Print

လက်သည်းဖျက်ဆေးအကြောင်းသိကောင်းစရာ

  15-Jan-2020
Preview Image

          လက်သည်းဖျက်ဆေးဟာ အလှကြိုက်တဲ့ မမတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ cosmetic တစ်ခုပဲ ဖြစ်ပါတယ်။ လက်သည်းဖျက်ဆေးဟာ လက်သည်းဖျက်ရုံသာမက အခြားနည်းလမ်းတွေမှာ အသုံးပြုလို့လည်း ရပါတယ်။ အိမ်တွင်း၊ အိမ်ပြင်ပတ်ဝန်းကျင်တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ အခက်အခဲများကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။


Erase Supergule

          လက်သည်းဖျက်ဆေးဟာ Superglue တွေ အရေပြားမှာ စေးကပ်တာတွေကို လွယ်ကူစွာ ဖျက်နိုင်ပါတယ်။ ပြုလုပ်နည်းကတော့ ဂွမ်းစခပ်သန့်သန့်ကို လက်သည်းဖျက်ဆေးဆွတ်ပြီး superglue ပေကျံနေတဲ့ နေရာတစ်ဝိုက် နာနာပွတ်ပေးပါ။


Restore Floors

          Paper towel (ရေစုပ်စက္ကူ) ပေါ်သို့ လက်သည်းဖျက်ဆေးလောင်းချ၍ အုပ်ကြွပ်၊ ကွန်ကရစ်မှာ မြင်မကောင်းအောင်ပေကျံနေတဲ့ ဖိနပ်ရာကို သုတ်သင်ရှင်းလင်းဆေးကြောနိုင်ပါတယ်။ ဒါပေမယ့် သစ်သားကြမ်းခင်းတွေ၊ အစွန်းအထင်းမခံတဲ့ ကြမ်းပြင်တွေမှာ အသုံးမပြုဖို့ မှာကြားပါရစေ။


Clean Razors

          Acetone (အရောင်မဲ့ ဓာတ်ဆားရည်) ပါဝင်တဲ့ လက်သည်းဖျက်ဆေးဟာ ပိုးသတ်ရာမှာလည်း အသုံးဝင်ပါတယ်။ အမွှေးအမှင်တွေရိတ်တဲ့ razor တွေကြားထဲ ကပ်ငြိနေတဲ့ ရှင်းလင်းရခက်ခဲတဲ့ အမွေးအမှင်တွေ၊ အညစ်အကြေးတွေကို ဆေးကြောနိုင်ပါတယ်။


Revive A watch

          ပလတ်စတစ်ကာဗာ ဖုံးအုပ်ထားတဲ့ ဒီဂျစ်တယ်လ်နာရီများမှာရှိတဲ့ အစွန်းအထင်းတွေကို ဖယ်ရှားဖို့အတွက် ဝါဂွမ်းစခပ်သန့်သန့်တစ်ခုကို လက်သည်းဖျက်ဆေးထည့်ထားတဲ့ ခွက်ထဲစိမ်လိုက်ပြီး နာရီရဲ့မျက်နှာပြင်အနှံ့ သုတ်လိမ်းပေးပါ။ လက်သည်းဖျက်ဆေးထဲမှာ ပါဝင်တဲ့ acetione ဟာ ပလတ်စတစ်မှာ စွန်းထင်းနေတဲ့ အညစ်အကြေး အစွန်းအထင်းတွေကို ဖယ်ရှားစုပ်ယူနိုင်တဲ့အတွက် နာရီအပြင် အစွန်းအထင်းမခံနိုင်တဲ့ ပလတ်စတစ် အသုံးအဆောင် တော်တော်များများကို ဤနည်းအသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။


Make marker disappear

          ခန္ဓာကိုယ်နဲ့ အဝတ်အစား အသုံးအဆောင်တွေပေါ် မင်စက်၊ Marker တွေ စွန်းထင်းတဲ့အခါ လက်သည်းဖျက်ဆေးနဲ့ပဲ အလွယ်တကူ ဖျက်နိုင်ပါတယ်။ ဝါဂွမ်းစလေးတွေအပေါ် လက်သည်းဖျက်ဆေးအနည်းငယ်ကို ဆွတ်လိုက်ပြီး မင်စက်ပေတဲ့ နေရာအနှံ့ ပွတ်တိုက်ပေးပါ။


Remove pain from windows

          ပြတင်းပေါက်နားက နံရံတွေကို ဆေးသုတ်တဲ့အခါ ဆေးစက်တွေဟာ အနည်းနဲ့အများတော့ ပြတင်းပေါက်မှန်ကို ပေကျံစွန်းထင်းနေမှာပါ။ ဒီလို အစွန်းအထင်းတွေကို လက်သည်းဖျက်ဆေးနဲ့ စိတ်ရှည်ရှည်ထားပြီး ဖျက်ပစ်မယ်ဆိုရင် သင့်ရဲ့ ပြတင်းပေါက်မှာရှိတဲ့ ဆေးတွေ အလွယ်တကူ ပျက်ပြယ်သွားမှာပဲ ဖြစ်ပါတယ်။

Credit : YUKi



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18