Print

သွယ်လျလှပစေရန် အစဉ်လိုက်နာသင့်သော နည်းလမ်းများ

  24-May-2020
Preview Image

ကိုယ်အလေးချိန်လျှော့ချပြီးသွယ်လျ လှပလိုသူတွေအတွက် ကူညီပေးနိုင်မယ့် အောက်ပါနည်းလမ်းတွေကအမြဲလိုက်နာနိုင်ဖို့ ကြိုးစားရအောင်….


တဇွတ်ဇွတ်စားခြင်းမှ ရှောင်ပါ

    တဇွတ်ဇွတ်စားသုံးတာဟာ ကိုယ်အလေးချိန်ကို တက်စေပါတယ်။  ကိုယ်အလေးချိန်ကို ထိန်းမရသူတွေရဲ့ အဓိက အကြောင်းတစ်ချက်လို့လည်းဆိုနိုင်ပါတယ်။


ရေများများသောက်ပါ

     ကိုယ်အလေးချိန်လေလျှော့ချဖို့က ရေသောက်တာက အဓိကအချက်တစ်ချက်ပါ။ ရေက ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေကို ဆီးထဲကတစ်ဆင့် ဖယ်ရှားပေးပါတယ်။ တစ်နေ့ကို ရေ ၄-၅ လီတာသောက်ပါ။


ကာဗိုဟိုက်ဒရိတ် လျော့စားပါ

ထမင်းမှာကာဗိုဟိုက်ဒရိတ်များစွာပါ ဝင်လို့ကယ်လိုရီများစွာ ရစေပါတယ်။ ထမင်း လျော့စားတာကကိုယ်အလေးချိန်လျော့ကျစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။


ပရိုတင်း ပိုစားပါ

   ကြွက်သားတည်ဆောက်ဖို့ အတွက် ပရိုတင်းလိုအပ်ပြီး ခန္ဓာကိုယ်တွင်း အဆီတွေကိုလည်း ချေဖျက်ပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို လျော့စားပြီး အဲ့ဒီအစား ပရိုတင်းကို ပိုစားပါ။


အမျှင်ဓာတ်များများစားပါ

    အမျှင်ဓာတ်ကကိုယ်အလေးချိန်လျော့ကျစေတဲ့ အကောင်းဆုံး အရင်းအမြစ်တစ်ခုပါ။ အမျှင်ဓာတ်များစွာရရှိနိုင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲမျိုးစုံကို စားသုံးတာကြောင့် ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ ကိုလက်စထေရောတွေကို လျော့နည်းစေတဲ့ အပြင် ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။


ဝမ်းမချုပ်ပါစေနှင့်

     ဝမ်းချုပ်တာက ကိုယ်အလေးချိန်လျှော့ချရာမှ နှောင့်နှေးစေတဲ့ အကြောင်းတစ်ချက်ပါ။ ဝမ်းချုပ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေ စုပုံနေလိုပါ။


အဆင်သင့်စာတွေကို ရှောင်ပါ။

    ကိုယ်အလေးချိန် ကျဆင်းလိုတယ်ဆိုရင် အဆင့်သင့်စာတွေ စားသုံးမှုကနေရှောင်ဖို့ လိုပါတယ်။ ပီဇာ၊ ဘာဂါ၊ ဝက်အူချောင်း စတာတွေထဲမှာ အာဟာရတန်ဖိုးထက် အဆီပါဝင်မှုများပါတယ်။ အဆင်သင့် အစာတွေ စားသုံးတာက ကိုယ်အလေးချိန်တက်စေတဲ့ အဓိကအချက်ပါ။


အချိုစာ လျှော့စားပါ

    အချိုစာ၊ အဆီများတဲ့ အစာနဲ့၊ ဆီကြော်စာတွေက ကိုယ်အလေးချိန် တက်စေလို့ အဲ့ဒီအစာတွေအစားအချိုနည်းတာ၊ အဆီမပါတာ၊ ကြော်စားမယ့် အစား ချက်ပြုတ်စားပါ။


သင့်တင့်သော လေ့ကျင့်ခန်းလုပ်ပါ

      အစာဘယ်လောက်ပဲ လျော့လျော့ လေ့ကျင့်ခန်းလုပ်ဆောင်ပါက ကျစ်ကျစ် လျစ်လျစ်နဲ့ ပိန်သွယ်လှပစေမှာပါ။ အားကစားခန်းမ သွားပြီးလေ့ကျင့်ခန်းတွေ လုပ်ဆောင်မှ မဟုတ်ပါဘူး။ အိမ်မှာပဲ တစ်နေ့ကို ၁၀-၁၅ မိနစ်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပေးပါ။


အရည်ရွှမ်းသော သစ်သီးစားပါ

    အရည်ရွှမ်းတဲ့ ဖရဲသီး၊ သခွားသီး၊ သင်္ဘောသီး စတဲ့ သစ်သီးတွေ စားသုံးတာက ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်၊ သတ္တု ဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေများစွာ ရရှိစေပါတယ်။ ညနေပိုင်း ညစာမစားခင်မှာစားသုံးပါ။


ကာဗွန်ဖြည့်စွက်ထားသော အချိုရည်များကိုရှောင်ပါ

    ကိုကာကိုလာ၊ ဆိုဒါရည်၊ ပက်စ်စီစတဲ့ကာဗွန်ဖြည့်စွက်ထားတဲ့ အချိုရည်တွေကို ကိုယ်အလေးချိန်လျှော့ချနေချိန်မှာ ရှောင်ရပါမယ်။ ကိုယ်အလေးချိန် လျှော့ချလိုသူတွေအနေနဲ့ သံပုရာရည်၊ လက်ဖက်စိမ်းရည်၊ အုန်းစိမ်းရည်တွေက သောက်သုံးဖို့ အသင့် တော်ဆုံးပါ။

Credit

ဇာခြည်ဝင်း

(ဆေးဝါးတက္ကသိုလ်)

  

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18