Print

စိတ်နှင့်ကိုယ်ရှိ တင်းမာမှုကိုပြေလျော့စေနိုင်သောလေ့ကျင့်ခန်းများ

  10-Apr-2018
Preview Image

၁။ ကြမ်းပြင်လို အမာခံရှိတဲ့  နေရာမျိုးမှာ ဖျာခင်းပြီး ပက်လက်အိပ်လိုက်ပါ။ မျက်လုံးကို         မှိတ်ပြီး လက်နှစ်ဖက်ကို တစ်ဝက်ဖြန့်ကာ ခန္ဓာကိုယ် နံဘေးမှာ ဖြေလျှော့ပြီးချထားပါ။  


 ခြေထောက်များကိုလည်း အနည်းငယ်စီ ခွဲထားပါ။ခြေချောင်းကလေးများက အပြင် ဘက်သို့ ညွှန်လျက် အနေအထားမှာ ရှိနေပါလိမ့်မယ်။ပြီး ခြေချောင်းကလေးများအပေါ် အာရုံစိုက်ထားပြီး ဖြေလျှော့ပေးပါ။ ခြေချောင်း ကလေးများမှ ခြေသလုံး၊ ဒူး၊ ပေါင်၊ ဝမ်းဗိုက်၊တင်၊ ကျော၊ ရင်ပိုင်း၊ လက်၊လက်ဖဝါး၊ ပခုံး၊ လည်ပင်း၊မျက်နှာ၊ ပါးစပ်၊ မျက်လုံးနှင့် နဖူးအထိ တစ်ဆင့်ချင်းစီ ဖြေလျှော့ပေးသွားပါ။ ခန္ဓာကိုယ်တစ်ခုလုံး

ပျော့ခွေကာ လေးလံလာသလို ခံစားလာရပါလိမ့်မယ်။ 


ဒီအဆင့်မှာ ရှုပ်ထွေးနေတဲ့ စိတ်များကို ကြည်လင်လာအောင် တောင်တန်းများ၊ ရှုမျှော်ခင်းများ၊ ပင်လယ်ကမ်းစပ်နှင့် မိုးသားများ စသည်ဖြင့် ကြည်နူးစရာ ကောင်းသောအကြောင်းအရာများကို စိတ်ကူးဖြင့်ပုံဖော်ကြည့်ပါ။အသက်ကိုလည်း ဖြည်းဖြည်းနှင့်မှန်မှန် ခပ်ပြင်းပြင်းရှုရှိုက်ပေးပါ။


မိနစ်အနည်းငယ်ကြာလာပါက သင့်ခန္ဓာကိုယ်တခုလုံး ပြေလျော့နေကာ ပူပင်သောကများ လျော့ပါးသွားတာကိုလက်တွေ့ခံစားကြည့်နိုင်ပြီ ဖြစ်ပါတယ်။ ယခုဖော်ပြခဲ့တဲ့  အမှတ်စဉ်-၁ လေ့ကျင့်ခန်းဟာ ပူပန်သောကဖြစ်စရာ အကြောင်းများကိုသာ အမြဲတွေးတောနေတတ်သူများအတွက် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို လျော့ပါးသွားစေနိုင်တဲ့ စိတ်လေ့ကျင်းခန်းဖြစ်ပါတယ်။


၂။      အမှတ်စဉ်- ၂ လေ့ကျင့်ခန်းကတော့ စိတ်နဲ့ ခန္ဓာကိုယ် နှစ်မျိုးစလုံးကို တစ်ပြိုင်တည်းအသုံးပြုပြီး ဖြေလျှော့ရမယ့် လေ့ကျင့်ခန်းအမျိုးအစား ဖြစ်ပါတယ်။ အမှတ်စဉ် -၁ လေ့ကျင့်ခန်း ပြုလုပ်စဉ်ကအတိုင်း ကြမ်းပြင်ပေါ်မှ ပက်လက်အိပ်လိုက်ပါ။ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းအပေါ် အာရုံစိုက်ပြီးကြွက်သားများကိုတင်းလိုက်လျှော့လိုက် တစ်လှည့်စီ ပြုလုပ်သွားရမှာဖြစ်ပါတယ်။တစ်ပတ်ခန့်လေ့ကျင့်ပေးခြင်းဖြင့် စိတ်နှင့်ကိုယ်ရှိ တင်းမာမှုများကို ဖြေလျှော့ရာမှာ ကျွမ်းကျင်လာပါလိမ့်မယ်။


Credit :နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18