Print

အကြည့်တစ်ချက်မှာတင် ငေးသွားစေမယ့် မျက်တောင်မွှေးထူထူလေး သဘာဝနည်းလမ်းအတ...

  21-Jan-2018
Preview Image

မျက်လုံးလေး တစ်ချက်အဝင့်မှာ ငေးသွားအောင်လှတဲ့ အလှမျိုးကို ပျိုမေတိုင်းလိုချင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် မျက်တောင်မွှေးတွေ ရှည်စေဖို့ စျေးကြီးတဲ့ Treatment တွေ၊ ဓာတုပစ္စည်းတွေမပါဘဲ သဘာဝနည်းလမ်းလေးတွေနဲ့ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ 


၁။ မျက်ခွံနဲ့ မျက်ခမ်းကို ညင်သာစွာ နှိပ်နယ်ပေးမယ်

 မျက်နှာပေါ်မှာ သွေးလည်ပတ်မှုအားကောင်းစေဖို့နဲ့ မျက်တောင်မွှေးပေါက်တဲ့ Follicles တွေမှာ အာဟာရဓါတ်ရစေဖို့ မျက်တောင်မွှေးပေါက်တဲ့မျက်ခွံနဲ့ မျက်ခမ်းနားကို ညင်သာစွာ နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ 


၂။ ဆေးဖက်ဝင် ကြက်ဆူဆီ (Castor Oil)

 ဆေးဖက်ဝင် ကြက်ဆူဆီဟာ ရောင်ရမ်းမှုကို သက်သာစေတဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ ဒါ့အပြင် ဆံနွယ်တွေနဲ့ မျက်တောင်မွှေးတွေအတွက်လည်း အံ့အားသင့်လောက်အောင် အကျိုးကျေးဇူးတွေရှိပါတယ်။ နားကလော်တံကို ယူပြီး ကြက်ဆူဆီထဲကို နှစ်ပေးကာ မျက်တောင်မွှေးကို အဖျားမှ အရင်းအထိလိမ်းပေးပါ။ တစ်ပတ်ကို အကြိမ်အရေအတွက်များများပြုလုပ်ပေးနိုင်ပါတယ်။


၃။ ဗီတာမင် E

 ဆေးတောင့်လေးတွေကို စားသုံးပေးရမှာဖြစ်သလို ဆေးတောင့်ကို ဖွင့်ပြီး အဆီကို မျက်တောင်မွှေးအရင်းကနေ အဖျားအထိလိမ်းပေးပါ။ မျက်လုံးကို ဗီတာမင် E ဆီ မဝင်ဖို့တော့ သတိထားရပါမယ်။ မျက်လုံးထဲဝင်သွားခဲ့လျှင် မြန်မြန်ဆေးကြောပါ။


၄။ ရှားစောင်းလက်ပပ်

 အိပ်ယာမဝင်ခင်မှာ ရှားစောင်းလက်ပပ်အနှစ်နဲ့ မျက်တောင်မှာ လိမ်းထားတဲ့ Mascara ကို ဖယ်ရှားပေးရပါမယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်ကို ဖျော်ရည်လုပ်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။


၅။ လက်ဖက်စိမ်း (Green Tea)

 ကဖင်းဓါတ်နဲ့ Flavonoid ဓါတ်တွေကို လက်ဖက်စိမ်းတွေမှာ တွေ့ရလေ့ရှိပြီး အမွှေးအမျှင်တွေ ရှည်လျားဖို့အတွက် လှုံ့ဆော်ပေးနိုင်ပါတယ်။ တကယ်လို့ လက်ဖက်စိမ်းကို သောက်ရတာမကြိုက်ဘူးဆိုရင်လည်း ရေနွေးထဲမှာ လက်ဖက်စိမ်းထုပ်ကို နှစ်လိုက်ပါ။ အေးအောင်ထားပြီး မျက်လုံးပေါ်မှာ တင်ထားပေးပါ။ 


၆။ ကျန်းမာစေတဲ့ အစားအစာများ

 အမွှေးအမျှင် (မျက်တောင်မွှေး)ကို ရှည်လျားစေရုံသာမက ကျန်းမာစေတဲ့အစားအစာကလည်း အသားအရေအတွက်ရော ကျန်းမာတဲ့ဆံသားတွေရဖို့အတွက်ရော အရေးကြီးပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားသုံးပေးရပါမယ်။


၇။ မိတ်ကပ်ကို ဖျက်ပါ

 မိတ်ကပ်က ချွေးပေါက်ပိတ်စေတာကြောင့် ဖျက်ပေးဖို့ သိပ်ကို အရေးကြီးပါတယ်။ မျက်တောင်မွှေးတွေမှာ မိတ်ကပ်မရှိမှ မျက်တောင်မွှေးတွေက လျင်လျင်မြန်မြန်နဲ့ ရှည်လျားနိုင်မှာပါ။ Mascara ဆိုးတာမျိုးမလုပ်ရင်တော့ မျက်တောင်မွှေးရှည်လျားဖို့ ပိုပြီး အကျိုးသက်ရောက်မှုရှိပါတယ်။ 


၈။ မျက်လုံးပွတ်တတ်တဲ့ အကျင့်ကိုရပ်ပါ။ 

 အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို တစ်ခုမှ လိုက်မနာနိုင်ရင်တောင် ဒီတစ်ခုကိုတော့ စာဖတ်သူတွေ လိုက်နာသင့်ပါတယ်။ မျက်လုံးယားလို့ပဲဖြစ်ဖြစ် တစ်ခုခုကို အထာမကျလို့ပဲဖြစ်ဖြစ် မျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်တာဟာ မျက်တောင်မွှေးတွေကို ဆိုးဆိုးရွားရွား ပျက်စီးစေပါတယ်ဆိုတာ တင်ပြပေးလိုက်ရပါတယ်။ 


ဒေါက်တာ ကောင်း

Credit-Facebook; My Foodmyanmar.com,healthforAll magazine, No.121, February, 2017.



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18