Print

ဝမ်းမှန်စေတဲ့လေ့ကျင့်ခန်း

  10-Mar-2018
Preview Image

လေ့ကျင့်ခန်းမှန်သမျှ ခန္ဓာကိုယ်အစိတ်အပိုင်းများရဲ့ လှုပ်ရှားမှုတွေကို အကောင်းဆုံး ဖြစ်အောင် ပံံ့ပိုးပေးနိုင်ပါတယ်။ ယခုဖော်ပြပေးမယ့် ဝမ်းဗိုက်ပိုင်းဆိုင်ရာ ကြွက်သားများရဲ့ ကျုံ့နိုင်ဆံံ့နိုင်တဲ့ သတ္တိတွေကို မြှင့်တင်ပေးရာရောက်တဲ့ လေ့ကျင့်ခန်းကတော့ ဝမ်းမှန်စေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါ

တယ်။ဝမ်းဗိုက်ပိုင်းဆိုင်ရာ ကြွက်သားများကို သန်မာစေတဲ့အပြင် ဝမ်းဗိုက်ပိုင်းက အဆီများကို ကွယ်ပျောက်စေနိုင်ပါတယ်။

        ယခု ဖော်ပြထားတဲ့အတိုင်းပြုလုပ်ကြည့်ပါ။

၁။     ခြေထောက်ကို လက်မအနည်းငယ် ခွာပြီး ဒူးများကို ကွေးထားပါ။ ရှေ့သို့အနည်းငယ် ကုန်းပြီး  ပေါင်နှစ်ဖက်ပေါ်သို့ လက်ချောင်းကလေးများ အတွင်းလှည့်အနေအထားဖြင့် တင်ထားပါ။


၂။     အဆုတ်ထဲရှိသမျှ လေများကို ပါးစပ်ဟလျက် ရှုထုတ်ပစ်ပါ။ လေ့ကျင့်ခန်းပြုလုပ်စဉ်တစ လျှောက်လုံး အဆုတ်ထဲလေမရှိရန် ဂရုပြုပါ။


၃။     ဝမ်းဗိုက်ကိုကျောရိုးနှင့်အတတ်နိုင်ဆုံး ထိကပ်လျက်ရှိသော အနေအထားသို့ ရောက်ရန် ဝမ်းဗိုက်ကျုံ့ဆန့်ကြွက်သားများကို အသုံးပြုလျက် စိတ်ထဲမှ တစ်၊ နှစ်၊ သုံး ရေတွက်ကာ

တစ်စက္ကန့်မျှ ၄ုင်း အနေအထားအတိုင်း နေပေးပါ။


၄။     နဂိုအနေအထားအတိုင်း ပြန်ရောက်ရန် ဝမ်းဗိုက်ရှိ ကျုံ့ဆန့်ကြွက်သားများ ကို ဖြည်းညင်းစွာ  ဖြေလျော့လိုက်ပါ။


၅။     အသက်ရှုမသွင်းသေးဘဲ ကျုံ့ဆန့် ကြွက်သားများကို အသုံးပြုလျက် ဝမ်းဗိုက်ကို ကျောရိုးနှင့်  အတတ်နိုင်ဆုံး ထိကပ်စေရန် တစ်စက္ကန့်ကြာမှျှ ပြုလုပ်ပြီးမှ ဝမ်းဗိုက်ကြွက်သားများကိုဖြည်းညင်းစွာ ပြန်လည် ဖြေလှျှော့ပေးပါ။ ၎င်းအတိုင်းလေးငါးခါ အသက်မရှုဘဲ ဆက်တိုက်ပြုလုပ်ပါ။


၆။     ပြီးလျှင် မတ်မတ်ရပ်ပြီး အသက်ရှုသွင်းပါ။ အသက်ရှုသွင်းခြင်းနှင့် ရှုထုတ်ခြင်း ပုံမှန်ဖြစ်သည်အထိ မိနစ် အနည်းငယ်ကြာ အနားယူပါ။


၇။     အမှတ်စဉ်(၁)မှ ကိုယ်နေဟန်ထားရောက်အောင် ပြန်နေပြီးနောက် လေ့ကျင့်ခန်းများကို  ဆက်လက်လေ့ကျင့်သွားပါ။အစ ပထမ တွင် ငါးကြိမ်ရအောင်ပြုလုပ်ပြီးမှ တိုးပြီး ပြုလုပ်သွားပါ။


        လေ့ကျင့်ခန်းမပြုလုပ်မီ ပါးစပ်ဟပြီး အဆုတ်ထဲရှိသမျှ လေများအား ကုန်စင်အောင် ရှုထုတ်ပြီးမှ လေ့ကျင့်ခန်းကို ပြုလုပ်ဖို့ သတိထားရပါမယ်။ လေ့ကျင့်ခန်း စလုပ်စဉ် တစ်ကြိမ်သာ လုပ်နိုင်  သေးပါကလည်း အားမလျော့ဘဲ တဖြည်းဖြည်းချင်းတိုးပြီးပြုလုပ်သွားပါ။ နောင်ကျင့်သား ရလာ ရင် (၁၀)ကြိမ်မက လွယ်ကူစွာ လုပ်လာနိုင်တာကိုလက်တွေ့ သိရှိလာပါလိမ့်မယ်။


 လေ့ကျင့်ခန်း   ပြုလုပ်ရင် မှန်ရှေ့မှာ ပြုလုပ်ခြင်းက မိမိရဲ့လုပ်နည်းလုပ်ဟန် မှန်ကန်မှုရှိမရှိ ချက်ချင်းသိမြင်ရ လို့ အမှားပြုလုပ်မိရင် ချက်ချင်းပြန်လည် ပြုပြင်နိုင်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။လေ့ကျင့်ခန်းပြုလုပ်လျှင် အစာမစားခင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ရေတခွက်ထဲ သံပုရာရည် အနည်းငယ်ညှစ်ထည့်ကာ မိနစ်အနည်းငယ် ကြာခြားပြီးသောက်တာမျိုးကိုတော့ ခြွင်းချက်အဖြစ်ခွင့်ပြုထား ပါတယ်။


Credit : နန်းအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18