Print

UV Vs SPF

  23-Jun-2019
Preview Image

ပြင်ပ ဝန်းကျင်ကနေ နေဒဏ်၊ အပူဒဏ်၊ လေဒဏ်၊ အကြော်ဆိုင်၊ လမ်းဘေးဆိုင် တွေကနေထွက်တဲ့ မီးခိုးငွေ့ဒဏ်တွေကို တစ်နည်းမဟုတ် တစ်နည်း ခံစားကြရပါတယ်။ ဒီဒဏ်တွေကို အဓိကခံစားရတာ လည်း ခန္ဓာကိုယ်ရဲ့ အပြင်ဘက် ဆုံးမှာ ရှိတဲ့ အရေပြားပဲ ဖြစ်တယ်။ ပြင်ပဝန်းကျင်ကရတဲ့ ဒဏ်တွေထဲမှာ နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (Ultraviolet Rays)UV Rays တွေက အဆိုးဆုံးပါ။ ဒီတော့ UV Rays တွေကို ကာကွယ်ဖို့ လိုလာပြီလေ။ လူတိုင်းကတော့ မိမိအသားအရည် အရေပြားလှပမှုကို တပ်မက်လိုချင်ကြတယ်ဟုတ်။ အဲဒီလို ကာကွယ်ဖို့က SPF လို့ခေါ်တဲ့ နေကာလိမ်းဆေးလိမ်းသင့်တယ်။


UV Rays ဘာလဲ . . .

          နေရောင်ခြည် ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV rays) ဟာ သုံးမျိုးရှိပါတယ်။ A ရယ်၊ B ရယ် ၊ C ရယ် ဆိုပြီး တော့ပါ။ ဒီမှာ မေးစရာရှိလာပါပြီ။ UV rays ကို ကမ္ဘာ့ လေထုအပေါ်က အိုဇုန်းလွှာက မကာကွယ်ပေးနိုင်ဘူးလားပေါ့။ ကမ္ဘာ့လေထုအပေါ်က အိုဇုန်းလွှာ တားဆီးပေးနိုင်တာ UVC တစ်မျိုးတည်းကိုပဲ တားဆီးပေးပါတယ်။ UVC က ပြောမယ်ဆိုရင် လှိုင်းအလျား အတိုဆုံးနဲ့ အပြင်းဆုံးပါ။ ဒီတော့ မြေပြင်ပေါ်ကို ရောက်တာ A နဲ့ B ပဲဆိုပါတော့။ UVA, UVB တွေ က Aging လို့ ခေါ်တဲ့ အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသားအရေ ပျက်စီးစေခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်း၊ အရေပြား မညီမညာဖြစ်ခြင်း၊ နေလောင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။


SPF နဲ့ ကာကွယ်မယ် . . .

          SPF က ခရမ်းလွန် ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတာဆိုတော့ သူ့ကို နေကာလိမ်းဆေးလို့ ခေါ်ကြပါတယ်။ ယနေ့ခေတ် ထွက်နေတဲ့ အလှကုန်ပစ္စည်းတော်တော်များများမှာ ထည့်သွင်းထုတ်လုပ်လာကြတာကို တွေ့မြင်နေရမှာပါ။ SPF ရဲ့အရှည်က  Sun Protective Factor ပါ။ SPF က နေလောင်မှုကို အဓိက ဖြစ်စေတဲ့ UVB ကို ကာကွယ်ပေးနိုင်တယ် လို့ ဆိုပါတယ်။ SPF နေကာလိမ်းဆေး မလိမ်းရင် ဘာဖြစ်မလဲဆိုပြီး စောဒက တက်ကောင်းတက်နိုင်ပါတယ်။ SPF နေလောင်ကာလိမ်းဆေး လိမ်းထားရင် နေလောင်တာဖြစ်ဖို့ အချိန်ပိုကြာပါတယ်။ နေကာလိမ်းဆေးမှာ နေကာနံပါတ် ပါပါတယ်။


နေကာနံပါတ် . . .

          နေကာနံပါတ် နှစ်ကစပြီး နေကာနံပါတ် ၈၀+၊ ၉၀+၊ ၁၀၀+၊ အထိ ရှိပါတယ်။ နေ့စဉ်သုံး သုံးမယ်ဆိုရင် SPF 15 ဝန်းကျင်လောက်ဆို အိုကေနေပါပြီ။ SPF ဆိုတာ ခရမ်းလွန် ရောင်ခြည်ကို အချိန်ကြာကြာ ကာကွယ်ပေးနိုင်တဲ့ နံပါတ်တစ်ခုပဲ ဖြစ်ပါတယ်။ SPF တိုင်းကတော့ ၁၀၀ ရာခိုင်နှုန်း ကာကွယ်မှု မပေးနိုင်ပါဘူး။ ဥပမာ SPF 100 ရှိပေမယ့် သူ့ကာကွယ်မှု ရာခိုင်နှုန်း က ၁၀၀ မရနိုင်ပါဘူး။ နံပါတ်မြင့်တာတွေကို ဘယ်လိုအချိန်တွေမှာ သုံးမှာလဲလို့ မေးစရာရှိလာပါတယ်။ ရက်ရှည်ခရီးသွားတာမျိုး၊ ကမ်းခြေအလည်အပတ် ခရီးသွားတာမျိုးဆိုရင် SPF မြင့်မြင့်တွေကို သုံးသင့်ပါတယ်။ SPF နံပါတ်မြင့်မြင့်သုံးရင် ဘာတွေကောင်းကျိုးရမှာလဲဆိုတော့ SPF 30 က ၉၇ ရာခိုင်နှုန်း ကာကွယ်ပေးတယ်။ SPF 15 က ၉၄ ရာခိုင်နှုန်းကာကွယ်ပေးတယ်။ ကွာခြားချက်နှုန်းက သိပ်မများလှဘူး။ လတ်တလော သုံးစွဲ မှုအပိုင်းမှာတော့ သိပ်မသိသာပေမယ့် ကြာလာတဲ့အခါ ဖြစ်လာမယ့် အရေပြားကင်ဆာအတွက်ကိုတော့ SPF မြင့်တာက ပိုကာကွယ်နိုင်တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ SPF များရင် နေကာပစ္စည်းမှာ ပါဝင်တဲ့ chemicals တွေ ကြာရှည်မခံတာနဲ့ ကာကွယ်မှု သိပ်မသိသာဘူးဆိုပြီး တော့လည်း အမေရိကန်အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနက ဆိုထားပါတယ်။


အကြံပြုချက်

          နေ့စဉ် အပြင်ထွက်ပြီဆိုလျှင် အင်္ကျ ီအကာအကွယ် မရနိုင်သော ခန္ဓာကိုယ် အစိတ်အပိုင်းနှင့် မျက်နှာတို့ကို နေကာလိမ်းဆေး လိမ်းသင့်ပါတယ်။ နေကာလိမ်းဆေးလိမ်းတဲ့ အခါမှာလည်း SPF 15 လောက်ဆိုရင် တော်တော်လေး အဆင်ပြေနေပါပြီ။ လိမ်းတဲ့အခါ ဟိုတစ်ကွက်ထူ၊ သည်တစ်ကွက်ထူ ဖြစ်မနေရပါဘူး။ များများလေးယူပြီး ပြေပြေပြစ်ပြစ်ညီညီညာညာ လိမ်းပေးသင့်ပါတယ်။ ကမ်းခြေတွေသွားပြီး ရေကူးပြီးတဲ့အခါ ချွေးစိုပြန်တဲ့အခါ နေကာလိမ်းဆေးကို ထပ်လိမ်းလို့ရပါတယ်။ ဖြစ်နိုင်လျှင် ရေစိုခံနေကာလိမ်းဆေးကို သုံးသင့်ပါတယ်။ အပြင်မထွက်ခင် နာရီဝက်ကြိုလိမ်းခြင်းဖြင့် UV ကာကွယ်ကာ အသားအရေ လှပသူများ ဖြစ်နိုင်ကြပါစေ။

Credit : ပိုင်(ဆေး - ၁)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18