Print

တစ်လအတွင်း အမြန်ပိန်စေနည်း၏ လျှို့ဝှက်ချက်များ

  26-Jun-2019
Preview Image

အောက်မှာ ဖော်ပြထားတဲ့အချက် (၁၀)ချက်ကို တိတိကျကျ တသွေမတိမ်းလိုက်နာဖို့ လိုပါတယ်။ တစ်ခုခုကို မလိုက်နာဘဲ ပျက်ကွက်ခဲ့ရင်တော့ သင့်ရဲ့ အမြန်ပိန်စေရေး အိပ်မက်ဟာ ပျက်ပြယ်သွားမှာ အမှန်ပါပဲ။ အချက် ၁၀ ချက်လို့ ခွဲထားပေမယ့် အဓိက ခွဲထွက်လာတာ သုံးချက်ပဲ ရှိပါတယ်။

၁။ အစားအသောက် အာဟာရပုံစံ

၂။ အပြုအမူအလေ့အကျင့် နေထိုင်မှုပုံစံ

၃။ ဆေးဝါး အကူအညီရယူခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

 ပိန်ချင်တဲ့သူအများစုက အထက်ပါသုံးခုထဲက တစ်ခုခုကိုသာ ရရှိဖို့ ကြိုးစားနေသူတွေ များပါတယ်။ ဥပမာ ပိန်ဆေးသောက်နေတဲ့လူဆိုရင် ငါပိန်ဆေးသောက်နေတာပဲ သူ့အလိုလို ပိန်လာမှာပေါ့။ ကျန်တာ မလိုပါဘူးဆိုပြီး အစားလည်းမလျှော့၊ လေ့ကျင့်ခန်းလည်း မလုပ်ဘဲ နေလေ့ရှိတယ်။ အဲဒီလို နည်းလမ်းနဲ့ သိသိသာသာ ပိန်သွားတာ သင်တွေ့ဖူးပါသလား။ တကယ်ပိန်ချင်ရင် သင်ဟာ တကယ်စိတ်အားထက်သန်နေဖို့လည်း လိုတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချို့အချက်တွေကို သင့်အနေနဲ့ သိပ်အရေးမပါဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်။ ဒါပေမယ့် တကယ် အကျိုးထူးတဲ့ အတွက် သင်တိတိကျကျ လုပ်ဆောင်ပါ။ အောက်ပါ (၁၀)ချက်ကို လိုက်နာရုံနဲ့ 70kg, 80 kg, 100kg သမားတွေကို 50kg, 60kg လောက်အထိ လျော့ချပေးနိုင်တယ်ဆိုတာ သင်အံ့သြဖွယ်ရာ တွေ့လာပါလိမ့်မယ်။ ကဲ . . . ဘာတွေလုပ်သင့်သလဲ ၊ ဘာတွေလုပ်ရမှာလဲဆိုတာ လေ့လာကြည့်ကြရအောင် . . .


၁။ ပထမဆုံး လုပ်ရမှာကတော့ သင့်ရေချိုးခန်း ၊ အလှကြည့်မှန်၊ သနပ်ခါး စတဲ့ . . . မှန်တွေရှိတဲ့နေရာမှန်သမျှမှာ “ငါသည် တစ်လအတွင်း မုချပိန်ကို ပိန်ရမယ်” ဆိုတဲ့ စာကြောင်းကို ခပ်ထင်းထင်းဖြစ်အောင် ဆော့ပင် သို့မဟုတ် Correction Pen ဖြင့် ရေးရပါမည်။ အသံထွက်၍လည်း ယုံကြည်မှု အပြည့် ဖြင့် ဖတ်ရပါမည်။


၂။ ပုံမှန် အစားအသောက်စားတဲ့ အလေ့အကျင့်ကို မွေးမြူရပါမယ်။ ပိန်ချင်တယ်ဆိုရင် စားချင်တဲ့ အချိန် စားလို့ မရပါဘူး။ အချိန်သတ်မှတ်ပါ။

မနက်စာ စားချိန်၊ နေ့လယ်စာ စားချိန်၊ ညစာ စားချိန် (သုံးနပ် ထက် မပိုရပါဘူး။ နေ့တိုင်း အချိန်အတိအကျအတိုင်း အစာစားပါ။ ဒါကို Regular Eating Pattern လို့လည်း ခေါ်တယ်။


၃။ High Calorie Fooe လို့ခေါ်တဲ့ ကယ်လိုရီတက်စေတဲ့ အစာတွေ လုံးဝမစားရပါဘူး။ Snack လို့ခေါ်တဲ့ သရေ စာတွေကိုတော့ လုံးဝမစားရပါဘူး။ ရန်သူလို သဘောထားပါ။ အကယ်၍ မဖြစ်မနေ စားဖို့ ကြုံလာရင်လည်း ချင့်ချိန်ပြီး စားရပါမယ်။

ကယ်လိုရီတက်စေတဲ့ အစားအစာ တွေကတော့ -

-       ဝက်သား

-       အဆီပါသော ငါး

-       ရေခဲမုန့်

-       ချောကလက်

-       ဆီကြော်မုန့်နှင့် သရေစာ အမျိုးမျိုး

-       ချိုလွန်းသော သစ်သီးများ


၄။ နံနက်ခင်းစာကို ပုံမှန်စားနိုင်ပါတယ်။ နေ့လယ်စာကိုတော့ သင့်တင့်ရုံသာစားပါ။ ညစာကိုတော့ နေ့လယ်စာရဲ့ တစ်ဝက်ခန့်သာ စားရပါမယ်။ ညနေခင်းစာ စားပြီးရင် လူသာ ကိုယ်လက်လှုပ်ရှားမှုသိပ်မရှိဘဲ အိပ်ရာဝင်လေ့ ရှိတာကြောင့် Calorie ပိုတက်စေပါတယ်။ စားသောက်တဲ့ ကယ်လိုရီကို ချေဖျက်နိုင်တဲ့ စွမ်းအင်သုံးစွဲမှု Energy Comsumption မရှိရင်  Overweight ကို ကျစေမှာ မဟုတ်ပါဘူး။


၅။ နေ့စဉ် ပုံမှန် အလေ့အကျင့် တွေကို မွေးမြူရပါမယ်။ သင်ဟာ အလွယ်တကူ လုပ်နိုင်တဲ့ အလုပ်တွေကို စက်ပစ္စည်းတွေချည်း အားကိုးနေတဲ့ အကျင့်ကို ဖျောက်ပါ။

-       စက်ကလေးနဲ့ ဖုန်စုပ်မည့်အစား တံမြက်စည်းကို ပြောင်နေအောင် လှဲပါ။ ဒါဟာ စွမ်းအင်သုံးစွဲနည်းပါ။

-       အလွယ်တကူ လမ်းလျှောက်သွား နိုင်တဲ့နေရာကို သင် ဘတ်စ်ကားစီးသွားပါသလား။ အဲဒီ အကျင့်ကို ဖျောက်ပါ။ လမ်းလျှောက်နိုင်တဲ့ နေရာဆို လမ်းလျှောက်သွားပါ။

-       အဝတ်လျှော်၊ ပန်းကန်ဆေး ဒါတွေကို စက်ကိုအားကိုးတဲ့အကျင့် ဖျောက်ပြီး သင်ကိုယ်တိုင် ချွေးထွက်လာတဲ့အထိ ကိုယ်အားကိုယ်ကိုးပါ။ သွေးလေ လည်ပတ်မှုများပြီး အဆီကျစေပါတယ်။


၆။ ဒီအပြုအမူ တွေ ပြောင်းရုံနဲ့ မလုံလောက်သေးပါဘူး။ ဒါဟာ Weight ကိုထပ် မတက်အောင် Maintain လုပ်တဲ့ အဆင့်ပဲ ရှိပါတယ်။ လျှော့ချဖို့ဆိုရင် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။ သင်လုပ်နိုင်သမျှ အစွမ်းကုန် ပြင်းပြင်းထန်ထန် လုပ်ဖို့ လိုပါတယ်။

-       ရေကူးခြင်း

-       ပြေးခြင်း

-       ကြိုးခုန်ခြင်း

-       ယောဂလေ့ကျင့်ခန်းလုပ်ခြင်း

-       လမ်းလျှောက်ခြင်း


၇။ အချိန်အကြာကြီး ထိုင်ရမယ့် အလုပ်ကို ရှောင်ပါ။ ဥပမာ - ရုပ်ရှင်ကြည့်ခြင်း၊ စာအကြာကြီး ထိုင်ရေးခြင်း၊ သီချင်းအကြာကြီး နားထောင်ခြင်း၊ ဒီလိုအကြာကြီး လုပ်ရမယ့်အလုပ်ကို မဖြစ်မနေ လုပ်ရမယ်ဆိုရင်လည်း ၄၅ မိနစ်ထက် မပိုပါစေနဲ့။ ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားပြီးမှ ပြန်လုပ်ပါ။


၈။ သင်ဟာ ပိန်ဆေးတစ်ခုခုကိုလည်း သောက်ဖို့လိုပါတယ်။ ဥပမာ Sibutramine, Orlistat ပါဝင်သော ဆေးတစ်မျိုးမျိုးကို သောက်သုံးခြင်းကို ဆိုလိုပါတယ်။ Sibutramine ဟာ FDA က Approve လုပ်ထားတဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ တစ်ခုတည်းသော ဆေးဖြစ်ပါတယ်။ နေ့စဉ် ပုံမှန်တိုင်း အတိအကျသောက်ဖို့ လိုပါတယ်။ သောက်လိုက် မသောက်လိုက်ဆို ဘာအကျိုးမှ မရှိပါဘူး။ ဘေးထွက်ဆိုးကျိုးကို နားလည် တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး ကိုယ့်အတွက် ဘာဆိုးကျိုးတွေ ရှိနိုင်သလဲဆိုတာ ဆန်းစစ်ပါ။


၉။ နောက်ဆုံး အချက်ကတော့ ပုံမှန်ကိုယ်အလေးချိန် ချိန်ပေးရပါမယ်။ ကိုယ်ဒီလို တစ်နေ့တာ လုပ်တဲ့အတွက် ဘယ်လောက်ထိ ကျသွားသလဲဆိုတာ အမြဲ ဆန်းစစ်နေရပါမယ်။

တစ်ပတ်အတွင်း ဘယ်လောက်ထိ ကိုယ်လုပ်နိုင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး တစ်လအတွင်း အံ့သြဖွယ်ရာ ကောင်းအောင် ကိုယ်အလေးချိန်ကို အထက်ပါ နည်းလမ်းတွေနဲ့ လျော့ချပစ်နိုင်ပါတယ်။ မယုံမရှိပါနဲ့နော်။

Credit : သက်တန့်ချို

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18