Print

ဆောင်းရာသီ အသားပတ်ခြင်း

  15-Jan-2019
Preview Image

အရေပြားတွင် အက်ကွဲကြောင်းများထင်လာပြီး အက်ကွဲရာနက်ပါက နာကျင်စေနိုင် ပါတယ်။ လေအေး ဒါမှမဟုတ် ပူပြင်းခြောက်သွေ့တဲ့ လေပူနဲ့တွေ့ထိမှုကြောင့် အရေပြားခြောက်သွေ့ကာ ကွဲအက်ခြင်းဖြစ်ပေါ်လာပါတယ်။ အသားပတ်လေ့ရှိတဲ့ နေရာတွေကတော့ နှုတ်ခမ်း၊ လက်ချောင်းများ၊ လက်ဖဝါး၊ နားရွက်စတဲ့ ပြင်ပလေနှင့် တိုက်ရိုက်တွေ့ထိတဲ့နေရာတွေပဲ ဖြစ်ပါတယ်။


ရောဂါလက္ခဏာများ

• အရေပြားမှာ အက်ကွဲကြောင်းများထင်နေမယ်။ အထူးသဖြင့် နှုတ်ခမ်း၊ လက်ချောင်း၊ လက်ဖဝါး၊ နားရွက်တို့မှာ ဖြစ်တတ်ပါတယ်။

• အက်ကွဲရာ နက်ပါက သွေးထွက်ပါတယ်။


သင်ပထမဆုံး ဘာလုပ်သင့်သလဲ။

၁။ အရေပြားအစိုဓာတ် ထိန်းပေးနိုင်ရန် Cream တစ်မျိုးမျိုး လိမ်းပေးပါ။

၂။ အေးတဲ့ရာသီမှာ နွေးနွေးထွေးထွေးထားပေးပါ။ အထူးသဖြင့် လက်တွေ၊နားရွက်တွေကိုပါ ဖုံးအုပ်ထားပေးပါ။

၃။ နှုတ်ခမ်းများခြောက်သွေ့ပါက နှုတ်ခမ်းလိမ်းအဆီတစ်မျိုးမျိုးကို တစ်နေ့လုံးနှုတ်ခမ်းသား ပြန်မခြောက်ရအောင် သတိထားပြီး လိမ်းပေးပါ။

၄။ အက်ကွဲခြင်း ပိုမိုမဆိုးဝါးစေရန်နဲ့ ပိုမိုမခြောက်သွေ့သွားစေဖို့ ပလတ်စတာကပ်ပြီး ကာကွယ်နိုင်ပါတယ်။ ကလေးသိပ်ငယ်လွန်းရင်တော့ မလုပ်ပေးသင့်ပါ။


ဆရာဝန်ထံပြသဖို့ လိုပါသလား။

အသားပတ်ခြင်း တော်တော်နဲ့ မပျောက်ရင်သော်လည်းကောင်း၊ ရောဂါပိုးဝင်ရောက်ခြင်းခံရရင်သော်လည်းကောင်း ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။


ဆရာဝန်က ဘာလုပ်ပေးမှာလဲ

• ဆရာဝန်က အရေပြားအစိုဓာတ် ထိန်းပေးမယ့် Cream တစ်မျိုးမျိုးညွှန်ကြားပါလိမ့်မယ်။

• ရောဂါပိုးဝင်ရောက်နေရင်တော့ ပိုးသတ်ပဋိဇီဝဆေးကို သုံးစွဲစေပါလိမ့်မယ်။


သင်ဘာလုပ်ပေးနိုင်သလဲ

အေးတဲ့ရာသီမှာ ဆပ်ပြာတိုက်ပြီး ရေချိုးခြင်း ခဏခဏ မလုပ်ပါနဲ့။ ဆပ်ပြာကြောင့် အသားအဆီ ခြောက်စေပြီး အသားကြမ်းစေပါတယ်။ အရေပြား သန့်စင်ဆေးရည်လောက်သာသုံးပြီး ရေချိုးပေးသင့်ပါတယ်။


Credit:

ဒေါက်တာမာမာဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18