Print

မီးဖိုချောင်ပစ္စည်းများနှင့် အလွယ်တကူ ပြုလုပ်နိုင်သော အလှအပဆိုင်ရာ နည်...

  21-Feb-2018
Preview Image


(၁) ဒိန်ချဉ်

အသားအရေအတွက်

 ဒိန်ချဉ်က အိမ်တိုင်းမှာ အလွယ်တကူ ရရှိနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်း တစ်ခုပါ။ ဒိန်ချဉ်ကို အသုံးပြုပြီး မျက်နှာနှင့်ဆံပင်ပေါင်းတင်တာကို ပြုလုပ်နိုင်ပါတယ်။ ဒိန်ချဉ်လက်ဖက်စားဇွန်း တစ်ဇွန်းကို ပျားရည်၊ သံပရာရည်တို့နဲ့ ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းကို လိမ်းပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေနဲ့သန့်စင်အောင် ဆေးကြောပါ။ အသားအရေကို သန့်စင်စေပြီး အရေပြားကြည်လင်တောက်ပစေပါတယ်။


ဆံပင်အတွက်

 ဒိန်ချဉ် ခွက်တစ်ခွက်စာထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး သမအောင် ရောမွှေပါ။ ဆံသားအနှံ့လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။ ဆံပင်မှ အနံ့အသက်ပြောင်စင်ဖို့ ရေအေးနဲ့ ခေါင်းလျှော်ပါ။ နူးည့ံပျော့ပြောင်းတဲ့ ဆံသားကို ရရှိစေပါတယ်။ 


(၂) သကြား

အသားအရေအတွက်

 အိမ်တိုင်းမှာ အမြဲလိုလို ဆောင်ထားတတ်တဲ့ သကြားကို မျက်နှာနဲ့ ခန္ဓာကိုယ်ကြေးချွတ်ရာမှာ အသုံးပြုနိုင်ပါတယ်။ သံလွင်ဆီ၊ သံပရာရည်၊ ပျားရည်နဲ့ သကြားကို ရောစပ်ပြီး တံတောင်ဆစ်၊ ဒူးခေါင်း၊ လက်သည်း၊ ခြေသည်းခွံတစ်ဝိုက် စတဲ့နေရာတွေကို ညင်သာစွာ ပွတ်လိမ်းပေးပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် အသားအရေ ပိုမိုနူးည့ံချောမွတ်လာတာကို ကိုယ်တိုင်တွေ့မြင်ခံစားရပါလိမ့်မယ်။


(၃) ဂျုံမှုန့်

အသားအရေအတွက်

 နနွင်း၊ နွားနို့၊ သံပရာရည်တို့ကို ဂျံုမှုန့်နဲ့ရောပြီး မျက်နှာမှာ လိမ်းပါ။ ဆီပြန်တဲ့ အသားအရေရှိသူတွေအနေနဲ့ ဒိန်ချဉ်အနည်းငယ်ရောထည့်ပြီး အသုံးပြုနိုင်ပါတယ်။ 


(၄) သခွားသီး

အသားအရေအတွက်

 ကြိတ်ချေထားတဲ့ သခွားသီးနဲ့ သကြားအနည်းငယ်ရောထည့်ပြီး မွှေပြီးနောက် ရေခဲသေတ္တာထဲ ထည့်ထားပါ။ ခဏနေမှ ရေခဲသေတ္တာထဲက ထုတ်ပြီး မျက်နှာအနှံ့လိမ်းပါ။ အသားအရေနူးည့ံစိုပြည်ပြီး အရေးကြောင်းတွေ လျော့ပါးစေလို့ အရွယ်တင်နုပျိုမှုတွေကိုလည်း ရရှိစေပါတယ်။ 


(၅) ဆား

အသားအရေအတွက်

 ဆားက အသားအရေအတွက် သဘာဝကြေးချွတ်သန့်စင်နိုင်စွမ်းရှိပါတယ်။ ဆားနဲ့ အရေပြားပေါ်မှာ ညင်သာစွာပွတ်ပေးပါက ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ အသားအရေကို နူးည့ံစေပါတယ်။ ချိုးတဲ့ရေထဲကို ဆားထည့်ပြီး ချိုးပါကလည်း အသားအရေကိုကြည်လင်စေပါတယ်။ ဆားက အရေပြားမှာရှိတဲ့ အဆိပ်ဓာတ်တွေကိုလည်း ဖယ်ရှားပေးပြီး သက်ကြီးအရေးကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။


ခြေသည်းအတွက်

 ခြေသည်းတွေ သန့်စင်ဖို့ ခြေသည်းမညှပ်ခင် ဆားရေနဲ့ ခြေထောက်ကို စိမ်ပေးပြီးမှ ခြေသည်းညှပ်ပါ။ ရေမခြောက်တခြောက်သုတ်ပြီး အစိုဓာတ်ထိန်းခရင်မ်လိမ်းပြီးမှ ခြေသည်နီဆိုးပါ။ 

(၆) အာလူး

မျက်နှာပေါ်ရှိ အညိုကွက်များအတွက်

 အာလူးမှာ သဘာဝကြေးချွတ်သန့်စင်ပေးတဲ့ အာနိသင်ရှိပါတယ်။ အာလူးကို အခွံနွှာပြီး ကြိတ်ချေပြီး အရည်ရအောင်ပြုလုပ်ပါ။ ရလာတဲ့ အရည်ကို မျက်နှာပေါ်ရှိအညိုကွက်ပေါ်မှာ ဝါဂွမ်းစနဲ့ တို့လိမ်းပါ။ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် မျက်နှာပေါ်က အညိုကွက်တွေ လျော့ပါးပျောက်ကင်းသွားပါလိမ့်မယ်။


(၇) ခရမ်းချဉ်သီး

နေလောင်ဒဏ်ရာများအတွက်

 ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ခရမ်းချဉ်သီးကို အသုံးပြုကာနီးမှ ထုတ်ယူပြီး အရည်ညှစ်ပါ။ နေလောင်ထားတဲ့ အရေပြားပေါ်ကို ညင်သာစွာ ပွတ်လိမ်းပါ။ ၁၅-၂၀ မိနစ်ထားပြီးမှ မျက်နှာသစ်ပါ။ တစ်ကြိမ်တစ်ခါပြုလုပ်တာမျိုး မဟုတ်ပဲ ပုံမှန်ပြုလုပ်ပေးဖို့တော့လိုပါတယ်။ 


Credit: ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18