Print

တစ်နေကုန် မွှေးရနံ့သင်းပျံ့စေဖို့

  05-Apr-2020
Preview Image

လူတွေဟာ ကိုယ့်ခန္ဓာကိုယ်အနံ့အသက်မကောင်းရင် ကိုယ့်ကိုယ်ကိုယ်လည်း မကြိုက်သလို ဘေးကလူတွေကလည်း မကြိုက်ပါဘူး။ ခန္ဓာကိုယ်အနံ့အသက်ကောင်းတယ်ဆိုရာမှာ တချို့က အခန်းတစ်ခန်းထဲ သူဝင်လာလိုက်ရင် မွှေးရနံ့လေး သင်းပျံ့သွားတာလို့ ထင်တတ်ကြပြီး တချို့ကလည်း တစ်နေကုန် အလုပ်မှာပင်ပန်းထားလည်း ချွေးနံ့ထွက်ပြီး နံစော်မနေတာမျိုးလို့ ယူဆတတ်ကြပါတယ်။ ဒါကြောင့် ရေမွှေးနံ့ပဲ ထွက်ချင်၊ မထွက်ချင်၊ မမွှေးချင်နေ၊ မနံရင်ပြီးရောလို့ပဲဆိုဆို တစ်နေကုန် ခန္ဓာကိုယ်အနံ့အသက်ကောင်းနေစေဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

          ရေမွှေးကို နည်းနည်းလေး မဆိုသလောက် ဆွတ်တယ်ဆိုရင်ကို လုံလောက်ပါတယ်။ ဆွတ်တာ နည်းလမ်းကျရင် နည်းနည်းပဲဆွတ်လည်း အနံ့က ခန္ဓာကိုယ်မှာ အကြာကြီးစွဲနေမှာပါ။ ရေမွှေးနံ့ သင်းပျံ့ပျံ့နဲ့ ကြာကြာခံမယ့်နည်းလမ်းတွေကတော့ ဒီနည်းတွေပါပဲ။


၁။ ရေမွှေးကို ရေမွှေးကြာကြာခံမယ့် နေရာတွေမှာ ရွေးဆွတ်ပါ။

          ရေမွှေးကိုကုပ်မှာ၊ တံတောင်ဆစ်မှာ၊ ခါးမှာဆွတ်ပါ၊ ဒါဆိုရင် ရေမွှေးနံ့က ကိုယ်ခန္ဓာကိုယ်အနံ့အသက်နဲ့ ရောသွားပြီး ရေမွှေးနံ့တခြား၊ ကိုယ့်ခန္ဓာကိုယ်အနံ့ကတခြား ဖြစ်တော့မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ပူလာတာနဲ့အမျှ ရေမွှေးနံ့ပိုထွက်လာပါလိမ့်မယ်။


၂။ Roll – on သုံးပါ။

          Roll – on ဆိုရင် ကိုယ်လိုချင်တဲ့နေရာ အတိအကျမှာ အမွှေးနံ့ဆွတ်လို့ရပါတယ်။ ပြီးတော့ အမွှေးနံ့ကို အလွန်အကျွံဖျန်းမိတာမျိုးလည်း မဖြစ်တော့ဘူးပေါ့။ ပြီးတော့ သူက ရေမွှေးပုလင်းလောက်လည်း ဈေးမများဘူးလေ။


၃။ ရေမွှေးကို ဘီးမှာ ဖျန်းပါ။

          တစ်နေကုန် ကိုယ်သင်းရနံ့သင်းပျံ့နေချင်တယ်ဆိုရင်တော့ ခေါင်းဘီးမှာ ရေမွှေးဆွတ်ပါ။ ပြီးမှ ဆံပင်ခြောက်ခြောက်ကို အဲဒီဘီးနဲ့ ဖြီးပါ။


၄။ လိုးရှင်းလူးပါ။

          ရေမွှေးမဆွတ်ချင်ဘူး။ လိုးရှင်းနံ့လေးလဲ ကြိုက်တယ်ဆိုရင်တော့ ရေချိုးခန်းက ထွက်လာချိန်၊ ရေတွေ သုတ်ပြီးတဲ့အချိန်မှာ လိုးရှင်းလူးလိုက်ပါ။ စိုထိုင်းထိုင်းအရေပြားမှာ လိုးရှင်းလူးလိုက်တယ်ဆိုရင် အနံ့က ပိုကြာကြာစွဲနေပါလိမ့်မယ်။ ကိုယ်အရမ်းကြိုက်တဲ့ရေမွှေး အမှတ်တံဆိပ်ကထုတ်တဲ့ လိုးရင်းဘူးဆိုရင်တော့ အနံ့ပိုစွဲပါလိမ့်မယ်။ အဲဒီတံဆိပ်တစ်ခုတည်းကထုတ်တဲ့ ရေချိုးဆပ်ပြာခရင်မ်၊ ရေမွှေးနဲ့ လိုးရှင်းတွေပဲ လိမ်းမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ဖြစ်နေမှာပေါ့။ ရေချိုးတဲ့ အချိန်မှာ ဒီနေရာတွေကို အဓိကထားပြီး သန့်စင်တတ်ပါစေ။ သန့်ရှင်းစေမှုနဲ့ ကိုယ်ခန္ဓာအနံ့အသက် ကောင်းတာဟာ ဘယ်လိုမှသီးခြားခွဲထားလို့ မရပါဘူး။ ဒါပေမယ့် မျိုးဗီဇနဲ့ ကိုယ်စားတဲ့သောက်တဲ့အရာတွေကြောင့်လည်း ခန္ဓာကိုယ်အနံ့အသက် ပြင်းတတ်ပါတယ်။ မျိုးရိုးလိုက်လို့ ခန္ဓာကိုယ်အနံ့အသက် မကောင်းတာကိုတော့ ဘာမှလုပ်လို့ မရသလို ကြက်သွန်ဖြူ၊ ငါး၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစားအစာတွေကို သိပ်ကြိုက်နေတယ်ဆိုရင်လည်း ဖြတ်လို့မဖြစ်နိုင်သလောက်ပါပဲ။ ဒီအစားအစာတွေစားရင် အနံ့အသက်မကောင်းဘူးလေ။ ဒီတော့ကိုယ်ထိန်းချုပ်လို့ရတဲ့ အရာဆိုလို့ တစ်ကိုယ်ရေသန့်ရှင်းရေးပဲ ကျန်ပါတော့တယ်။ ဒါကြောင့် ရေမှန်မှန်ချိုးရပါမယ်။ တစ်နေ့ ဘယ်နှကြိမ်ရေချိုးသင့်လဲဆိုတာကတော့ ကိုယ့်အရေပြား အမျိုးအစား၊ ကိုယ်တစ်နေကုန် ဘယ်လောက်လှုပ်လှုပ်ရှားရှား နေရတယ်ဆိုတဲ့အချက်တွေအပေါ် မူတည်ပါတယ်။ ရေချိုးတဲ့အချိန်မှာ ချိုင်း၊ ပေါင်ခြံနဲ့ တင်ပါးကို သေသေချာချာ ဆေးကြောသန့်စင်ပေးရပါမယ်။

          တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားရမှာဖြစ်သလို ဒါတွေလည်းလုပ်ဖို့လိုပါလိမ့်မယ်။


ဆံပင်ကိုလည်း ဂရုစိုက်ပါ

          ခေါင်းလျှော်ထားရင် ဟိုဘက်၊ ဒီဘက် လှည့်လိုက်တိုင်း ဆံပင်လေးဝဲပြီး အနံ့လေးသင်းနေမှာပါပဲ။ ရှန်ပူကို ဦးရေပြားပေါ် အရင်ဆုံးတင်ပြီး ဦးရေပြားအနှံ့ သေသေချာချာပွတ်လိုက်ပါ။ ပြီးမှ ကျန်တဲ့ဆံပင်တွေကို ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။ ဦးရေပြားကို သေသေချာချာလေး သန့်ရှင်းပစ်မှ ဖုန်တွေ၊ ဂျီးတွေ ပြောင်သွားပြီး အနံ့မနံတော့မှာမို့လို့ပါ။ ဦးရေပြားကို သေသေချာချာ မသန့်ရှင်းဘဲ ဆံသားကိုချည်းပဲ ရှန်ပူနဲ့ ဦးစားပေး လျှော်နေတယ်ဆိုရင် ဦးရေပြားက အနံ့အသက်တွေ မပျောက်ဘဲ ခေါင်းက နံနေဦးမှာပါပဲ။


ခံတွင်းနံ့ကိုလည်း ပစ်မထားပါနဲ့

          ခံတွင်းကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင် ခံတွင်းနံ့မကောင်းနိုင်ပါဘူး။ ဒါကြောင့် တစ်နေ့ကိုနှစ်ကြိမ် နှစ်မိနစ်ကြာ သွားတိုက်၊ သွားကြိုသွားကြားထဲက စားကြွင်းစားကျန်တွေကို သွားပွတ်ကြိုးသုံးပြီးထုတ်၊ အထူးသဖြင့် အနံ့ပြင်းတဲ့ အစားအစာစားပြီးရင် သွားတိုက်၊ ခံတွင်းခြောက်မနေအောင် ရေများများသောက်ပေး (ခံတွင်းခြောက်နေရင် ခံတွင်းနံ့ဆိုးနိုင်ပါတယ်)၊ ပူရှိန်း ဒါမှမဟုတ် ပီကေလေးဆောင်ပြီး လိုရင်လိုသလို ထုတ်ဝါးပေး။ ဒါတွေလုပ်ရင်တော့ ခံတွင်းနံ့ကောင်းလာနိုင်ပါတယ်။

Credit : နဒီ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18