Print

နုပျိုခြင်းယောဂ

  19-Aug-2020
Preview Image

          ဒီတစ်ပတ်တော့ Face Diet ခေါင်းစဉ်မှ (T – line Strengthening the Prominent Lip) နှုတ်ခမ်းသားများ တင်းရင်းလှပပေါ်လွင်သန်စွမ်းအောင် ကျင့်ပေးရတဲ့နည်းပါ။ လှတစ်မျက်နှာအတွက် နည်းလမ်းအသွယ်သွယ်ထဲက တစ်ခုရွေးချယ်ထားပါတယ်။ လွယ်ကူပေါ့ပါးလို့ လှတစ်မျက်နှာစာအတွက် ကျင့်သင့်ပါတယ်။ နှုတ်ခမ်းသားအလှကြောင့် မျက်နှာတစ်ခုလုံးပေါ်လွင်စေပါတယ်။ ငွေကုန်ကြေးကျမရှိဘဲ ပျိုမေတို့ လုပ်နိုင်သလောက် အကျိုးရကြမှာပါ။ အခုပဲ စမ်းကျင့်ကြည့်ရအောင်နော်။


T-line strengthening the Prominent Lip

၁။ ပါးစပ်ဟပြီး ဘေးကားသွားအောင် နှုတ်ခမ်းသားတင်းထားပါ။ (၂ ကြိမ်)

၂။ နှုတ်ခမ်းစူပြီး ဝလုံးသဏ္ဍာန်စုပေးပါ။ (၂ ကြိမ်)

၃။ ညာလက်မနဲ့ လက်ညှိုးအထက် နှုတ်ခမ်းသားတစ်ပြင်လုံး ညှစ်ပေးပါ။ (၃ ကြိမ်)

၄။ အောက်နှုတ်ခမ်းသားတစ်ပြင်လုံး လက်မနှင့် လက်ညှိုးညှစ်ပေးပါ။ (၃ ကြိမ်)

၅။ နှုတ်ခမ်းသားအထက်အောက် ပတ်ပတ်လည်ညှစ်ပေးပါ။ (၃ ကြိမ်)


T-line Round Big Eyes

          ရွှန်းစိုဝင်းလဲ့မျက်လုံးပိုင်ရှင်အဖြစ် ပိုင်ဆိုင်ချင်သလား? မခက်ခဲပါ။

၁။ နှာတံကြား မျက်လုံးပိတ်ပြီး လက်မနှစ်ဖက်ဖြင့် အသာအယာဖိနှိပ်ပေးပါ။ (၃ ကြိမ်)

၂။ မျက်လုံးအောက် လက်ခလယ်နဲ့ ဖိနှိပ်ပါ။ (၃ ကြိမ်)

၃။ လက်ညှိုးနဲ့ လက်မနှစ်ဖက် မျက်ခုံးမွှေးပေါ်တစ်လျှောက် ဖိနှိပ်ပေးပါ။ (၃ ကြိမ်)

၄။ နဖူးပေါ်လက်လေးချောင်းတွန်း၍ ဆံစထိ ဖိနှိပ်ပေးပါ။ (၅ ကြိမ်)

၅။ လက်ဖဝါး ၂ ဖက်မျက်လုံးသာသာလေး ဖိအုပ်ပေးပါ။ (၅ ကြိမ်)

Credit : YOGA နန်းဖောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18