Print

နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်များ

  25-Nov-2019
Preview Image


          အရွယ်နဲ့မလိုက်အောင် နုပျိုလှပနေသူများမှာ နုပျိုနေခြင်းရဲ့ အကြောင်းတရား လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။ နေ့စဉ်ပြုလုပ်နေတဲ့ ကိုယ်လက်လှုပ်ရှားမှု၊ စားသောက်နေတဲ့အာဟာရ ဒါတွေဟာ နုပျိုခြင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေပါ။

          နေ့စဉ် စားသောက်နေတဲ့ အစားအသောက်တွေမှာ ဘယ်အစားအစာတွေက ကိုလက်စထရော များနေတယ်၊ ဘယ်အစားအစာတွေကတော့ အဆီအဆိမ့်များနေတယ်၊ ဘယ်အစားအစာတွေကတော့ ဗီတာမင်တွေ ဘယ်လောက်ပါပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ် ဆိုတာကိုတော့ သိရှိထားရမှာပါ။ Vitamin တွေဟာ ကျန်းမာရေးအတွက် လိုအပ်ပြီး ခန္ဓာကိုယ်ဆဲလ်များ ပုံမှန်အလုပ်လုပ်စေရန်၊ ခန္ဓာကိုယ်ကြီးထွားစေရန် အရေးပါသောနေရာမှ ပါဝင်နေကြပါတယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအစာများတွင် ဗီတာမင်မျိုးစုံ အလုံအလောက် ပါဝင်နေပေမယ့်လည်း ရောဂါကြောင့် အစာမစားနိုင်သောအခါတွင်လည်းကောင်း၊ အသက်ကြီးရင့်လာသောအခါတွင်လည်းကောင်း ဗီတာမင်တို့ကို ဖြည့်စွက်စာအဖြစ် စားသုံးပေးရန် လိုအပ်ပါတယ်။

          အိုမင်းခြင်းကို ဟန့်တားပြီး နုပျိုမှုကို ထိန်းသိမ်းနိုင်ဖို့ အဓိက အရေးပါတဲ့ဦးဆောင် ဗီတာမင်တွေကတော့ Vitamin A, Vitamin C, Vitamin E နဲ့ Vitamin B9 လို့ခေါ်တဲ့ Folic Acid တို့ဖြစ်ပါတယ်။ Vitamin A ဟာ အစားအစာတော်တော်များများမှာ ပါဝင်နေပြီး အမြင်အာရုံအတွက် အလွန်ပဲ ကောင်းမွန်ပါတယ်။ အဆီကျစေနိုင်ပြီး ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးနိုင်ပါတယ်။ အရေပြားရဲ့ ဒုတိယအလွှာ Dermis ကို ကျစ်လျစ်ပြီး သွေးလည်ပတ်မှု ကောင်းအောင်လှုံ့ဆော်ပေးပါတယ်။ အရေပြားတွန့်ခြင်းကို လျှော့ချပေးပြီး အရေပြားပုံမှန်အလုပ်လုပ်နိုင်စေရန် အထောက်အပံ့ပေးပါတယ်။ ပျက်စီးသွားတဲ့တစ်သျှူးတွေနေရာကို အသစ်တွေနဲ့ အစားထိုးပေးနိုင်တဲ့အတွက် Vitamin A ကို လုံလောက်စွာ ဖြည့်စွက်စားသုံးပေးခြင်းဖြင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ ပုံမှန်အိုမင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ Vitamin A ပါဝင်မှုများတဲ့ အစားအစာတွေကတော့ အမဲအသည်းနှင့် အခြားကလီစာများ (မှတ်ချက် - အသားမှရရှိသော ဗီတာမင်များတွင် ကိုလက်စထရောပါဝင်မှုများသည်) ဆယ်လမွန်ကဲ့သို့သော ငါးများ၊ အစိမ်းရောင်ရှိသော အသီးအရွက်များ၊ လိမ္မော်သီး၊ ပန်းမုန်လာ၊ မုန်လာဥနီ၊ သခွားမွှေး၊ ဇီးချိုသီး၊ သရက်သီးစသည်တို့ဖြစ်ပါတယ် Vitamin A ကို ပမာဏကို လျှော့ကျစေတဲ့အတွက် ဆေးလိပ်သောက်သူများ နေ့စဉ်စားသုံးပေးရန် လိုအပ်ပါတယ်။ ထို့အတူ ရင်သွေးငယ်အတွက်ပါ သွေး၊ ဆဲလ်နှင့် တစ်သျှူးအသစ်များ ဖြည့်ဆည်းပေးနေရသော ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း Vitamin A မချို့တဲ့စေရန် အရေးကြီးပါတယ်။

          နုပျိုမှုအတွက် လိုအပ်တဲ့ နောက်ဗီတာမင်တစ်မျိုးကတော့ Vitamin C ဖြစ်ပါတယ်။

          Vitamin C ကနေပေးတဲ့ အဓိက ကျန်းမာရေးကောင်းကျိုးတွေကတော့ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း၊ ယားယံမှုမှ သက်သာစေခြင်း၊ ဓာတ်တိုးပစ္စည်းများကို ထိန်းညှိပေးခြင်း၊ တွယ်ဆက်နေသော တစ်သျှူးများကို ပြုတ်ထွက်မသွားအောင် ထိန်းထားပေးခြင်း၊ အနာကျက်မြန်ခြင်း၊ သွား၊ သွားဖုံးကျန်းမာရေး ကောင်းမွန်စေခြင်း၊ သံဓာတ်စုပ်ယူနိုင်မှု အားကောင်းခြင်း၊ အမြင်အာရုံ ကြည်လင်ကောင်းမွန်စေခြင်း စသည်တို့ဖြစ်ပါတယ်။ Vitamin C ပြည့်ဝအောင် ဖြည့်ဆည်းထားခြင်းဖြင့် အာရုံကြောတွေ ဖျတ်လတ်နိုးကြားနေကာ စိတ်ကြည်လင်မှုကိုလည်း ရရှိစေပါတယ်။

          Vitamin E ဟာလည်း အသားအရေလှပမှု၊ ဆံပင်ကောင်းမွန်မှု၊ အမြင်အာရုံကောင်းမွန်မှုတွေအတွက် အရေးကြီးပါတယ်။ အမာရွတ်၊ ဝက်ခြံ၊ အသားအရေတွန့်ခြင်းတို့ကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပါတယ်။ Vitamin E ပါဝင်တဲ့ အစားအစာတွေကို စားသုံးလိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်က စုပ်ယူပြီး အရေပြားဆဲလ်တွေဆီကို ရောက်ရှိအောင်ပို့ဆောင်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာ၊ နှလုံးရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဆီးချိုနှင့် မျက်စိတိမ်ဆွဲခြင်း ရောဂါများ မဖြစ်ပွားစေရန် ကာကွယ်ပေးနိုင်ပါတယ်။ Vitamin E ကို အလျင်မီအောင် စားသုံးပါက ကိုယ်ခံစွမ်းအားကို မြင့်မားစေပြီး ကိုလက်စထရောများ လျော့ကျစေကာ ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောအတွင်းသွေးခဲခြင်းကို ကာကွယ်ပေးသဖြင့် နှလုံးရောဂါဝေဒနာရှင်များအတွက် အလွန်ပင်သင့်တော်ပါတယ်။

          Vitamin B9 ခေါ် Folic Acid ဟာ ရေမှာ ပျော်ဝင်နိုင်ပြီး ခန္ဓာကိုယ်ရဲ့ များပြားလှတဲ့ တာဝန်ထမ်းဆောင်မှုတွေအတွက် မရှိမဖြစ် အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ကျန်းမာတဲ့သွေးနီဥတွေကို ထုတ်လုပ်ပေးပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။ Folic Acid က ကာကွယ်ပေးနိုင်တဲ့ ရောဂါတွေကတော့ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါ၊ အဝလွန်ရောဂါ၊ စိတ်ကျရောဂါ၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ၊ ဓာတ်မတည့်ခြင်းများ၊ လေးဖက်နာ၊ မျိုးမပွားနိုင်ခြင်း၊ ဆီးချိုသွေးချို၊ မီးယပ်သွေးဆုံးနှင့် အခြား အရေပြားရောဂါဖြစ်ပါတယ်။

          ဒါကြောင့် အိုမင်းခြင်းဆိုတဲ့ ဇရာကိုတွန်းလှန်ပြီး နုပျိုကျန်းမာ စိတ်ချမ်းသာဘဝကို ပိုင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ ဗီတာမင်တွေ မချို့တဲ့အောင် နေ့စဉ် ဖြည့်ဆည်းပေးသင့်ပါကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။

Credit : မြသွေးရည်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18