Print

နှုတ်ခမ်းများမှတဆင့် သင့်ကျန်းမာရေးအကြောင်းကို ပြောပြနေတဲ့အချက်များ

  31-May-2020
Preview Image

၁- နှုတ်ခမ်းထောင့်မှ အက်ကွဲရာများ

တံထွေးတွေ သင့်ရဲ ့နှုတ်ခမ်းထောင့်နေရာတွေမှာ စုမိသွားတဲ့အခါ အရေပြားကို ခြောက်စေပြီး ကွဲအက်စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နှုတ်ခမ်းကို လျှာနဲ ့လျက်တဲ့အခါ နှုတ်ခမ်းထောင့်တွေဟာ ပူနွေးစိုစွတ်လာတာကြောင့် ပိုးတွေပေါက်ဖွားဖို့အခြေအနေတွေကို ဖန်တီးလိုက်သလိုဖြစ်သွားနိုင်ပါတယ်။


၂-ခြောက်သွေ့ကြမ်းတမ်းသော နှုတ်ခမ်းများ

နှုတ်ခမ်းတွေခြောက်နေတာဟာ ခန္ဓာကိုယ်မှာ အစိုဓာတ်နည်းပါးနေတာကို ညွှန်ပြနေပါတယ်။ ဒါဟာ ရာသီဥတု သို့မဟုတ် စိတ်ဖိစီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရေများများသောက်တာတို့၊ အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်တွေလိမ်းတာတို ့လုပ်ပေးပါ။ အလာဂျစ်ဓာတ်မတည့်တာမျိုးရှိတဲ့အခါမှာလည်း နှုတ်ခမ်းတွေကြမ်းတမ်းနိုင်ပါတယ်။ သင့်မှာ အခြားဓာတ်မတည့်တဲ့လက္ခဏာတွေ (ဥပမာ ယားယံတာတွေ) ရှိသလား သတိထားကြည့်ပါ။


၃-နှုတ်ခမ်းပေါ်က အဖုသေးသေးလေးများ

ဒီအဖုလေးတွေဟာ နာတာ သို့မဟုတ် ကသိကအောက်ဖြစ်တာတို့ဖြစ်နိုင်ပေမယ့် များသောအားဖြင့်အန္တရာယ်မရှိသလို ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါတယ်။ အစားအစာဓာတ်မတည့်တဲ့အခြေအနေမျိုးမှာ ဒီလိုအဖုလေးတွေပေါက်နိုင်သလို ရှားပါးတဲ့အခြေအနေမျိုးဖြစ်တဲ့ ရေယုန်ဗိုင်းရပ်စ်ပိုးဝင်တဲ့အခါမှာလည်းပေါက်နိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာတော့ သင့်တော်တဲ့ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။


၄- နှုတ်ခမ်းပတ်ပတ်လည်က အနီရောင်အဝိုင်း

နှုတ်ခမ်းပတ်ပတ်လည်မှာ အနီရောင်အဝိုင်းတွေ အဖြစ်များတဲ့အကြောင်းအရင်းကတော့ နှုတ်ခမ်းကို မကြာခဏလျက်တဲ့သူတွေဖြစ်တတ်တဲ့ အရေပြားရောင်ရမ်းခြင်းကြောင့်ပါ။ နှုတ်ခမ်းကို မကြာခဏလျက်ခြင်းဟာ နှုတ်ခမ်းပတ်လည်က အရေပြားရဲ့သဘာဝအဆီတွေကိုခမ်းခြောက်စေပြီး အရေပြားနီတာ၊ယားတာတွေဖြစ်စေပါတယ်။

 

၅- အပေါ်နှုတ်ခမ်းကအရေတွန် ့များ

သင်ဟာ အပေါ်နှုတ်ခမ်းပေါ်က အတွန့်တွေကိုသတိထားမိတယ်ဆိုရင် ဒါဟာ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဖျော်ရည်ပိုက်ကို အသုံးပြုပြီး ဖျော်ရည်အများကြီး စုပ်သောက်တာတွေ သို့မဟုတ် စိတ်ဖိစီးမှုများလို့ဆေးလိပ်အလွန်အကျွ ံသောက်တာတွေ စတဲ့အကျင့်ဆိုးတွေကို သတိထားပေးပါ။


၆-နှုတ်ခမ်းအရောင်ပြောင်းခြင်း

အပြာရောင်နှုတ်ခမ်းတွေဟာ သွေးထဲမှာအောက်ဆီဂျင်နည်းနေတာကို ညွှန်ပြနေတာဖြစ်ပြီး လက်ချောင်းတွေ ခြေချောင်းတွေမှာလည်း ပြာနေတတ်ပါတယ်။

နှုတ်ခမ်းတွေဖြူဖျော့နေတာက သွေးအားနည်းတာကို ညွှန်ပြနေပြီး ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ သွေးသကြားဓာတ်နည်းတာတို့၊သွေးလည်ပတ်မှုမှာပြဿနာရှိတာတို ့နဲ့ ဗီတာမင်ချို့တဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။


၇-နှုတ်ခမ်းရောင်ခြင်း

နှုတ်ခမ်းရောင်တာဟာ ဓာတ်မတည့်ခြင်းရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ တကယ်လို့အလှကုန်ပစ္စည်းတွေ သုံးရင်းနဲ့နှုတ်ခမ်းကပိုကြီးလာခဲ့တာမျိုးရှိရင် အဲဒီအမျိုးအစားတွေကို ဆက်မသုံးသင့်ပါဘူး။ ဓာတ်မတည့်လို့ဖြစ်တာဆိုရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။


၈- နှုတ်ခမ်းပေါ်က အနက်ရောင်အစက်များ

နှုတ်ခမ်းပေါ်မှာ အနက်ရောင်အစက်တွေဖြစ်ပေါ်ရတဲ့အကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်ဆီသွားပြီး ရောဂါအဖြေကိုရှာကြည့်ပါ။

ရောင်ခြယ်ပစ္စည်းပါဝင်မှုများခြင်း (hyperpigmentation) ဟာ အညိုရောင်အကွက်တွေကိုဖြစ်စေနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ဒါဟာနှုတ်ခမ်းတွေပေါ်မှာသာမကပဲ ပါးတွေ၊နှာခေါင်းတွေနဲ့နဖူးပေါ်မှာလည်း တွေ့ရတတ်ပါတယ်။

နေရောင်ကြောင့်ဖြစ်တဲ့ အစက်တွေကလည်း အကြောင်းအရင်းတစ်ခုပါပဲ။ တကယ်လို့ ကင်ဆာအကြိုအဆင့်လို့ထင်ခဲ့တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့အရေးကြီးပါတယ်။

Dr. MMO

Ref: Brightside



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18