Print

ငွေကြယ်ပွင့်တွေလို သွယ်လျလှပစေဖို့

  25-Jun-2019
Preview Image

ပြည်သူ့အကြိုက် ငွေကြယ်ပွင့်တွေရဲ့ တူညီသောအချက်ကတော့ ပိန်ပိန်သွယ်သွယ် (Slim & Trim) ဖြစ်ကြတဲ့ အချက်ဖြစ်ပါတယ်။ A-List Stars Celebs တော်တော်များများကတော့ သူတို့ရဲ့ အတိုင်းအထွာ (Sizes)ကို ရှေးနည်းလမ်းဟောင်းကြီးတွေဖြစ်တဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှား အားကစားနည်းနဲ့ အာဟာရပြည့်ဝတဲ့အစာတွေ စားပြီးတော့ ထိန်းကြပါတယ်။ “ရှေးထုံးလည်း မပယ်နှင့် ၊ ဈေးသုံးလည်း မကြွယ်စေနဲ့” ဆိုတာ ဒီနေရာမှာ ထပ်တူကျနေပါတယ်။


          အရည်အချင်းပြည့်မီဖို့ အားကစားလုပ်ရပါမယ်။ ခန္တာကိုယ်က ၁၀ ပေါင်၊ ပေါင် ၂၀ လောက် ချပစ်ချင်တယ်ဆိုရင် ကိုယ့်အရပ်ထဲမှာ ဇိမ်ကလေးနဲ့ လမ်းဝေးဝေးလျှောက်ပြီး အပန်းဖြေနေလို့တော့ မရပါဘူး။ တစ်နေ့ကို နှလုံးခုန်နှုန်း မြန်မြန်နဲ့ ပင်ပန်းနေအောင် မိနစ် ၂၀ ကနေ ၃၀ အထိ ကိုယ်လက်လှုပ်ရှားကစားပေးတော့မှ အဆီတွေ ကို ချေဖျက်နိုင်မှာ ဖြစ်ပါတယ်။


          Celebs အများစုက ပြေးခြင်း(Running) , Pilates နဲ့ Yoga စတဲ့ အားကစားနည်းတွေဟာ ပိန်ပြီး သွယ်လျစေလို့ ကြိုက်ကြပါတယ်။ နံနက်စောစော အားကစားလုပ်တာဟာ တစ်ကိုယ်လုံး ဇီဝစနစ်ကို တစ်နေကုန်ထိန်းပေးပြီး ခန္ဓာကိုယ်ထဲက ကယ်လိုရီတွေကို လောင်ကျွမ်းပစ်ဖို့ တာဝန်ယူပါတယ်။


          ပိန်ပိန်သွယ်သွယ် လှပချင်သူတစ်ယောက်အတွက် အာဟာရဓာတ်ကြွယ်ဝတဲ့ အသီးနဲ့ ဟင်းရွက်တွေကို ရှောင်ရှားလို့ မရပါဘူး။ တခြားအစာတွေထက် အာဟာရ ပြည့်ဝတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက ကိုယ်စားမယ့် Food Pyramid အတွက် ပိုမိုလိုအပ်ပါတယ်။ အာဟာရ မပေးတာတွေကို အကုန်ဖယ်ရှားပစ်လိုက်ပါ။ ခွန်အားပေးမယ့် အာဟာရဓာတ်ဖြည့်အစာတွေကို ရွေးချယ်ပါ။ ဖလော်ရီဒါ ယူနီဗာစီတီမှ လေ့လာချက်အရ ပန်းရောင်ဂရိတ်ဖုသီး ဖျော်ရည်ဟာ အခြား ၁၀၀% Fruit Juice လို့ ကြော်ငြာတဲ့ ဖျော်ရည်တွေထက် အဆအများကြီး သာတယ်လို့ ဆိုပါတယ်။ ဂရိတ်ဖုသီးဖျော်ရည်အပြင် ပန်းသီး၊ စပျစ်သီး၊ နာနတ်သီး၊ ဇီးသီး စတဲ့ လတ်ဆတ်တဲ့အသီးဖျော်ရည်တွေ သောက်သုံးပေးသင့်ပါတယ်။


          အမျှင်ဓာတ် များတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အစာချေစနစ်ကို ဖြတ်သန်းဖို့ လွယ်ကူပြီး ဗိုက်ထဲမှာ လည်း အတော်ကြာကြာ အစာပြည့်နေသလို ခံစားရစေပါတယ်။ ငွေကြယ်ပွင့်တွေက Asparagas လို့ခေါ်တဲ့ သဘာဝဆီးရွှင်ဆေးဟာ ကော်ဇောနီပေါ် မလျှောက်လှမ်းခင် သောက်ဖို့ ကောင်းတယ်လို့ ဆိုပါတယ်။ သစ်သီးနဲ့ ဟင်းရွက်တွေကို အတတ်နိုင်ဆုံး အစိမ်း( သို့မဟုတ်) ရေနွေးဖျေပြီးသာ သုံးသင့်ပါတယ်။ Sauce အချဉ်ရည်များနဲ့ တွဲဖက်မစားသုံးပါနဲ့ ။ အာနိသင်ပျက်စေပါတယ်။


          တကယ်ပိန်ချင်တယ်ဆိုရင်တော့ ဆန်ဖြူစားခြင်းကို ရှောင်ရှားရပါလိမ့်မယ်။ လက်ရှိ ကိုယ်စားနေတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အပြင်းအထန်လျှော့ချဖို့ ၊ ပိတ်ပင်ဖို့ မလိုပါဘူး။ ဆန်လုံးညို (Brown Rice) နှင့် Oat meal ခေါ် ပြောင်းဖူးကွေကာတွေကို စားပါ။ ဆန်ကောင်းဆန်ဖြူ ၊ ဂျုံမှုန့်အနု၊ အာလူးအဖြူနဲ့ ပြုပြင်ထားပြီး စားချင်စဖွယ် ဖြစ်အောင် အရောင်ဆိုးထားတဲ့ အချိုမှုန့်တွေကို ရှောင်ရှားရပါမယ်။ Whole Grain လို့ခေါ်တဲ့ ဆန်လုံးညို ၊ ဂျုံကြမ်းတွေဟာ ဗိုက်တင်း၊ ဗိုက်ဝစေပြီး လူကို အဆီမတက်ဘဲ ပိန်သွယ်စေပါတယ်။


          လူအများစုရဲ့ အကျင့်စရိုက်ဟာ မိမိစားသုံးရမယ့် ပမာဏထက် ပိုများများမှာပြီး စားတတ်ကြပါတယ်။ ငွေကြယ်ပွင့်တွေကတော့ သူတို့ စားရမယ့် Calorie ပမာဏကို အမြဲလို သတိထားထိန်းသိမ်းပြီး အလွန်အကျွံနည်းအောင် တွက်ချက်စားသောက်တတ်ကြပါတယ်။ အဲဒီနေရာမှာတင် သာမန်လူတွေနဲ့ ငွေကြယ်ပွင့်တို့ရဲ့ ကိုယ်ခန္ဓာထိန်းသိမ်းစောင့်ရှောက်မှုဟာ ကွာခြားသွားတာ ဖြစ်ပါတယ်။


          Celebs တွေဟာ တစ်ခါစားရင် စက္ကူကတ်ပြား တစ်ပြားစာပမာဏ အသားပြားတစ်ပြားရယ်၊ ကိုယ့်လက်သီးတစ်ဆုတ်စာ အသီးနဲ့ ဟင်းသီးဟင်းရွက် ၊ ဆန်လုံးညို ဆန်ပြုတ် (လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးစာ) နဲ့ Pasta (ပဲဟင်း)ကို Ice- cream တစ်ခွက်စာ စားပါတယ်။ Portion Control လို့ခေါ်တဲ့ အချိန်အတွယ်နဲ့ စားသုံးခြင်းဟာ ကယ်လိုရီများများစားမိမှာကို ကာကွယ်ပေးပြီး ကယ်လိုရီနည်းနည်းသာစားတဲ့အတွက် ကော်ဇောနီလျောက်လမ်းတွေအပေါ် တက်တဲ့အခါ အများတကာထက် ပိုလှပြီး ပိန်ပိန်သွယ်သွယ် အချိုးကျလှပတဲ့ ကိုယ်လုံးလေးနဲ့ ဂုဏ်ထည်နေစေတာ ဖြစ်ပါတယ်။ သူတို့လို လှပချင်ရင်တော့ ငွေကြယ်ပွင့် Celebs တွေ ကျင့်သုံးဆောင်ရွက်တဲ့ Beauty Secrets တွေကို အသေအချာ လေ့လာ လိုက်နာ ကျင့်သုံးဆောင်ရွက်ဖို့ လိုပါကြောင်း။

Credit : ဝိုင်းဝိုင်းသစ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18