Print

ဝက်ခြံကိုလေဆာဖြင့်ကုသခြင်း

  10-Feb-2018
Preview Image

Acne ဒါမှမဟုတ် Pimples ဝက်ခြံဆိုတာ အမျိုးမျိုးရှိတယ်။ အမွှေးပေါက်ရာအိတ် တနည်း ပြောရရင် အပေါက်မှာ အဆီနဲ့ ပျက်စီးသွားတဲ့ အရေပြား (ဆဲလ်) တွေ ပိတ်တာကနေ ဖြစ်တယ်။ ဒီလိုဖြစ်တာကို ဗက်တီးရီးယားတွေက ကြိုက်ကြတယ်။ ဒီအကောင်တွေ ဝင်လာရင် ခေါင်းနီ နဲ့ အနီပေါ် အဖြူဆင့်တွေ ဖြစ်လာတော့တယ်။


Whiteheads ခေါင်းဖြူ နဲ့ Blackheads ခေါင်နက်တွေက သာမန်အစားတွေ ဖြစ်တယ်။ အသင့်အတင့် ဆိုးတာက နီရဲပြီး ရောင်နေတဲ့ ရောင်နေတာကို ပြည်အိတ်၊ အနီပေါ်အဖြူဆင့်ခေါ်တယ်။ တကယ်ဆိုးတာက အကျိတ်အခဲဖြစ်လာပြီး၊ နာမယ်၊ အရေပြားအောက်မှာ ပြည်အိတ်ဖြစ်လာမယ်။ ဒီအမျိုးအစားကသာ အမာရွတ်ထင်ကျန်နတတ်တယ်။


ခပ်ညိုညို၊ ခပ်နီနီတွေက သူ့အလိုလိုလဲ ပျောက်ပါတယ်။ ဆိတ်တာ၊ ညှစ်တာကနေ အမာရွတ် ဖြစ်တာ ပိုစေမယ်။

သိပ်မဆိုးတာတွေကို Chemical peel ဆေးနဲ့ခွါချနည်း ဒါမှမဟုတ် Microdermabrasion နည်းနဲ့ကုတယ်။ Dermabrasion နည်းဆိုတာက လည်နေတဲ့ ဝိုင်ယာဘီးကို သုံးတာ။ စိန်သွားလဲသုံးတယ်။ ၁ဝ-၂ဝ ရက်ကြကုရတယ်။ ဆိုးတာတွေကို Laser resurfacing နည်းလုပ်တယ်။ Fractional laser therapy နည်းက ခပ်နက်နက်မှာ လေဆာနဲ့လုပ်တယ်။ အတွင်းနက်နေတဲ့ အမာရွတ်ကို အထက် မြင့်တက်လာအောင် သူ့အောက်မှာ ဆေးထိုးနည်းလဲ ကူပေးရတတ်တယ်။ ခွဲစိတ်ထုတ်နည်းလဲ သုံးကြတယ်။


လေဆာက မလိုချင်တဲ့ (တစ်ရှူး) တွေကို ဖြတ်ရှင်းပြစ်တယ်။ မထိစေချင်တာတွေကို မထိစေရဘူး။ သွေးထွက်မှာ ကိုတောင် မထွက်စေအာင် လုပ်နိုင်တယ်။ ဓါးသုံးတာထက် တိကျမှန်ကန်တယ်။ မျက်နှာကို လေဆာ နဲ့ ကုသတာကို Laser resurfacing လို့လဲ ခေါ်တယ်။ လှချင်-ဆန်းချင်သူတွေအကြိုက် စကားလုံးအဆန်းလေးတွေပေးတာပါဘဲ။

• Acne scars ဝက်ခြံ-အမာရွတ်၊

• Creases နှာခေါင်းနဲ့ ပါးစပ်ဘေးက အရေးအကြောင်းတွေ၊

• Benign growths ကင်ဆာ-မဟုတ်တဲ့ အကျိတ်-အလုံးတွေ၊

• Wrinkles and lines နေလောင်လို့ နဲ့ မျက်နှာအမူအယာကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေ၊

• Unwanted hair removal မရှိစေချင်တဲ့အမွှေး နဲ့

• Tattoo removal တက်တူး ဖျက်ချင်တာအတွက်လဲ လုပ်နိုင်တယ်။


လေဆာနဲ့ ကုသပေးတဲ့ဌာနတွေရဲ့ ကြော်ညာ (ဆိုက်) တွေကိုသာ ဖတ်ရင် ချောပေ့ဆိုတဲ့ မော်ဒယ်အမျိုးမျိုး ပုံတွေနဲ့ ကောင်းမှကောင်း ဆိုတဲ့ အချက်တွေကိုသာ ဖတ်ရလိမ့်မယ်။ ငယ်ရုပ်ဆင်ချင်သူတွေ သွားရည်ကျချင်စရာကောင်းအောင် အသက် ၁ဝ-၂ဝ ငယ်သွားစေမယ် ဆိုတာလဲ ပါမယ်။ အကုန်ကောင်းချည်း ရေးတာ မဟုတ်စေအောင် လေဆာကို လူတိုင်းနဲ့တော့ မသင့်ပါဆိုတာ ထည့်ရေးတာတော့ ကျေးဇူးတင်ရမယ်။


အရေပြား အမျိုးအစားက အထိမခံ-ရွှေပန်းကန် အမျိုးအစား ဖြစ်နေသူတွေဟာ လေဆာ လုပ်ပြီး လိမ်းခိုင်တဲ့ ဆေးနဲ့ အဆင်မပြေတတ်ဘူး။ အသားရောင် မဖြူသူတွေ အဆင်မပြေဘူး။ အရောင်ပြောင်းတာ မြန်ကြတယ်။ လေဆာနဲ့ကုပြီး ချက်ချင်းကြီး ကောင်းသွားမယ်လို့ စိတ်စောသူတွေနဲ့ မကိုက်ဘူး။ အနည်းဆုံး ၁ဝ ရက်နေမှ မိတ်ကပ် တင်ချင်တင်လို့ ရမယ်။


လေဆာဆိုတာ ပုံမှန်အလင်းရောင်ကို Stimulated Emission of Radiation နဲ့ အားတိုးစေအောင် လုပ်ထားတာ။ V beam နဲ့ Cool touch laser တွေကို သုံးတယ်။ V Beam ကို အရေပြားမှာရှိတဲ့ အနီရောင်ချယ်တွေက စုပ်ယူတယ်။ အမာရွတ် ထင်စေမယ်။ Cool touch laser ကနေ အရေပြားကို တင်းသွားစေမယ်။ အဆီထွက်တဲ့ Pores တွေကို ပိတ်ပြစ်လိုက်လို့ ဝက်ခြံ မထွက်စေတော့ပါ။ ဗက်တီးရီးယားတွေပါ သေကုန်ကြမယ်။


ဝက်ခြံကိုကုတာ သိပ်မနာပါ။ လေဆာ မလာခင် ထုံစေတဲ့ လိမ်းပေးမယ်။ ၁၅-၂ဝ မိနစ်သာ ကြာတယ်။ တခါနဲ့တော့ မရဘူး။ ဘယ်နှစ်ခါလဲဆိုတာ အခြေအနေအရဘဲ။ ၈ ခါကနေ ၁၅ ခါဖြစ်နိုင်တယ်။ တခါနဲ့တခါကြား ရက်ခြားရတယ်။ Nonablative Lasers, Erbium Lasers နဲ့ Carbon Dioxide Lasers ဆိုပြီး လေဆာ အမျိုးအစား မတူတာတွေ ရှိတယ်။


သတိထားစရာတွေ ရှိတယ်။ ခွဲစိတ်တာ မှန်သမျှ သတိထားရတာချည်းပါဘဲ။ နာနေတာနဲ့ နီနေတာ ကြာတတ်တယ်။ ဘေးအသားအရေထက် အရောင်ပိုရင့်နေတယ်။ တချို့မှာ အရောင် ပိုနုသွားတတ်တယ်။ နီမြန်းနေတာ၊ ကလိကလိ ခံစားနေရတာ၊ ဖေါင်းနေတာတွေက နာရီပိုင်းနဲ့ ၁-၂ ရက် ကြာတယ်။ မလုပ်ခင်မှာ လေဆာ ကုနည်းသုတ ပြည့်ဝပါစေ။ အခုလို မေးတာမျိုးပေါ့။ အဝေးက ဆရာဝန်လှမ်းတာနဲ့ မရသေးပါ။ အရင်လူတွေမှာ ဘာဖြစ်သလဲ လိုက်မေးပါ။ ကုပေးမဲ့ ဆရာဝန်နဲ့ ကျကျနန ဆွေးနွေးပါ။ ညွှန်ကြားချက် မှန်သမျှ လိုက်နာပါ။ ဝက်ခြံပျောက်ဆေး ဆိုတာတွေ မသုံးပါနဲ့တော့ အရေပြားစိုစွပ်စေတဲ့လိမ်းဆေး မလိုတော့ပါ။ အရေပြား အရောင်မတူတာ ဖြစ်နိုင်တယ်။ အရေပြား နဲနဲကြမ်းတမ်းနေနိုင်တယ်။ Carbon Dioxide laser က အရောင်ပြောင်းစေတာ ပိုဖြစ်တတ်တယ်။


Credit : နန်းအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18