပျော်ဝင်နိုင်တယ်။ အဲဒါပါဝင်လို့လည်း အဲဒီဆိုးဆေးတွေဟာ စူးစူးရှရှ အနံ့ဆိုးရွားကြတာပါ။ အဲဒီအနံ့ရရုံနဲ့ လည်ချောင်းထဲ ရှတတနဲ့ ဆို့နင့်နင့် ခံစားရစေတယ်။ ပန်းနာရင်ကျပ်ဖြစ်စေတယ်။ အသက်ရှူရခက်ခဲစေတယ်။ နဂိုကတည်းက နာတာရှည်ရောဂါတွေ ခံစားနေရသူတွေအတွက်ဆိုရင် ဖော်မယ်ဒီဟိုက် အဆိပ်သင့်ခြင်းကို အလွယ်တကူခံစားရစေတယ်။ ပန်းနာရင်ကျပ်ဖြစ်စေတယ်။ အသက်ရှူရခက်ခဲစေတယ်။ နဂိုကတည်းက နာတာရှည်ရောဂါတွေ ခံစားနေရသူတွေအတွက်ဆိုရင် ဖော်မယ်ဒီဟိုက်အဆိပ်သင့်ခြင်းကို အလွယ်တကူခံစားရစေတယ်။ ပန်းနာရင်ကျပ်နဲ့ အလာဂျီရှိသူတွေအနေနဲ့ ကိုယ်တိုင်သုံးဖို့ မဆိုထားနဲ့ လက်သည်းဆိုးဆေးဆိုင်အနီးတောင် မနေထိုင်သင့်ဘူး။ ဖော်မယ်ဒီဟိုက်ဆိုတာက လူသေအလောင်းတွေကို မပုပ်သိုးအောင် ဆေးစိမ်တဲ့ ဖော်မလင်လို့ ခေါ်တဲ့ဓာတုပစ္စည်းဖြစ်တယ်။ သေသူကိုတော့ ဒုက္ခမပေးပေမယ့် အဲဒါတွေကို ကိုင်တွယ်တဲ့ မော်ကျူရီဝန်ထမ်းတွေကို အကာအကွယ်မပါရင် ဖော်မလင်ကြောင့် ကင်ဆာအမျိုးမျိုးဖြစ်ပွားစေနိုင်ပါတယ်။ Toluene ဓာတုအဆိပ်က ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားတယ်။ လက်သည်းခြေသည်း မပြတ်ဆိုးတဲ့ မိခင်တွေရဲ့ နို့ထဲမှာလည်း အဲဒီ Toluene ကို မိခင်နို့ထဲမှာ စမ်းသပ်တွေ့ရှိရတယ်။ အဲဒါနဲ့ ထိတွေ့မိသူတွေမှာ အရေပြားနီရဲရောင်ရမ်း ယားယံတာတွေလည်း ဖြစ်လာစေတယ်။ တချို့ ကုမ္ပဏီတွေက TPHP အစား Dibutyl Phthalate ကို အစားထိုး ထည့်ထုတ်လုပ်ကြတယ်။ ဒါကလည်း သူ့ထက်ကဲ ရွှေပြည်စိုးဆိုတာလို ကျန်းမာရေးကို ထိခိုက်စေတာပါပဲ။ အဲဒီဒိုင်ဗျူတိုင်ဖသာလိတ် (Dibutyl Phthalate) အဆိပ်အတောက်ကလည်း ဟော်မုန်းတွေနဲ့ မျိုးပွားအင်္ဂါအဖွဲ့ကို အနှောင့်အယှက်ပေးနိုင်ပြန်ပါတယ်။ Credit : ဒေါက်တာ အေးမြချယ်


Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18