Print

အမျိုးသားများ အသားအရေထိန်းသိမ်းတော့မယ်ဆိုရင်

  15-Apr-2019
Preview Image

မိမိအသားအရေကို ထိန်းသိမ်းတဲ့ နေရာမှာ အမျိုးသမီးတွေအများစုကပဲ ပိုပြီးပြုပြင် ထိန်းသိမ်းတတ်ကြပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း မိမိအသားအရေကို ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ အမျိုးသမီးတွေသာ မကတော့ဘဲ အမျိုးသားတွေလည်း မိမိအသားအရေကို ပြုပြင်ထိန်းသိမ်းလာကြပါတယ်။


သင့်ရဲ့ အသားအရေအမျိုးအစား

 အရင်ဆုံး သင့်ရဲ့ အသားအရေကို ဘယ်လိုအသားအရေ အမျိုးအစားထဲမှာ ပါဝင်နေသလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ ဒီအချက်ကို သိထားခြင်းဟာ အသားအရေကို ပြုပြင်ထိန်းသိမ်းပြီး Care လုပ်တဲ့နေရာမှာ ပိုပြီးအသုံးဝင်ထိရောက်မှာ ဖြစ်ပါတယ်။ မိမိအသားအရေကို ခြောက်သွေ့တဲ့အသားအရေလား ၊ အဆီပြန်တဲ့အသားအရေလား ၊ ထိရှလွယ်တဲ့ အသားအရေလား၊ သာမန်အသားအရေလား စသည်ဖြင့် မိမိအသားအရေအမျိုးအစားကို သိဖို့ အရေးကြီးပါတယ်။


သင့်ရဲ့ အရေပြားကို သန့်ရှင်းပေးဖို့

အမျိုးသားတွေ အနေနဲ့ မိမိရဲ့ အသားအရေကို Care လုပ်တဲ့ နေရာမှာ မိမိရဲ့ အရေပြားကို သန့်ရှင်းပေးဖို့ အထူးလိုအပ်လှပါတယ်။ အဓိကကတော့ တစ်ကိုယ်ရေသန့်ရှင်း စင်ကြယ်မှုကို ဂရုစိုက် ပြီး ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်မှုဟာ အလှအပအတွက်သာမကပဲ ကျန်းမာရေးအတွက်လည်း အထူးအရေးပါ အထောက်အကူပြုပေးနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုတစိုက် ပြုလုပ်ပေးပါတယ်။


မျက်နှာပြင်သန့်ရှင်းပေးဖို့

မျက်နှာပြင်အရေပြားကို စနစ်တကျ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လိုလဲဆိုရင် မျက်နှာပြင်ရှိအရေပြားဟာ တခြားခန္ဓာကိုယ်ရှိ အရေပြားထက်ပိုပြီး နူးညံ့ ထိခိုက်လွယ်လို့ပါဘဲ။ ယေဘုယျအားဖြင့် အမျိုးသားတွေရဲ့ မျက်နှာပြင်အရေပြားဟာ အမျိုးသမီးတွေရဲ့ မျက်နှာပြင်အရေပြားထက်ပိုပြီး အဆီပြန်တတ်ကြသလို ချွှေးပေါက်တွေဟာလည်း အမျိုးသမီးတွေထက် ပိုပြီး ချွှေးပေါက်ကျယ်တတ်ပါတယ်။ အဲဒီ အခါမှာ မုန်မှုန့်နဲ့ အညစ်အကြေးတွေဟာ အမျိုးသားတွေရဲ့ မျက်နှာပြင်အရေပြားမှာ ပိုပြီးကပ်ညှိတတ်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားတွေဟာ မိမိမျက်နှာပြင်အရေပြားကို ပိုပြီး ဂရုစိုက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

မျက်နှာပြင် အရေပြားကို ဆေးကြောသန့်စင်တဲ့ နေရာမှာလည်း အမျိုးသားတွေအတွက် (For Men) အထူးသီးသန့် ထုတ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာ၊ Facial Foam, Facial Cleanser စတဲ့ Face Wash တွေ ၊ Skin Care ကို နေ့စဉ် အသုံးပြုပေးမယ်ဆိုရင် ပိုကောင်းတဲ့ ရလဒ်တွေကို ရရှိစေမှာပါ။


မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ရိတ်တဲ့နေရာမှာ . . .

အမျိုးသားတွေအနေနဲ့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးရိတ်တဲ့ နေရာမှာလည်း မိမိရဲ့ မျက်နှာပြင်အရေပြားကို ပြုပြင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးရိတ်ခြင်းဟာ အခန့်မသင့်တဲ့ အခါမှာ ဓားထိသွားတာမျိုး ၊ ဒဏ်ရာဖြစ်သွားတာမျိုး ၊ ရှထိသွားတာမျိုးတွေ ၊ အသားထဲက Hair Follicles တွေကို ထိသွား၊ ရိတ်မိသွားတာမျိုးတွေ စသည်ဖြင့် ဖြစ်တတ်ပါတယ်။

မုတ်ဆိတ်မွှေးတွေ ၊ နှုတ်ခမ်းမွှေးတွေ မရိတ်ခင်မှာ မိမိရဲ့ မျက်နှာပြင်ကို ရေနွေးနွေးလေးနဲ့ သစ်ပြီးမှ ရိတ်ရင်ဒဏ်ရာ ၊ ဒဏ်ချက်တွေဖြစ်ပွားဖို့ အခွင့်အရေး နည်းသွားစေပါတယ်။

နောက်ပြီး ရိတ်ရတာ လွယ်ကူစေဖို့ Shaving Gel, Shaving Foam လိုဟာမျိုး ဝယ်ယူအသုံးပြုပေးနိုင်ပါတယ်။


နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။

နေရောင်ခြည်ဒဏ်ဟာ အရေပြားကို အများကြီး ပျက်စီးစေပါတယ်။ နေရောင်ခြည်ဒဏ်ကို အရမ်းထိတွေ့မှုများလာတဲ့အခါမှာ အသားအရေခြောက်သွေ့ခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စတဲ့ အကြောင်းအရင်းတွေ ဖြစ်စေနိုင်ပြီး အရေပြားရဲ့ ကျုံ့နိုင်၊ ဆွဲနိုင်အားကို ပျက်စီးစေပါတယ်။ ထို့ကြောင့် သင့်အနေနဲ့ နေရောင်ခြည် တိုက်ရိုက် ထိတွေ့နိုင်မှုကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။


နေထိုင်စားသောက်မှု ပုံစံ

သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံဟာ သင့်ရဲ့ အရေပြားကို တိုက်ရိုက်အကျိုးပြု ပါတယ်။ ဒါကြောင့်မို့ အသားအရေ ထိန်းသိမ်းတော့မယ်ဆိုရင် နေထိုင်စားသောက်မှုပုံစံ မှန်ကန်ဖို့ အရေးကြီးပါတယ်။ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေကို သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံထဲမှာ အများအပြား ထည့်သွင်းစားသုံးပေးဖို့လိုအပ်ပါတယ်။


လေ့ကျင့်ခန်း ပြုလုပ်ပါ

ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ကျန်းမာတဲ့ အသားအရေဖြစ်ဖို့ ကူညီပေးနိုင်တယ်ဆိုတာ သင်သိပါရဲ့လား။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တာဟာ အမျိုးသားတွေအတွက် အရေပြား ထိန်းသိမ်းမှုအပိုင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် ချွေးပေါက်တွေကနေ ချွေးထွက်လာပြီး အဲဒီချွေးကနေတစ်ဆင့် အရေပြားအတွင်းရှိ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို သန့်စင်ပြီးသား ဖြစ်နေပါတယ်။

Credit : နေရည်ချို



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18