Print

အရေပြားအတွက် Moisturizer အသုံးပြုပုံ

  26-Aug-2020
Preview Image

ခြောက်သွေ့ပြီး ထိရှလွယ်သော အသားအရေအတွက်

၁။ ထောပတ်ဆီ ပန်းကန်လုံးနှင့် တစ်လုံး။

၂။ ဖယောင်း ပန်းကန်လုံးနှင့် တစ်လုံး။

၃။ ဗီတာမင်အီး ဆေးတောင့် သုံးတောင့်။

၁။ ဒယ်ပိုင်းတစ်ခုထဲတွင် ထောပတ်ဆီနှင့် ဖယောင်းတို့ကို ရော၍ထည့်လိုက်ပါ။ ထို့နောက် ဗီတာမင်အီးဆေးတောင့်များကို ဖောက်၍ ၎င်းထဲသို့ ရောထည့်လိုက်ပါ။

၂။ မီးအေးအေးဖြင့် ဖယောင်းများအရည်ပျော်လာသည်အထိ အပူပေးထားပါ။ ၎င်းနောက် အအေးခံပြီး ဖန်ပုလင်းတစ်လုံးထဲတွင် ထည့်၍ အသုံးပြုပါ။


သာမန်အသားအရေအတွက် နည်း(၁)

-       နှင်းဆီရည် ပန်းကန်လုံးတစ်လုံး

-       နှင်းဆီပွင့်ချပ်များ ပန်းကန်လုံးတစ်လုံး

-       ဂရစ်ဆရင်းအနည်းငယ်

-       ရှားစောင်းလက်ပပ်အရည်အနည်းငယ်


၁။ နှင်းဆီရည်နှင့် ပွင့်ဖတ်များကို ဒယ်ပိုင်းတွင်ထည့်၍ ဆူပွက်လာအောင် မီးအပူပေးပါ။

၂။ ထို့နောက် မီးဖိုပေါ်မှ ချပြီး အအေးခံပါ။

၃။ အေးသွားလျှင် ၎င်းအရည်ထဲမှ နှင်းဆီပွင့်ဖတ်များကို ဖယ်ထုတ်လိုက်ပါ။

၄။ ပြီးလျှင် ဂလစ်ဆရင်းနှင့် ရှားစောင်းလက်ပပ်ရည်ကို အအေးခံထားသည်နှင့် နှင်းဆီရည်ထဲသို့ ရောထည့်ပါ။ ထို့နောက် ဖန်ပုလင်းတစ်လုံးထဲတွင် လုံအောင်အဖုံးပိတ်၍ ထည့်ကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ။ လိုအပ်သော အချိန်တွင် မျက်နှာပြင်အတွက် moisturizer အဖြစ် အသုံးပြုနိုင်ပါပြီ။


နည်း (၂)

-       Jojiba ဆီ စားပွဲတင်ဇွန်း ခြောက်ဇွန်း

-       ဗီတာမင် အီး၊ အဆီ၊ စားပွဲတင်ဇွန်းတစ်ဇွန်း သို့မဟုတ် ဆေးလုံးနှစ်လုံး

-       ဖယောင်းစားပွဲတင်ဇွန်း နှစ်ဇွန်း

-       ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်းတစ်ဇွန်း

-       နှင်းဆီရည် စားပွဲတင်ဇွန်းနှစ်ဇွန်း

-       ကရမက်အဆီ ရှစ်စက်

၁။ Jojobai ဗီတာမင် အီးနှင့် ဖယောင်းတို့ကို ရော၍ ဇလုံတစ်လုံးတွင် ထည့်ထားပါ။

၂။ မတိမ်လွန်းသော ဒယ်ပိုင်းတစ်ခုတွင် ရေထည့်ပြီး ဆူပွက်လာအောင် မီးအပူပေးပါ။ ဇလုံကို ဒယ်ပိုင်းထဲရှိ ရေဆူဆူထဲတွင်ထည့်၍ ဖယောင်းများ အရည်ပျော်လာသည်အထိ မီးအပူပေးပါ။

၃။ ဖယောင်းအရည်ပျော်လာလျှင် ဇလုံကိုဒယ်ပိုင်းထဲမှ ထုတ်ယူ၍ အအေးခံထားပါ။ ထိုအခါ ဖယောင်းများ စေးကပ်လာပါလိမ့်မယ်။

၄။ ရှားစောင်းလက်ပပ်အနှစ်နှင့် နှင်းဆီရည်တို့ကို ၎င်းဇလုံထဲထည့်၍ ဖယောင်းများနှင့်သမအောင် ခပ်ကြာကြာရောမွှေပေးပါ။

၅။ ထို့နောက် ၎င်းထဲသို့ ကရမက်အဆီကို ရောထည့်ပြီးပြီဆိုလျှင်ဖြင့် အဆင်သင့် အသုံးပြုနိုင်သော moisturizer ရပါပြီ။

၆။ အကယ်၍ အရေပြားအလွန်ခြောက်သွေ့သောသူဖြစ်ပါက အထက်တွင်ဖော်ပြထားသောာ နည်း (၂) ကို နံနက်ပိုင်း၌သာ အသုံးပြုပေးဖို့ အကြံပေးပါရစေ။


အဆီပြန်ပြီး အဖုအပိမ့်ရှိသော အသားအရေအတွက်

နည်း (၁)

၁။ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

၂။ ရှောက်သီး တစ်ခြမ်း

၃။ ဒိန်ချဉ် စားပွဲတင်ဇွန်း သုံးဇွန်း

၄။ ကြက်ဥအကာ တစ်လုံး

-       ရှောက်သီးတစ်ခြမ်းကို အရည်ညှစ်ပါ။

-       ကြက်ဥကို ပန်းကန်တစ်လုံးတွင် ဖောက်ထည့်၍ အကာကိုသာ အသုံးပြုပါ။ အထက်ပါ လေးမျိုးကို သမအောင် ရောမွှေ၍ မျက်နှာပြင်ပေါ် ၁၅ မိနစ်ခန့် လိမ်းထားပေးပါ။ ပြီးမှ ရေနွေးနှင့် ဆေးကြောသန့်စင်ပေးပါ။


နည်း (၂)


၁။ ဗာဒံစေ့အဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း

၂။ သံလွင်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း

အထက်ပါ နှစ်မျိုးတို့ကို မျက်နှာပြင်ပေါ်တွင် စက်ဝိုင်းပုံ ညင်သာစွာ ပွတ်၍ လိမ်းပေးပါ။

Credit : ဝတီ

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18