Print

ကိုယ်လက်လေ့ကျင့်ခန်းဆိုတဲ့ ဆေးစွမ်းတစ်လက်

  02-May-2018
Preview Image

လူအများစုဟာ နေ့စဉ် လှုပ်ရှားရုန်းကန်နေရတာနဲ့တင် ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုပြုအလေးပေးဖို့အတွက် မေ့လျော့နေတတ်ကြပါတယ်။ “ခလုတ်ထိမှ အမိတ” ဆိုတဲ့ စကားပုံလေးအတိုင်းပဲ ခန္ဓာကိုယ်တစ်စုံတစ်ရာ ချို့ယွင်းလာတဲ့အခါမှသာ ဂရုပြုမိတတ်ကြပါတယ်။


ခုုခေတ်မှာဆိုရင် ကျန်းမာရေးကောင်းမွန်အောင် ဘယ်လိုနေထိုင်ရမလဲ ဘယ်လိုစားသောက်မလဲ ဆိုတာတွေက ပိုပြီး အရေးပါလာပါတယ်။ မပြည့်စုံတဲ့ အာဟာရနဲ့ အစားအသောက်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေက ခုနောက်ပိုင်း ကျွန်တော်တို့ လူသားအရင်းအမြစ်ကို ခြိမ်းခြောက်လာပါတယ်။


ဒီလိုု ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်နဲ့ လူနေမှုပုံစံတွေကြောင့် ကမ္ဘာတဝန်းလုံးမှာ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဖြစ်များလာပါတယ်။


ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်ကြောင့်တင်မက ဆေးလိပ်သောက်တာနဲ့ အရက်သောက်သုံးတာ တွေကလည်း ပြဿနာဖြစ်စေပါတယ်။ ဒီထက်အရေးကြီးတာကတော့ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ဖို့ကို မတတ်စွမ်းတာ၊ ဒါမှမဟုုတ် မေ့လျော့ပျင်းရိနေတာမျိုးကြောင့်ဘဲ ဖြစ်ပါတယ်။


အခြားတစ်ဖက်မှာလည်း လေ့ကျင့်ခန်း ပုံမှန်လုပ်တာမျိုးကြောင့် ဘယ်လိုထူးခြားချက်တွေ ရှိသလဲ၊ ဘယ်လိုရောဂါ တွေကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်သလဲဆိုတာကို တွေ့ရှိနိုင်ပါတယ် -


• ခန္ဓာကိုယ် ကြွက်သားတွေကို သန်စွမ်းကျန်းမာစေပြီး နှလုံးနဲ့သွေးကြောရောဂါ၊ ကင်ဆာရောဂါ ဖြစ်ပွားတာကိုု သိသိသာသာ လျှော့ချပေးပါတယ်။ 


• ရင်သားကင်ဆာကြောင့် သေဆုံးနှုန်းကို လျှော့ချပေးပါတယ်။ ပျောက်ပြီးသား ရင်သားကင်ဆာ တစ်ဖန် ပြန်ဖြစ်တာကိုလည်း များစွာ လျော့ကျစေပါတယ်။


• အသက်အရွယ်ကြီးမြင့်လာတဲ့အခါ အယ်လ်ဇိုင်းမားဆိုုတဲ့ သတိမေ့ရောဂါ ဖြစ်ပွားနိုင်ချေကိုလည်း လျှော့ချပေးပါတယ်။ 


• နောက်ထူးခြားချက်တစ်ခုက ကျောင်းပညာရေးမှာ ဖြစ်စေ၊ အလုုပ်လုုပ်တဲ့အခါ ဖြစ်စေ ပိုုမိုုလန်းဆန်း တက်ကြွပြီး မိမိကိုုယ်ကို ယုုံကြည်မှုနဲ့တကွ စွမ်းဆောင်ရည် တိုးတက်လာတာကိုလည်း တွေ့နိုင်မှာပါ။


ဒီလို အကျိုးကျေးဇူးကြီးလှတဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာသန်စွမ်းလှပတဲ့ ခန္ဓာကိုယ်တစ်ခုု တည်ဆောက်ခြင်းဟာ ငယ်ရွယ်စဉ်အခါမှစပြီး အသက်အရွယ်ကြီးရင့်သည်အထိ ပုုံမှန် လုပ်ဆောင်သင့်ပါတယ်။ တခြားအားကစားနည်းတွေလို ကရိကထလည်း မများလှပါဘူး။


မိမိပြန်ရတဲ့ အကျိုးကျေးဇူးနဲ့ ယှဉ်ရင် ပေးဆပ်ရတဲ့ အချိန်နဲ့  ငွေကြေးအင်အားတွေက မပြောပလောက်ပါဘူး။ Prevention is better than cure ဆိုုတဲ့ ဆိုုရိုုးစကားလည်း ရှိပါတယ်။


ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုုင်ဆိုုင်နိုင်ဖို့ မိမိတစ်နေ့တာထဲက အချိန်အနည်းငယ်ကို ပေးဆပ်ပြီး လူ့ဘဝတလျှောက် တန်ဖိုးကြီးလှတဲ့ ကျန်းမာခြင်းဆိုုတဲ့ လာဘ်တစ်ပါးကို အမြဲ ဆုပ်ကိုင်ရယူထားလိုက် ကြရအောင်။ ပိုုမိုုကောင်းမွန်တဲ့ ခန္ဓာနဲ့ နေထိုုင်မှုပုုံစံတွေကို ပုုံမှန် လေ့ကျင်ပျိုးထောင်နိုင်ကြပါစေခင်ဗျာ။


Dr. Thiha (7887 ကျန်းမာရေး Call Center / Healthcare.com.mm)

2.5.2018



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18