Print

အိုမင်းရင့်ရော်ခြင်း အရေးအကြောင်းနှင့် ဗီတာမင်များ

  11-Feb-2020
Preview Image


          အရေးအကြောင်းများဟာ သင့်ကို အိုမင်းရင့်ရော်မှု ဖြစ်နေပြီဖြစ်ကြောင်း ပြသတဲ့ သဘာဝအစိတ်အပိုင်း တစ်ခုပါပဲ။ အသက်အရွယ် ရလာပြီဆိုရင် အရေပြားဟာ ပါးလွှာလာပြီး ကျုံ့နိုင်စွမ်းနည်းလာပါတယ်။ အဲဒီအခါမှာ အရေးအကြောင်းတွေ အရေပြားတွန့်ခေါက်ခြင်းတွေ စဖြစ်လာတာပါပဲ။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို မဖြစ်ချင်ဆုံးဆိုရင် ဗီတာမင်များက သင့်ရဲ့ဆန္ဒကို ဖြည့်ဆည်းကူညီပေးနိုင်ပါတယ်။

          စောစီးစွာ အရေးအကြောင်းတွေ ဖြစ်ပွားရခြင်းအကြောင်းကို အနည်းငယ်လောက် ပြောပြချင်ပါတယ်။ အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။ တချို့အကြောင်းအရင်းတွေကိုတော့ သင့်အနေနဲ့ ထိန်းချုပ်ကာကွယ်နိုင်သော်လည်း တချို့အကြောင်းရင်းတွေကိုတော့ သင့်အနေနဲ့ အထိန်းချုပ်၊ မကာကွယ်နိုင်ပါဘူး။

          သင့်ရဲ့ ခန္ဓာကိုယ်ကနေ သဘာဝအဆီမျိုးတွေကို ထုတ်လုပ်မှု လျော့နည်းလာတဲ့အခါမျိုးမှာ သင့်အနေနဲ့ အိုမင်းတဲ့ ရုပ်သွင်ကို ရရှိလာမှာဖြစ်ပြီး သင့်ရဲ့အရေပြားတွေ မွဲခြောက်ခြောက်နဲ့ ခြောက်သွေ့လာမှာ ဖြစ်ပါတယ်။ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်ဟာ သင့်ကို အသက်အရွယ်ကြီးရင့်ခြင်း လက္ခဏာတွေ မြန်မြန်ဖြစ်စေဖို့ တွန်းအားတစ်ခုဖြစ်ပြီး အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ ဆေးလိပ်သောက်ခြင်းကလည်း အရေးအကြောင်းတွေ မြန်မြန်ဖြစ်စေဖို့ ဦးဆောင်နိုင်ပါတယ်။

ဗီတာမင် စီ (Vitamin C)

          Antioxidant တွေဟာ အလှအပအတွက် အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ စောစီးစွာ မဖြစ်ပွားနိုင်ဖို့ တိုက်ခိုက်ပေးနိုင်ပါတယ်။ Antioxidant တွေထဲမှာ ဗီတာမင် စီလည်း ပါဝင်ပါတယ်။ ဗီတာမင်စီဟာ အရေပြားအလှအပအတွက် အရေးကြီးတဲ့ ကိုလာဂျင်တွေ တိုးပွားစေဖို့ ကူညီပေးနိုင်တဲ့ ဗီတာမင် တစ်မျိုးပါပဲ။

          ကိုလာဂျင်ဟာ အရေပြားအတွက်သာမကဘဲ ကြွက်သားများ တွယ်ဆက်တစ်သျှူးများ၊ အရိုးနုတွေအတွက်လည်း အရေးကြီးပါတယ်။ Antioxidant အစွမ်းသတ္တိရှိတဲ့ ဗီတာမင်စီဟာ Free Radicals တွေကြောင့် အရေပြားအလှအပ ပျက်စီးမှုကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ အရေပြားဆဲလ်အသေတွေကို ကူညီဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေ တိုးပွားစေဖို့ ကူညီပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ အရေပြားစိုပြည်တောက်ပမှုကို ပေးစွမ်းနိုင်ပါတယ်။ အကယ်၍ ဗီတာမင်စီ ရယူစားသုံးမှု နည်းပါးမယ်ဆိုရင် အရေပြားခြောက်သွေ့ခြင်းနဲ့ မွဲခြောက်ခြောက်အရေပြားကို ဖြစ်စေပါတယ်။

ဗီတာမင်အီး (Vitamin E)

          ဗီတာမင် အီးကတော့ အရေပြားအလှအပအတွက် အသုံးဝင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီကဲ့သို့ Antioxidant တစ်မျိုးဖြစ်ပြီး အရေပြားအလှအပကို ကူညီထောက်ပံ့ပေးကာ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းများ ဖြစ်ပွားခြင်း နှေးကွေးစေပါတယ်။ မကောင်းတဲ့ Free Radicals တွေကို တိုက်ခိုက်ပေးနိုင်ပါတယ်။ ဗီတာမင်အီးဟာ သွေးလည်ပတ်စီးဆင်းမှုကို ထောက်ပံ့ကူညီပေးပြီး အရေပြားတစ်သျှူးတွေနဲ့ ဆဲလ်တွေ ကြီးထွားရှင်သန်ဖို့ ကူညီပေးနိုင်ပါတယ်။ နောက်ပြီး ဗီတာမင်အီးဟာ အရေပြားခြောက်သွေ့မှုကြောင့် အရေးအကြောင်းတွေ ဖြစ်ပွားခြင်းကို နှေးကွေးစေပြီး အရေပြားစိုပြည်မှုကို ပေးစွမ်းနိုင်ပါတယ်။

          အရေပြားခြောက်သွေ့မှုဟာ အရေးအကြောင်းတွေကို ဖြစ်ပွားစေပါတယ်။ ထို့အပြင် ဗီတာမင် အီး ဟာ အရေပြားအတွင်း ရေဓာတ်ဖြည့်တင်းမှုကို ကူညီပေးနိုင်ပါတယ်။

ဗီတာမင် အေ (Vitamin A)

          ဗီတာမင်အေဟာ ကျန်းမာတဲ့အရေပြားဖြစ်ဖို့အတွက် အရေးကြီးတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး Antioxidant တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီးဗီတာမင်အေဟာ Free Radicals ကြောင့် အရေပြားအလှအပ ပျက်စီးခြင်းကို တားဆီးကူညီပေးနိုင်စွမ်း ရှိပါတယ်။ ဗီတာမင်အေကလည်း အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ စောစီးစွာဖြစ်ပွားခြင်းကို တားဆီးပေးနိုင်တဲ့ ဗီတာမင် အမျိုးအစားထဲမှာ ပါဝင်နေပါတယ်။

Credit : Anty Mum



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18