Print

နှုတ်ခမ်းနီနှင့် ဓာတ်မတည့်ခြင်း

  18-Apr-2019
Preview Image

နှုတ်ခမ်းနီနှင့် အလှတရား

အမျိုးသမီးတချို့ဟာ နှုတ်ခမ်းနီ တစ်နေ့မှာ အခါ နှစ်ဆယ်လောက် ဆိုးသူတောင်ရှိတယ်လို့ ပြောတယ်။ အခုအချိန်မှာ အမျိုးသမီးသာမက အမျိုးသားများပါ နှုတ်ခမ်းသုံးအလှပြင်ပစ္စည်းတွေကို သုံးလာကြတယ်။ နှုတ်ခမ်းရဲ့သဘာဝအရောင်ထက် ပိုလှတဲ့ နှုတ်ခမ်းနီအရောင် အသွေးကို နှုတ်ခမ်းနီ ဆိုးဆေးတွေနဲ့ ပြင်ဆင်နိုင်ကြပါတယ်။ နှုတ်ခမ်းအစိုဓာတ်ကိုလည်း ဓာတုပစ္စည်းနဲ့ဖန်တီးနိုင်ကြပါတယ်။ သတိထားသင့်တာကတော့ နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းသုံးပစ္စည်းတွေမှာ တခြားအလှပြင်ပစ္စည်းတွေလို ဓာတုပစ္စည်းများစွာ ပါဝင်ပါတယ်။ ဒါကြောင့် အလှပြင်ပစ္စည်းဓာတ်မတည့်ခြင်းဖြစ်တတ်သလို ဖြစ်နိုင်ကြတယ်။ ဒါကြောင့် နှုတ်ခမ်းနီ နဲ့ နှုတ်ခမ်းသုံးပစ္စည်းဓာတ်မတည့်တာကို အတွေ့များလာတယ်။


နှုတ်ခမ်းအလှပြင်ပစ္စည်းများနှင့် ဓာတုပစ္စည်းများ

နှုတ်ခမ်းသုံးအလှပြင်ပစ္စည်းများနှင့် နှုတ်ခမ်းသား ထိန်းသိမ်းတဲ့ ပစ္စည်းများမှာ နှုတ်ခမ်းအရောင်တင်ဆိုးဆေး၊ အရောင်တောက်စေမယ့် ဓာတုပစ္စည်း၊ နှုတ်ခမ်းသား လိုင်းဆွဲခဲတံ၊ နှုတ်ခမ်းစိုစေတဲ့ အရောင်တင်ဆီ၊ နှုတ်ခမ်းနေရောင်ကာ ခရင်မ်နှင့် Lip pumplers စသည်တို့ ဖြစ်တယ်။ နှုတ်ခမ်းဆိုးဆေးတွေမှာ အမွှေးရနံ့အမျိုးမျိုးဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါတယ်။ အဲဒီ ဓာတုပစ္စည်းတွေက eosin, carmine, metals ( bismuth, nickel, နဲ့ dye solvents (olive oil and others) သံလွင်ဆီ ၊ citral, shellac and cinnamon ဗီတာမင်အီး စတဲ့ ဓာတုပစ္စည်းတွေဖြစ်ပါတယ်။

Methylparaben ဟာအလှပြင်ပစ္စည်းတွေမှာ ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေရှိတယ်။ Propylparaben ဆိုတဲ့ ဓာတုပစ္စည်း က အရေပြားနဲ့ မျက်လုံးတွေမှာ ဓာတ်မတည့်ဖြစ်စေတယ်။ ဟော်မုန်းရောဂါ ၊ ကင်ဆာ၊ အဆိပ်သင့်မှု ဖြစ်စေတယ်။ Retinyl Palmitate ဆိုတဲ့ ဓာတုပစ္စည်း က ကိုယ်ဝန်ဆောင်မိခင်တွေမှာ အန္တရာယ်ဖြစ်စေတယ်။

တစ်ချို့ ဓာတုပစ္စည်းတွေက အာရုံကြောစနစ် ထိခိုက်တယ်လို့ပြောတယ်။ ဗီတာမင် E နဲ့ Tocopheryl Acetate တွေကတော့ ပူစပ်တာ၊ အကြေးခွံလန်တာ၊ အင်ပြင်၊ ရည်ကြည်ဖု ဖြစ်စေတယ်။

နှုတ်ခမ်းနီမှာ အလူမီနီယံ၊ ကက်မီယမ်နဲ့ ခဲပါတတ်တယ်။ ဒီသတ္တုတွေက ခန္ဓာကိုယ်ထဲမှာ များလာရင် အစာအိမ်အူလမ်းကြောင်း၊ အာရုံကြောစနစ်နဲ့ ကင်ဆာဖြစ်တတ်ပါတယ်။ တချို့သတ္တုပစ္စည်းတွေက ထိတွေ့မှု ကြာမှ အန္တရာယ်ပေးတာမျိုးဆိုတော့ လေ့လာနေကြဆဲပါ။ သတိထားရမယ်။ ခဲပါဝင်မှုနည်းတာ၊ မပါတာ အကောင်းဆုံးပဲ။


နှုတ်ခမ်းအလှပြင်ပစ္စည်းများနှင့် ဓာတုပစ္စည်းများ ဓာတ်မတည့်ခြင်း လက္ခဏာများ

ဓာတ်မတည့်ခြင်း လက္ခဏာများက နှုတ်ခမ်းနီဆိုးပြီး ချက်ချင်း ဖြစ်လာတတ်သလို ကြာမှလည်းဖြစ်တတ်တယ်။ နာရီပိုင်းလောက်မှာ ပျောက်သွားတတ်သလို လနဲ့ချီကြာ ခံစားရတတ်တယ်။ ဓာတ်မတည့်တဲ့ လက္ခဏာတွေကို နှုတ်ခမ်းနီ၊ နှုတ်ခမ်းသုံးဓာတ်ပစ္စည်းထိတဲ့ နေရာနဲ့ နှုတ်ခမ်းတစ်ဝိုက်အရေပြားမှာ အတွေ့များတယ်။ နှုတ်ခမ်းသားမှာ ပူစပ်ပူလောင်ဖြစ်တယ်။ နာမယ်။ နှုတ်ခမ်းယားမယ်။ နီမြန်းရောင်ရမ်းတာ၊ ရောင်ရမ်းမယ်၊ နှုတ်ခမ်းဆိုးပြီးမကြာခင် အချိန်တိုတွင်းမှာ ရည်ကြည်ဖုလေးတွေနဲ့ တွေ့လာတတ်တယ်။

ယားတာ၊ ရည်ကြည်ဖုအနီကလေးများဖြစ်တာ၊ သားနံရည်တွေထွက်တာ၊ ကုတ်ရာတွေ ဖြစ်တတ်ပါတယ်။နှုတ်ခမ်းခြောက်သွေ့လာတတ်တယ်။ အစင်းကြောင်းလေးတွေနဲ့ နှုတ်ခမ်းခြောက်သွေ့ပြီး အက်ကွဲလာတာလည်း ဖြစ်နိုင်တယ်။ နှုတ်ခမ်းနီမတည့်တာကို သတိမထားမိဘဲ ဆက်သုံးနေမိရင်တစ်နေ့ထက်တစ်နေ့ ပိုပိုတုံ့ပြန်လွယ်တဲ့ နှုတ်ခမ်းသားမျိုးဖြစ်လာတတ်တယ်။ နှုတ်ခမ်းတင်မက နှုတ်ခမ်းဘေးအရေပြားတွေပါ ရောင်ရမ်း၊ နီမြန်း၊ ယားလာတတ်တယ်။ ပါးစပ်တစ်ဝိုက်ကနေ ပါးအရေပြားအထိ ပျံ့တတ်တယ်။ မျက်နှာအရေပြားပါ ရောင်လာတတ်တယ်။ အင်ပြင်လို အနီပိမ့်လေးတွေ ဖြစ်တတ်တယ်။ နှုတ်ခမ်းသား မည်းညိုလာတတ်သလို တချို့က နှုတ်ခမ်းဖြူလျော်လျော် အရောင်ပြောင်းလာတယ်။ တချို့က နည်းနည်းလေးပဲခံစားရပြီး ဓာတ်မတည့်တာကို သတိထား ရှောင်လိုက်ရုံနဲ့ သက်သာသွားတတ်ပေမယ့် တချို့က မတည့်တဲ့ နှုတ်ခမ်းနီကို ဆက်သုံးနေရင်ကတော့ ပြင်းပြင်းထန်ထန်ခံစားရတယ်။

ဘယ်နှုတ်ခမ်းနီက တည့်မလဲ

ပါဝင်တဲ့ဓာတုပစ္စည်းအခြေခံတူတဲ့အတွက် နှုတ်ခမ်းနီ မတည့်ရင် နှုတ်ခမ်းအရောင်တင်ဆီမတည့်တာမျိုးဖြစ်တတ်တယ်။ နှုတ်ခမ်းနီ ဘယ်အမျိုးအစားမဆို သုံးလို့မရလောက်အောင် တုံ့ပြန်လွယ်တာ မျိုးဖြစ်လာတတ်တယ်။ နှုတ်ခမ်းနီဓာတ်မတည့်မှုဖြစ်တဲ့သူ တစ်ယောက်က နှုတ်ခမ်းနီမှာပါတဲ့ ဓာတုပစ္စည်းတစ်ခုမက မတည့်တာ မျိုးဖြစ်တတ်တယ်။


နှုတ်ခမ်းနီဓာတ်မတည့်ခြင်း ပိုဆိုးတတ်သူများ

တခြားအရေပြားရောဂါ တစ်ခုခုရှိရင် အရေပြားနဂိုထိန်းသိမ်းနိုင်စွမ်းနည်းတဲ့အတွက် ပိုဆိုးတတ်တယ်။ နှုတ်ခမ်းတင်မက လျှာ၊ လည်ပင်း၊ ပါးစပ်ပါ ရောင်ရမ်းတတ်တယ်။


နှုတ်ခမ်းနီပါးစပ်ထဲဝင်ရင် ဘာဖြစ်မလဲ

နှုတ်ခမ်းနီ ဆိုးနေကျ အမျိုးသမီးတစ်ဦးက နှုတ်ခမ်းနီလေးပေါင်လောက် ဗိုက်ထဲရောက်နိုင်တယ်လို့ ဆိုကြတယ်။ တချို့ နှုတ်ခမ်းနီဆိုးဆေးတွေက အစားအစာအနံ့ထည့်ထားတယ်။ ကလေးတွေကို နှုတ်ခမ်းနီဆိုးရင် နှုတ်ခမ်းကို လျှာနဲ့ သပ်ရင် တံတွေးကို မျိုချတတ်တယ်။ တချို့ နှုတ်ခမ်းနီမှာ Bismuth oxychloride ပါတယ်။ ဒါကြောင့် ဘစ်စမတ်အဆိပ်သင့်မှု ခံစားရမယ်။ ဓာတ်မတည့်မှုကို ခံစားရတယ်။ ဗိုက်အောင့် ဗိုက်နာတတ်တယ်။ အန်မယ်၊ ဝမ်းပျက်တတ်တယ်။ အသက်ရှုခက်တာ ၊နှာပိတ်တာ၊ နှာရည်ကျတာ ၊ ခေါင်းကိုက်တာတွေ ဖြစ်တယ်။ ပန်းနာရှိသူတွေက နှုတ်ခမ်းနီ ရွေးချယ်ရင် သတိထားသင့်တယ်။ နှုတ်ခမ်းနီဆိုးပြီးချိန်မှာ အသက်ရှုကျပ်၊ အသက်အန္တရာယ် ထိခိုက်နိုင်တယ်။


အရေးပေါ်ဆေးကုသင့်ချိန်

အတွေ့နည်းပေမယ့် ဖြစ်တတ်တယ်။ နှုတ်ခမ်းနီဆိုးပြီးချိန် အင်ပြင်ထတာ၊ ချောင်းဆိုးတာ ၊ စကားပြောလေးလာတာ၊ ရင်တုန်တာ ၊ ချောင်းဆိုးတာ ၊ စကားပြောလေး လာတာ ၊ ရင်တုန်တာ၊ အသက်ရှု ကြပ်တာတွေဖြစ်ရင် အရေးပေါ်ဆေးကုသမှု ခံသင့်တယ်။


ရောဂါသေချာအောင် စမ်းသပ်ခြင်း

နှုတ်ခမ်းနီဓာတ်မတည့်တာကို စစ်ဆေးစမ်းသပ်နိုင်ပါတယ်။ Patch testing လို့ခေါ်တယ်။ ဒီစမ်းသပ်မှုက တုံ့ပြန်လွယ်တာ contact allergy due to type IV (delayed) hypersensitivity ကို စမ်းသပ်တာတစ်မျိုးဖြစ်ပါတယ်။


ကုသပုံ

နှုတ်ခမ်းနီဓာတ်မတည့်ဘူးထင်ရင် နှုတ်ခမ်းနီကို နှုတ်ခမ်းအရောင်ကျတဲ့အချိန်အထိ လုံးဝ ရှောင်ရမယ်။ ဘယ်နှုတ်ခမ်းနီကိုမှ မဆိုးသင့်ပါ။ အရောင်ကျဆေး၊ အယားပျောက်ဆေးတွေသုံးပါ။ ယားပါက ရေခဲဖတ်တင်ပါ။ မသက်သာပါက ဆေးရုံ ၊ ဆေးခန်း ပြသင့်ပါတယ်။


အထူးသတိထားသင့်သူများ

ကလေးငယ်တာ ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်နေတဲ့ မိခင်တွေမှာ နှုတ်ခမ်းနီဓာတ်မတည့်တဲ့ လက္ခဏာတွေကို သတိထား ရှောင်သင့်ပါတယ်။


Credit : ဒေါက်တာ မြတ်စန္ဒာကျော်(အရေပြားအထူးကု အတိုင်ပင်ခံ ဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18