Print

အကြည့်တစ်ချက်မှာတင် ငေးသွားစေမယ့် မျက်တောင်မွေးထူထူလေး

  07-Oct-2020
Preview Image

     မျက်လုံးလေး တစ်ချက်အဝင့်မှာ ငေးသွားအောင်လှတဲ့ အလှမျိုးကို ပျိုမေတိုင်း လိုချင်ကြမယ်ထင်ပါတယ်။ မျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်တိုက်တာ၊ မျက်တောင်တုတပ်တာ၊ မှောက်အိပ်တာ၊ Mascara ဆိုးတာတွေက မျက်တောင်မွေးရဲ့အလှကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။
    မျက်တောင်မွေးတွေ ရှည်စေဖို့ ဈေးကြီးတဲ့ Treatment တွေ ဓာတုပစ္စည်းတွေမပါဘဲ သဘာဝ နည်းလမ်းလေးတွေနဲ့ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ မျက်ခွံနဲ့ မျက်ခမ်းကို ညင်သာစွာ နှိပ်နယ်ပေးမယ်
    မျက်နှာပေါ်မှာ သွေးလည်ပတ်မှု အားကောင်းစေဖို့နဲ့ မျက်တောင်မွေးပေါက်တဲ့ Follicles တွေမှာ အာဟာရ ရစေဖို့ မျက်တောင်မွေးပေါက်တဲ့ မျက်ခွံနဲ့ မျက်ခမ်းနားကို ညင်သာစွာ နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။
၂။ ဆေးဖက်ဝင် ကြက်ဆူဆီ (Castor Oil)
    ဆေးဖက်ဝင် ကြက်ဆူဆီဟာ ရောင်ရမ်းမှုကို သက်သာစေတဲ့အပြင် ဗက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ ဒါ့အပြင် ဆံနွယ်တွေနဲ့ မျက်တောင်မွေးတွေအတွက်လည်း အံ့အားသင့်လောက်အောင် အကျိုးကျေးဇူးတွေ ရှိပါတယ်။ နားကလော်တံကိုယူပြီး ကြက်ဆူဆီထဲကို နှစ်ပေးကာ မျက်တောင်မွေးကို အဖျားမှ အရင်းထိ လိမ်းပေးပါ။ တစ်ပတ်ကို အကြိမ်အရေအတွက် များများပြုလုပ်ပေးနိုင်ပါတယ်။
၃။ ဗီတာမင် E
    ဆေးတောင့်တွေ စားသုံးပေးရမှာဖြစ်သလို ဆေးတောင့်ကိုဖွင့်ပြီး အဆီကိုမျက်တောင်မွေးအရင်းကနေ အဖျားထိလိမ်းပေးပါ။ မျက်လုံးကို ဗီတာမင် E အဆီ မဝင်ဖို့ သတိထားရပါမယ်။ တကယ်လို့ မျက်လုံးထဲ ဝင်သွားခဲ့ရင် မျက်လုံးကို မြန်မြန်ဆေးကြောပါ။
၄။ ရှားစောင်းလက်ပပ်
    အိပ်ရာ မဝင်ခင်မှာ ရှားစောင်းလက်ပပ်အနှစ်နဲ့ မျက်တောင်မှာ လိမ်းထားတဲ့ Mascara ကို ဖယ်ရှားပေးရပါမယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်ကို ဖျော်ရည်လုပ်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။
၅။ လက်ဖက်စိမ်း (Green Tea)
    ကဖင်းဓာတ်နဲ့ Flavonoid ဓာတ်တွေကို လက်ဖက်စိမ်းတွေမှာ တွေ့ရလေ့ရှိပြီး အမွေးအမှင်တွေ ရှည်လျားဖို့အတွက် လှုံ့ဆော်ပေးနိုင်ပါတယ်။ တကယ်လို့ လက်ဖက်စိမ်းကို သောက်ရတာမကြိုက်ဘူးဆိုရင်လည်း ရေနွေးထဲမှာ လက်ဖက်စိမ်းထုပ်ကို နှစ်လိုက်ပါ။ အဲဒီနောက်အေးအောင်ထားပြီး မျက်လုံးပေါ်မှာ တင်ပေးထားပါ။
၆။ ကျန်းမာစေတဲ့ အစားအစာများ
    အမွေးအမှင် (မျက်တောင်မွေးကို) ရှည်လျားစေရုံသာမက ကျန်းမာစေတဲ့ အစားအစာကလည်း အသားအရေအတွက်ရော ကျန်းမာတဲ့ဆံသား (မျက်တောင်မွေး)တွေ ရဖို့အတွက်ရော အရေးကြီးပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကို စားသုံးပေးရပါမယ်။
၇။ မိတ်ကပ်ကို ဖျက်ပါ
    မိတ်ကပ်က ချွေးပေါက်ပိတ်စေတာကြောင့် ဖျက်ပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။ မျက်တောင်မွေးတွေမှာ မိတ်ကပ်မရှိမှ မျက်တောင်မွေးတွေက လျင်လျင်မြန်မြန်နဲ့ ရှည်လျားနိုင်မှာပါ။ Mascara ဆိုးတာမျိုးမလုပ်ရင်တော့ မျက်တောင်မွေးရှည်လျားဖို့ ပိုပြီး အကျိုးသက်ရောက်မှုရှိပါတယ်။
၈။ မျက်လုံးပွတ်တတ်တဲ့ အကျင့်ကိုရပ်ပါ။
    အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို တစ်ခုမှ လိုက်မနာနိုင်ရင်တောင် ဒီတစ်ခုကိုတော့ စာဖတ်သူတွေလိုက်နာသင့်ပါတယ်။ မျက်လုံးယားလို့ပဲဖြစ်ဖြစ် တစ်ခုခုကိုအထာမကျလို့ပဲဖြစ်ဖြစ် မျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်တာဟာ မျက်တောင်မွေးတွေကို ဆိုးဆိုးရွားရွားပျက်စီးစေပါတယ်ဆိုတာ တင်ပြပေးလိုက်ရပါတယ်။
Credit – Original Writer




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18