Print

သင်ခန္ဓာကိုယ်က ဗီတာမင် A လိုအပ်နေပြီလို့ ပြောပြနေသော လက္ခဏာများ

  26-Apr-2020
Preview Image

          ခန္ဓာကိုယ်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကောင်းကောင်းမွန်မွန်လည်ပတ်နိုင်စေဖို့ ဗီတာမင် A လိုအပ်ပါတယ်။ ဗီတာမင် A ဟာ အမြင်အာရုံအတွက်သာမကပဲ သားသမီးရနိင်ခြေနဲ့ အသားအရည်ကောင်းမွန်စေဖို့အတွက်ပါအရေးပါပါတယ်။  ဒါကြောင့်မို့ ဗီတာမင် A ချို့တဲ့တဲ့ အခါမှာ ခန္ဓာကိုယ်မှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) အရေပြားခြောက်သွေ့ခြင်း

          ဗီတာမင် A ဟာ အသားအရည်ကို ပြုပြင်ပေးပြီး အစိုဓာတ်ကို ထိန်းပေးတဲ့ အဓိကဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် A ချို့တဲ့အခါ အသားခြောက်တာ ရောင်ရမ်း နီရဲလာတာ၊ယားယံတာတွေဖြစ်တတ်ပါတယ်။


၂)ညဘက် အမြင်အာရုံပျောက်ဆုံးခြင်း

          ဗီတာမင် A ချို့တဲ့ခြင်းရဲ့ တွေ့ရအများဆုံး လက္ခဏာဖြစ်ပါတယ်။ Nyctalopia လို့ခေါ်ပြီး အလင်းရောင်နည်းလာတဲ့ အခြေအနေမှာ အမြင်အာရုံသိသိသာသာ ကျဆင်းပြီး အရာဝတ္ထုတွေကို ခွဲခြားမမြင်ရတဲ့ ရောဂါဖြစ်ပါတယ်။


၃)ဝက်ခြံပေါက်ခြင်း

          ဗီတာမင် A ချို့တဲ့ခြင်းကြောင့် အရေပြားခြောက်သွေ့လာတဲ့ အခါ အဆီဂလင်းတွေကနေ အဆီကို ပိုထုတ်လာပါတယ်။ ဒီလိုအဆီပိုထုတ်လာတဲ့ အတွက်ကြောင့် ဝက်ခြံတွေ ပိုထွက်လာပါတယ်။


၄)ကလေးရရန်ခက်ခြင်း

          စုံတွဲတွေ ကလေးရရန်ခက်တဲ့ အကြောင်းအရင်းမှာ ဗီတာမင် A ချို့တဲ့ခြင်းလည်းပါဝင်ပါတယ်။ ဗီတာမင် Aဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးစလုံးရဲ့ မျိုးပွားအဖွဲ့အစည်း ပုံမှန် စွမ်းဆောင်နိုင်ဖို့ကူညီပေးပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း သားပျက်သားလျှောခြင်းကို ကာကွယ်နိုင်ဖို့အတွက် ဗီတာမင် A လိုအပ်တဲ့ပမာဏကို နေ့စဉ်မှီဝဲပေးသင့်ပါတယ်။


၅)အနာကျက်နှေးခြင်း

          အနာကျက်မြန်စေတဲ့ ကော်လဂျင်ဓာတ် ထုတ်လုပ်နိုင်ဖို့အတွက် ဗီတာမင် Aက ကူညီပေးပါတယ်။ ဒါကြောင့် အနာကျက်နှေးနေတယ်ဆို ဗီတာမင် A  ချို့တဲ့ခြင်းကလည်း အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတယ်။


၆)ကြီးထွားမှုနှေးခြင်း

          ကလေးကြီးထွားဖွံ့ဖြိုးဖို့ ကိုယ်ဝန်ဆောင်ကာလ သုံးလကနေ ကလေးတစ်နှစ်အထိ ဗီတာမင် A လုံလောက်စွာရဖို့ အရေးကြီးပါတယ်။ ဗီတာမင် A ဟာ ကလေးငယ်ရဲ့ အမြင်အာရုံ ၊ခုခံအားစနစ်နဲ့ ကြီးထွားဖွံဖြိုးမှုတွေကို ကူညီပေးတဲ့အတွက် ဗီတာမင် A ချို့တဲ့တဲ့ ကလေးတွေမှာ ကြီးထွားမှု နေးကွေးတတ်ပါတယ်။


၇) မျက်သားခြောက်ခြင်း

          ဗီတာမင် A ချို့တဲ့ခြင်းရဲ့ အရေးကြီးတဲ့ လက္ခဏာက မျက်ရည်ထုတ်လုပ်မှုနည်းပြီး မျက်သား ခြောက်ခြင်းဖြစ်ပါတယ်။ ကာလကြာလာတဲ့အခါမှာ မျက်ကြည်လွှာထိခိုက်ပြီး အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ်။


ဗီတာမင် A ချို့တဲ့မှုကို ကာကွယ်နိုင်ဖို့ စားပေးသင့်တဲ့ အစားအစာတွေကတော့

·         ဥ အမျိုးမျိုး

·         ဆော်လမွန်ငါး

·         ဟင်းနုနွယ်ရွက်

·         ကန်စွန်းဥ

·         မုန်လာဥနီ စတာတွေပဲ ဖြစ်ပါတယ်။


Dr. Aung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18