Print

ဗီတာမင်များနဲ့ အရေပြား ခြောက်သွေ့သူတွေအတွက်

  23-Apr-2019
Preview Image

သင့်အနေနဲ့ အရေပြား ခြောက်သွေ့နေမယ်ဆိုရင် စိတ်ညစ်စရာများနဲ့ ကြုံတွေ့ ရပါလိမ့်မယ်။ အရေပြားခြောက်သွေ့နေမယ်ဆိုရင် အရေပြားဟာ စိုပြည်မှုမရှိဘဲ အသက်ကြီးတဲ့ ပုံကို ဖော်ဆောင်နေပါလိမ့်မယ်။ နောက်ပြီး တခြား အရေပြား ပုံစံတွေထက်လည်း အလွယ်တကူ အရေးအကြောင်းတွေ ဖြစ်စေပါတယ်။


ဒါဆိုရင်တော့ သင့်အနေနဲ့ အရေပြားခြောက်သွေ့နေပြီဆိုရင် ဂရုစိုက်ဖို့ လိုလာပါပြီ။ အရေပြားခြောက်သွေ့သူတွေ အတွက်ဆိုရင် အရေပြားချောမွေ့ဖို့နဲ့ အရေပြားအစိုဓာတ်ရရှိဖို့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ  ပိုမိုလိုအပ်နေပါပြီ။ အရေပြားခြောက်သွေ့သူတွေဟာ ဗီတာမင် အေ၊ စီ၊ အီး စတဲ့ ဗီတာမင်ဓာတ် တွေပါဝင်တဲ့ အစားအသောက်တွေ၊ အသီးအနှံတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပြီး အလှကုန်ပစ္စည်းတွေ ဝယ်ယူတော့မယ်ဆိုရင်လည်း ဖော်ပြပါ ဗီတာမင်တွေ ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူစေလိုပါတယ်။


ဆဲလ်အသစ်တွေ ပြန်လည် မွေးဖွားဖို့ ဗီတာမင် အေ

အသားအရေခြောက်သွေ့သူတွေအတွက်တော့ ဗီတာမင် အေဟာ အသားအရေစိုပြည်မှုကို ပေးစွမ်းနိုင်ပြီး ဆဲလ်အသစ်တွေ ပြန်လည်ဖြည့်တင်းဖို့ အတွက်လည်း ကူညီပေးနိုင်ပါတယ်။ ဗီတာမင် အေဟာ အရေပြားပေါ်မှာ ရှိတဲ့ ဆဲလ်တွေရဲ့ လုပ်ငန်းတွေကို တိုးပွားစေပြီး ဆဲလ်တွေပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် အရေပြားရဲ့ အစိုဓာတ်ကို ဖြည့်တင်းပေးပြီး နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပေးပါတယ်။


အရေပြားအစိုဓာတ်ကို တိုးပွားစေတဲ့ ဗီတာမင် B3

အရေပြား ကျန်းမာစေဖို့ အရေပြား အစိုဓာတ် ထိန်းသိမ်းဖို့ ၊ ကောင်းမွန်တဲ့ အရေပြားရရှိဖို့ ဗီတာမင် B3 က စွမ်းဆောင်ပေးနိုင်ပါတယ်။ ထို့အပြင် အရေပြားရောင်ရမ်းမှုတွေကို ကာကွယ်ပေးနိုင်တဲ့အတွက် အရေပြားခြောက်သွေ့သူတွေသာမက အလွယ်တကူ ထိရှလွယ်တဲ့ အရေပြားပိုင်ရှင်တွေ အတွက်ပါ ကောင်းမွန်စေနိုင်ပါတယ်။ အသက်အရွယ်ကြီးရင့်စေတဲ့ လက္ခဏာတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။


အရေပြားခြောက်သွေ့ခြင်းကို တိုက်ခိုက် ပေးတဲ့ ဗီတာမင် အီး

အရေပြား ခြောက်သွေ့သူတွေ အတွက်တော့ အရေပြားအစိုဓာတ် ရရှိဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါကြောင့် အရေပြား အစိုဓာတ်ရရှိစေဖို့ ဗီတာမင် အီးဟာ ကူညီပေးနိုင်ပါတယ်။ ထို့အပြင် မကောင်းတဲ့ Free Radicals တွေကို လည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ သုတေသနပြုချက်တွေအရ နေရောင်ခြည်ထဲထွက်တဲ့အခါ ဗီတာမင ်အီးကို လိမ်းခြယ်သွားမယ်ဆိုရင် နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်တတ်တဲ့ အရေပြားနီမြန်းခြင်း၊ နေရောင်ကွက်များနဲ့ အရေပြားခြောက်သွေ့ခြင်းတွေကို တားဆီးပေးနိုင်ပါတယ်။

Credit : ရဲရဲ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18