Print

သင့်ရဲ့ အရေပြားနဲ့လိုက်ဖက်တဲ့ Face Mask ရွေးချယ်ခြင်း

  14-Jan-2020
Preview Image

          Face Mask အသုံးပြုပြီး မျက်နှာအသားအရေကို ထိန်းသိမ်းခြင်းဟာ သင့်အိမ်မှာပဲ လုပ်လို့ရသလို လွယ်ကူပြီးတော့ အလုပ်မရှုပ်စေပါဘူး။ ဒါပေမယ့် Face Mask တွေကလည်း အများအပြားရှိတဲ့အတွက်ကြောင့် သင့်ရဲ့ အရေပြားနဲ့ လိုက်ဖက်တဲ့ Face Mask ကို ရွေးချယ်ဝယ်ယူနိုင်ဖို့ လိုအပ်ပါတယ်။

  

        ဒါ့ကြောင့် သင့်ရဲ့ အရေပြားအခြေအနေတွေနဲ့ ဘယ်လို Face Mask တွေ ရွေးချယ်အသုံးပြုသင့်သလဲဆိုတာ သိရအောင် ဖော်ပြပေးလိုက်ပါတယ်။

အဆီပြန်တဲ့အရေပြား

   

       အဆီပြန်တဲ့အရေပြားကို သင့်အနေနဲ့ ပိုင်ဆိုင်ထားမယ်ဆိုရင် သင့်ရဲ့မျက်နှာဟာ အဆီပြန်နေပြီး ပြောင်နေပါလိမ့်မယ်။ ဒီလိုအသားအရေပိုင်ဆိုင်ထားမယ်ဆိုရင် ဝက်ခြံတွေကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။ အသားအရေခြောက်သွေ့ခြင်းမှာ ဖြစ်တတ်တဲ့ အရေပြားတွန့်ခြင်းကိုတော့ နည်းပါးစေပါတယ်။ မျက်နှာအဆီပြန်တတ်တဲ့ လူတွေဟာ အဆီပြန်ခြင်းကို ဖယ်ရှားပေးနိုင်တဲ့ Face Mask တွေဟာ သင့်ရဲ့ မျက်နှာသန့်ရှင်းဖို့နဲ့ ချောမွေ့ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။


ထိရှလွယ်တဲ့ အရေပြား

          သင့်အနေနဲ့ ထိရှလွယ်တဲ့ အရေပြားကို ပိုင်ဆိုင်မယ်ဆိုရင် အဲဒီအခြေအနေဟာ ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ထိရှလွယ်တဲ့အရေပြားကို ပိုင်ဆိုင်ထားမယ်ဆိုရင် အသားအရေ ထိန်းသိမ်းတဲ့နေရာမှာလည်း ဂရုစိုက်ပြီး ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

          ယေဘုယျအားဖြင့်တော့ ရွှံ့နှင့် မြေစေးတွေပါဝင်တဲ့ Mask ဟာ အဆီပြန်တဲ့အရေပြားအတွက် သင့်လျော်ပါတယ်။ ခရင်မ်ကို အခြေခံထားတဲ့ Mask တွေဟာ ခြောက်သွေ့တဲ့ အရေပြားပိုင်ရှင်တွေအတွက် သင့်လျော်ပြီး အဲဒီ Mask တွေကို အသုံးပြုပြီး သန့်ရှင်းပေးမယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သတိပြုရမယ့် တစ်ချက်ကတော့ Mask တွေကို အသုံးပြုတဲ့အခါ မျက်လုံးနဲ့ နီးတဲ့နေရာတွေကို မထိမိစေဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သင့်ရဲ့ မျက်လုံးတွေကို ယားယံခြင်းဖြစ်စေလို့ပါပဲ။


သာမန်အရေပြား

          သင့်အနေနဲ့ သာမန်အရေပြားကို ပိုင်ဆိုင်မယ်ဆိုရင် ဝမ်းမြောက်စရာပါပဲ။ မျက်နှာအဆီပြန်ခြင်းကို မခံစားရဘဲ သင့်ရဲ့မျက်နှာဟာ ချောမွေ့ပြီး နူးညံ့နေမှာပါ။ သာမန်အရေပြား ပိုင်ဆိုင်တဲ့သူတွေဟာ ဝက်ခြံနဲ့ အမည်းစက်တွေ အနည်းငယ်ဖြစ်စေနိုင်ပါတယ်။ သာမန်အရေပြားအတွက်တော့ Mask တွေအများအပြားရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်ရာ Mask တွေကို အသုံးပြုပြီး သင့်ရဲ့မျက်နှာသန့်ရှင်းဖို့နဲ့ ဆဲလ်အသေတွေကို ဖယ်ရှားနိုင်ပါတယ်။


ခြောက်သွေ့တဲ့ အရေပြား

          အကယ်၍ သင့်အနေနဲ့ ခြောက်သွေ့တဲ့ အရေပြားကို ပိုင်ဆိုင်နေတယ်ဆိုရင် သင့်ရဲ့မျက်နှာဟာ ခြောက်သွေ့ပြီး အရေပြားလေးတွေ ကွာကျတတ်ပါတယ်။ ခြောက်သွေ့တဲ့အရေပြားဟာ အရေတွန့်ခြင်း ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ ခြောက်သွေ့တဲ့ မျက်နှာအရေပြားကို ပိုင်ဆိုင်ထားမယ်ဆိုရင် moisture ပါဝင်ပြီး ကောင်းမွန်တဲ့ Face Mask တွေကို အသုံးပြုလို့ရပါတယ်။

Credit : ဇလပ်ဖြူ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18