Print

CLEANSER ရွေးချယ်မှုမှန်ကန်စေဖို့ရာ

  24-Apr-2019
Preview Image

ကြည်လင်သန့်ရှင်းသော အသားအရေ ရရှိစေဖို့အတွက် မိမိအသားအရေ အမျိုးအစားနဲ့လိုက်ဖက်တဲ့ သန့်စင်ပစ္စည်းကို ရွေးချယ်နိုင်ဖို့ရန် လိုအပ်ပါတယ်။ မိမိအရေပြားနဲ့ မသင့်လျော်တဲ့ အမျိုးအစားကို အသုံးပြုမိပါက အရေပြားမှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာနိုင်စေလို့ ပါပဲ။ ထိုသို့ မှန်ကန်သင့်လျော်တဲ့ ကုန်ပစ္စည်းအမျိုးအစားကို ရွေးချယ်နိုင်ဖို့ဆိုရင် ပထမဦးစွာ မိမိအရေပြား အမျိုးအစားကို သိရှိနိုင်ဖို့ အရေးကြီးပါတယ်။ အရေပြားအမျိုးအစားတွေကတော့ ယေဘုယျအားဖြင့် ငါးမျိုးရှိတယ်လို့ မှတ်သားလေ့လာဖူးပါတယ်။ ဒီ ငါးမျိုးကတော့ . . .

(၁) ခြောက်သွေ့သော အရေပြား

(၂) အဆီပြန်သော အရေပြား

(၃) ပေါင်းစပ်သော အရေပြား

(၄) သာမန်သာရှိသော အရေပြားနဲ့

(၅) ထိခိုက်လွယ်သော (ခံစားလွယ်သော)

အရေပြားဆိုပြီး ငါးမျိုးရှိပါတယ်။


(၁) ခြောက်သွေ့သော အရေပြား

ဒီအရေပြားအမျိုးအစားဟာဆိုရင် အမြှုပ်များများထွက်တဲ့ အရေပြားသန့်စင် တဲ့ Cleanser ကို အသုံးပြုရပါလိမ့်မယ်။ အရက် သို့မဟုတ် ရေမွှေးနံ့ပါရှိတဲ့ အမျိုးအစားများကတော့ အဆိုပါ အရေပြားကို ပို၍ ခြောက်သွေ့ကာ ယားယံခြင်းတို့ ဖြစ်ပေါ်စေနိုင်တဲ့အတွက် အသုံးမပြုသင့်ပါဘူး။


(၂) အဆီပြန်သော အရေပြား

အဆိုပါ အရေပြားကတော့ အရေပြားမှာရှိတဲ့ အဆီထုတ်လုပ်တဲ့ ဂလင်းများက ပုံမှန်ထက် အဆီကို ပိုမိုထုတ်လုပ်တတ်တဲ့ အမျိုးအစားပါ။ ဒါကြောင့် မို့ အာနိသင်ပြင်းလွန်းတဲ့ Cleanser မျိုးကို အသုံးပြုမယ်ဆိုရင် အရေပြားမှာ အဆီပိုမိုထွက်ရှိလာနိုင်တဲ့အပြင် ချွေးပေါက်ပိတ်ခြင်းနဲ့ အဖုအပိမ့်ထွက်ခြင်း တို့ဖြစ်လာစေနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။


(၃) ပေါင်းစပ်သော အရေပြား

ပေါင်းစပ်အရေပြားကိုတော့ တစ်နည်းအားဖြင့် T – Zone လို့လည်း ခေါ်ဝေါ်ကြလေ့ရှိပါတယ်။ အဓိပ္ပာယ်ကတော့ နဖူးပိုင်း၊ နှာခေါင်းပိုင်းနဲ့ မေးစေ့ပိုင်းတွေမှာ အဆီပြန်လေ့ရှိသော်လည်း ပါးမို့နှစ်ဖက်ကတော့ ခြောက်သွေ့အရေပြားဖြစ်နေလို့ပါပဲ။ ဒါကြောင့်မို့ ပေါင်းစပ်အရေပြားလို့ ခေါ်တာပါ။ ဒါကြောင့်မို့ အဆီပြန်တဲ့သူတွေ အတွက် ထုတ်လုပ်ထားတဲ့ Cleanser ကို သုံးရင်သုံး၊ ဒါမှမဟုတ် မျက်နှာပြင်အတွက် သီးခြားထုတ်လုပ်ထားတဲ့ ဆပ်ပြာခဲအမျိုးအစားကို အသုံးပြုပေးပါ။


(၄) သာမန် အရေပြား

သာမန် အရေပြားရှိသူများကတော့ အခြားအရေပြား များထက်စာရင် ထိန်းသိမ်းဖို့ အလွယ်ကူဆုံးပါပဲ။ ဒီအရေပြားဟာ ရေဓာတ်ပမာဏကို ထိန်းညှိပြီးသား ဖြစ်တဲ့အတွက် ဈေးသိပ်မကြီးလွန်းတဲ့ သာမန်ဆပ်ပြာနဲ့ အသုံးပြုလျှင်ကို လုံလောက်မှုရှိနေပါတယ်။


(၅) ထိခိုက် (ခံစား) လွယ်သော အရေပြား

ဒီအရေပြားကတော့ ဂရုတစိုက်နဲ့ ထိန်းသိမ်းပေးဖို့ရာ အထူးလိုအပ်ပါတယ်။ အာနိသင် မပြင်းလွန်းဘဲ အမြှုပ်ထွက် မှုများတဲ့ ဆပ်ပြာ အမျိုးအစားနဲ့သာ သင့်လျော်လေ့ ရှိပါတယ်။

မည်သည့် အရေပြားပင်ဖြစ်စေကာမူ ပိုးမွှားသန့်စင်မှု ကုန်ပစ္စည်းများ အလွန်များပြားစွာ ပါဝင်တဲ့ ဆပ်ပြာအမျိုးအစားများကိုတော့ အသုံးမပြုသင့်ပါဘူး။ အဆိုပါ အမျိုးအစားများကတော့ အရေပြားမှာရှိတဲ့ ရေဓာတ်ပမာဏကို ကမောက်ကမဖြစ်စေနိုင်ပြီး ချွေးပေါက်ပိတ်ခြင်းနဲ့ သဘာဝအဆီထွက်ခြင်းတို့ကိုပါ ထိခိုက်လာနိုင်စေတဲ့အတွက် ရှှောင်ရှားသင့်ပါတယ်။

Credit : Orchid 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18