Print

သင်္ကြန်တွင်း ဆံပင်ဆေးမဆိုးမီ လိုက်နာသင့်သောအချက်များ

  21-Mar-2018
Preview Image

ဆံသားတွေကိုမလိုအပ်ဘဲ ခြောက်သွေ့တာ၊ပျက်စီးတာမျိုးမဖြစ်စေဖို့အတွက် သင်္ကြန်တွင်း ဆေးဆိုးတော့မယ်ဆိုရင်တော့ မဆိုးခင်ကတည်းက အောက်ဖော်ပြပါ အချက်တွေကိုသိထားဖို့လိုအပ်ပါတယ်။


ဆံသားလှပကျန်းမာနေမှုကသာ သင့်ဆံသားတွေရဲ့ စစ်မှန်တဲ့လှပခြင်း ဖြစ်တယ်ဆိုတာကို နားလည်ထားဖို့လိုပါတယ်။


၁။ပါဝင်တဲ့ပစ္စည်းတွေကိုဖတ်ဖို့မမေ့ပါနှင့်

ဆံသားတွေ ဆေးမဆိုးခင်အချိန်မှာ အရင်ဆုံးလိုက်နာဖို့က ကိုယ်ဆိုးမဲ့ဆံပင်ဆိုးဆေးတွေထဲက ပါဝင်ပစ္စည်းတွေကိုတော့ တစ်ချက်ဖတ်ကြည့်လိုက်ပါ။ သင်ကအထိခိုက်မခံဘဲ ဓတ်မတည့်တဲ့ပြဿနာရှိတယ်ဆိုရင်တော့ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်လုပ်ထားတဲ့ ဆံပင်ဆိုးဆေးမျိုးကို အသုံးပြုပေးပါ။


၂။သင့်အသားအရောင်ကို အရင်လေ့လာပါ

ဆံပင်ဆေးဆိုးပြီးသည့်အချိန်မှာ ပိုမိုလှပနေစေဖို့တော့လိုပါတယ်။ တကယ်လို့ အသားရောင်နှင့် ဆိုးလိုက်တဲ့ ဆံသားအရောင်နဲ့မလိုက်ဖက်ပါက သင့်ကိုကြည့်ရဆိုးစေမှာပါ။ အသားရောင်ဖြူဝင်းသူဆိုရင်တော့ ဆိုးဆေးအရောင်က အဝါ၊အဖြူ၊ပန်းရောင်၊ဝိုင်အရောင်တွေနဲ့ လိုက်ဖက်ပါတယ်။အသားရောင်က ဖြူလည်းမဖြူ၊မည်းလည်းမမည်း ပုံမှန်အသားရောင်ဆိုရင်တော့ အညိုရောင်၊အဝါရောင်အဖျော့၊အစိမ်းရောင်အဖျော့ စတဲ့ အရောင်တွေကို ရွေးချယ်လို့ရပါတယ်။


၃။ဆံသားအခြေခံအရောင်ကိုနားလည်ခြင်း

မိမိဆံသားအရောင်က ဘယ်လိုအရောင်မျိုးဆိုတာကို သိထားပါ။ဆံသား၏အခြေခံအရောင်ပေါ်မူတည်ပြီး ဆံပင်အရောင်ထွက်တာ ကွာခြားမှုရှိတဲ့အတွက် ဆံသားရဲ့ ပင်ကိုအရောင်ကိုပြပြီး သင်လိုချင်တဲ့ အရောင်မျိုးရမရဆိုတာကို တိုင်ပင်ပါ။


၄။အရင်ဆုံးစမ်းသပ်ကြည့်ပါ

ဆေးမဆိုးခင် ဆံသားအရှေ့ပိုင်းတစ်လွှလောက်ကို အရင်ဆုံးစမ်းသပ်ဆိုးကြည့်လိုက်ပါ။ အသားရောင်နှင့် ဆံသားအရောင်လိုက်မလိုက်ကို သုံးသပ်ပါ။စမ်းသပ်မှုကို အခြားအမွှေးအမှင်များပေါ်မှာ မစမ်းသပ်ပါနှင့်။


၅။အရင်ဆုံးဆံသားကို မွေးမြူထားပါ

ဆေးမဆိုးခင် တစ်လလောက်အလိုတည်းက ဆံသားကို အားဖြည့်ထားပါ။ဆေးဆိုးပြီးချိန်ဆံသားပျက်စီးမှုကို ကာကွယ်နိုင်စေဖို့ ဆေးမဆိုးခင်ကတည်းက ဆံသားတွေကိုပေါင်းတင်ပေးခြင်း၊ ကြမ်းတမ်းတဲ့ဆံသားတွေကို  ပြန်လည်ပြုပြင်ပေးတာမျိုး  ပြုလုပ်ပေးပါ။


၆။တစ်လမပြည့်ခင် ဆေးထပ်ဆိုးတာမျိုးရှောင်ပါ

ဆံပင်ဆေးဆိုးပြီး အနည်းဆုံးလေးလလောက်တော့ ဆေးဆိုးတာက်ု ခဏနားထားလိုက်ပါ။လေးလကျော်လို့ဆေးထပ်ဆိုးမယ်ဆိုရင်လည်း ဆံသားကို အထူးပြုပြင်မှုတွေကိုုပြုလုပ်ပြီးတော့မှသာ ဆေးထပ်မံဆိုးပါ။


Credit : အာရောဂျံမဂ္ဂဇင်း 

(သဲသဲဦး-သင်္ကြန်တွင်းဆံပင်ဆေးမဆိုးမီ သိထားသင့်သောအချက်များ)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18