Print

ဝက်ခြံကို ပိုဆိုးစေတဲ့ အသားအရည် ထိန်းသိမ်းမှု အလွဲများ

  28-Oct-2020
Preview Image

ဝက်ခြံကို ပိုဆိုးစေတဲ့ အသားအရည် ထိန်းသိမ်းမှု အလွဲများ


          နေ့စဉ် အသားအရည် ထိန်းသိမ်းတဲ့ မျက်နှာ သစ်တာကတောင် နည်းလမ်း မမှန်ရင် ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ အသားအရည်ထိန်းသိမ်း မှုတွေ လုပ်နေရင်းနဲ့ ဝက်ခြံ မသက်သာဘူးဆိုရင် ဒီအချက်တွေရှိလုပ်မိနေလားဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။


) မိတ်ကပ်ဖျက်ဆေးများ

          မိတ်ကပ်ဖျက်ဆေးတွေဟာ ဝက်ခြံကို တိုက်ရိုက် မပေါက်စေနိုင်ပေမယ့်  ဒါတွေကို အသုံးပြုပြီးတဲ့ အခါ မျက်နှာမှာ ဖုန်နဲ့ အညစ်အကြေးတွေ ကပ်ကျန်နေစေပြီး ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။ အရေပြားကို ခြောက်သွေ့စေနိုင်ပြီး ထိခိုက်လွယ်တဲ့ အသားအရည် ပိုင်ရှင်တွေ မှာ အရေပြားကို ရောင်ယမ်းစေပြီး ချွေးပေါက်တွေကို ပိတ်စေနိုင်ပါတယ်။


)နေရောင်ကာ ခရင်မ် မှားယွင်းအသုံးပြုခြင်း

          အသားအရည်ကို နေရောင်က ကာကွယ်ဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် တချို့ နေရောင်ကာ ခရင်မ်တွေက ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။ အထူးသဖြင့် ဆီကို အခြေခံတဲ့ နေရောင်ကာ ခရင်မ်တွေက မသက်မသာဖြစ်စေပြီး ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။


) မျက်မှန်ကို သန့်ှရှင်းရေး မလုပ်ခြင်း

          မျက်မှန်ကို ပုံမှန်သန့်ရှင်းမှု မပြုလုပ်ဖူးဆိုရင် မျက်မှန် ဘောင်နားတဝိုက်မှာ ဝက်ခြံတွေပေါက်လာနိုင်ပါတယ်။ ဒါ့အပြင် မျက်မှန်က တင်းကျပ်လွန်းနေရင်လည်း ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။


)မျက်နှာကို အကြိမ်များစွာ သစ်ခြင်း

           မျက်နှာသစ်တာဟာ ဝက်ခြံ ကာကွယ်နိုင်ဖို့ အရေးပါပါတယ်။ဒါပေမယ့် အကြိမ်ရေများစွာ သစ်ရင်တော့ အရေပြားကို ခြောက်သွေ့စေတာကြောင့် အဆီဂလင်းတွေက အဆီထုတ်လုပ်မှု ပိုများလာပြီး ဝက်ခြံပိုမိုထွက်စေနိုင်ပါတယ်။


) ဆံကေသာ ထိန်းသိမ်းမှု ပစ္စည်း အများအပြားအသုံးပြုခြင်း

          ဆံသားကို ချော်မွေ့စေတဲ့ အလှကုန်တွေက လည်း ဆံသား နဲ့ မျက်မှာ ထိစပ်တဲ့ နေရာမှာ ဝက်ခြံပေါက်ကွားစေနိုင်ပါတယ်။ ဒီလိုအလှကုန်တွေ အရေပြားနဲ့ ထိတဲ့ အခါမှာ ချွေးပေါက်တွေကို ပိတ်စေပြီး အသားအရည်ကို ထိခိုက်နိုင်ပါတယ်။


) အပူချိန်မြင့်သော ရေနွေးဖြင့် မျက်နှာသစ်ခြင်း

          ရေ အပူချိန်မြင့်တဲ့ အခါမှာ အသားအရည်အတွက် လိုအပ်တဲ့ အဆီတွေကို ပျော်ဝင်သွားစေတာကြောင့် အသားအရည်ခြောက်သွေ့ပြီး ဝက်ခြံ ထွက်တက်ပါတယ်။


)လေ့ကျင့်ခန်းလုပ်ပြီး သေချာ ဆေးကြောသန့်ရှင်းမှု မပြုခြင်း

          ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပြီး ဆေးကြောသန့်ရှင်းမှု သေချာ မပြုလုပ်ဖူးဆိုရင် အရေပြားပေါ်မှာ ဘက်တီးရီးယားပိုးတွေ ပိုမိုပေါက်ပွားစေနိုင်ပြီး ဝက်ခြံ ပြသနာကို ပိုမိုဆိုးရွား လာစေနိုင်ပါတယ်။


Dr.Aung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18