Print

ရင်သားကျန်းမာရေးကို သဘာဝနည်းလမ်းများဖြင့် ထိန်းသိမ်းခြင်း

  10-Feb-2020
Preview Image

          ယနေ့ခေတ်မှာ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းမြင့်တက်လာတာနဲ့အမျှ ဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကလည်း များသည်ထက်များလာပါတယ်။

          ရင်သားနဲ့ပတ်သက်ပြီး ပြဿနာတွေမှာ ဟော်မုန်းက အဓိကကျတဲ့နေရာက ပါဝင်တာကြောင့် သန္ဓေတားခြင်းနဲ့ ကိုယ်ဝန်ဖျက်ချခြင်းနှစ်ခုလုံးက ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်စေပါတယ်။

          ရင်သားကင်ဆာကို ကုသရာမှာ သဘာဝကျတဲ့ နည်းလမ်းတွေရှိသလို ရင်သားကင်ဆာကို သဘာဝကျကျ ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။


အစားအသောက်ဆင်ခြင်ခြင်း

          အစားအသောက်ဆင်ခြင်ခြင်းက ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိသလို ရင်သားကျန်းမာရေးအတွက်လည်း ထိရောက်မှုရှိနိုင်ပါတယ်။ နေအိမ်မှာ လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထားတဲ့ အစားအသောက်တွေကို စားသုံးတာကသာ အစားအသောက်ကြောင့် ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့မိခြင်းကနေ ရှောင်ကြဉ်နိုင်မှာပါ။


ရင်သားကျန်းမာရေးအတွက် ဖြည့်စွက်စာများ

          ရင်သားကျန်းမာရေးတွက် ဗီတာမင်ဒီက အရေးပါပါတယ်။ ဗီတာမင်ဒီကို သဘာဝကျကျ ရရှိနိုင်ဖို့ဆိုရင် အန္တရာယ်ကင်းတဲ့ နေရောင်နဲ့ ထိတွေ့ပေးဖို့ လိုအပ်ပါတယ်။ တချို့နေရာတွေမှာ နေရောင်ရရှိဖို့ မဖြစ်နိုင်တာကြောင့် ဗီတာမင်ဒီဖြည့်စွက်စာကို သောက်သုံးနိုင်ပါတယ်။ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချရာမှာ အိုမီဂါ - ၃ ဖြည့်စွက်စာတွေကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

          နနွင်းကနေထုတ်ယူရရှိတဲ့ Curcumin ကလည်း ရင်သားကျန်းမာရေးကို မြှင့်တင်ရာမှာ အဓိကနေရာကနေ ပါဝင်ပါတယ်။ နေ့စဉ်စားသောက်တဲ့ ဟင်းလျာတွေမှာ နနွင်းထည့်သွင်းခြင်းဖြင့်လည်းကောင်း၊ နနွင်းလက်ဖက်ရည် သောက်သုံးပေးခြင်း အားဖြင့်လည်းကောင်း လုပ်ဆောင်နိုင်ပါတယ်။


အဝတ်အစားနှင့် ရင်သားကျန်းမာရေး

          ဘရာစီယာတွေနဲ့ ရင်သားကင်ဆာဆက်စပ်မှုကို သုတေသီပေါင်းများစွာက ထောက်ပြထားတာတွေ ရှိပါတယ်။ ဘရာစီယာကြပ်ကြပ်တွေ ဝတ်ဆင်ခြင်းက သွေးရည်ကြည်စီးဆင်းမှုကို ဟန့်တားနိုင်သလို ရင်သားထဲက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်က ဖယ်ရှားနိုင်စွမ်းမရှိတော့အောင် လုပ်ဆောင်ပေးပါတယ်။


ဟော်မုန်းများနှင့် ရင်သားကျန်းမာရေး

          သန္ဓေတားဆေးတွေက သူတို့ရဲ့ သဘာဝအရ ကိုယ်ဝန်မရအောင် ခန္ဓာကိုယ်ရဲ့ ပုံမှန်ဟော်မုန်းလုပ်ငန်းဆောင်တာတွေကို ပြောင်းလဲပစ်လိုက်ပါတယ်။ လေ့လာမှုတွေအရ ထိုးဆေးပုံစံသန္ဓေတားဆေးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို နှစ်ဆပိုမိုမြင့်မားစေပါတယ်။


လေ့ကျင့်ခန်းနှင့် ရင်သားကျန်းမာရေး

          လေ့ကျင့်ခန်းဟာ သင့်တင့်မျှတတဲ့ဟော်မုန်းထုတ်လုပ်မှုနဲ့ ဟော်မုန်းလုပ်ငန်းဆောင်တာကို ထိန်းသိမ်းပေးလို့ ခန္ဓာကိုယ်ထဲက အီစထရိုဂျင်ပမာဏကို မျှတအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးရည်ကြည်စီးဆင်းမှုကိုလည်း ကောင်းမွန်စေတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။


ဘဝနေထိုင်မှုပုံစံနှင့် ရင်သားကျန်းမာရေး

          ရင်သားကင်ဆာဖြစ်နိုင်ခြေများတဲ့ ဘဝနေထိုင်မှု ပုံစံကို ပိုင်ဆိုင်ထားသူတွေကတော့ - ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့နေရသူများ၊ အသက် ၃၀ ကျော်မှ ကလေးယူသူများ သို့မဟုတ် ကလေးမယူသူများ၊ မကြာခဏ ကိုယ်ဝန်ဆောင်သော်လည်း မိခင်နို့မတိုက်သူများ၊ ဆေးလိပ်သောက်သူများ၊ ဗီတာမင်ဒီ ချို့တဲ့သူများ၊ အရက်သောက်သုံးသူများ၊ ညအချိန်တွင် အလင်းရောင်နှင့် များစွာထိတွေ့ရသူများ စသည်တို့ပဲ ဖြစ်ပါတယ်။

Credit : အမရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18