Print

အိမ်တွင်းကုထုံးနဲ့ လှကြရအောင်

  10-Jan-2018
Preview Image

အိမ်တွင် Serum နဲ့ မျက်နှာပြင်မယ်

 Serum လုပ်နည်း နည်းနည်းလေး ပြောပါရစေ။  Serum သုံးစွဲခြင်းက အသားအရေအတွက် ကောင်းတယ်။ အသားအရေစိုပြေနုူးည့ံစေတယ်။ အရေပြားချောမွေ့စေတယ်။ အသားအရေတွန့်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒီထဲမှာ ဗီတာမင်စီက အရေပြားကို တင်းရင်းစေပြီး ဆန့်ကျုံ့နိုင်တဲ့ သတ္တိရှိပါတယ်။ အသားအရေတောက်ပစေပါတယ်။ စျေးကွက်မှာ ရှိတဲ့ Serum အများစုက ပုံမှန်အားဖြင့် အရည်မပျစ်ကြပါ။ အရေပြားမတွန့်အောင် ထိန်းတဲ့နေရာမှာ Vitamin C တွေက သိပ်ကောင်းတယ်။ ဗီတာမင်စီ Serum လုပ်နည်းကို ဖော်ပြပါရစေ။ 


Vitamin C Serum လုပ်နည်း

 ဗီတာမင်စီ ၅၀၀ မီလီဂရမ်ဆေးပြား (၂) ပြား ဗီတာမင်အီး - ထမင်းစားဇွန်း (၂) ဇွန်း ရှားစောင်းလက်ပပ်အနှစ် - ထမင်းစားဇွန်း (၅) ဇွန်း ၊ ဗီတာမင်စီဆေးပြားကို နှင်းဆီအရည်ထဲထည့်ပြီး ပျော်ဝင်အောင် အရင်လုပ်ပါ။ ပြီးရင် ရှားစောင်းလက်ပပ်အနှစ်နဲ့ ဗီတာမင်အီး အဆီကို ရောစပ်ပါ။ ခွက်ထဲထည့်ပြီး သိမ်းထားပါ။ ဆေးရည် ခပ်ပျစ်ပျစ်ကို တစ်ပတ်အတွင်း သုံးပါ။ ဆေးရည် Serum ကို ညဘက်အိပ်ရာဝင်တိုင်း လိမ်းပါ။ ခရင်မလိမ်းသင့်တယ်။ မကြာခင် သဘာဝအတိုင်း လှပစိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ 


အရေပြားအတွက် နို့ဓာတ်

 နို့နဲ့ နို့ထွက်ပစ္စည်းတွေကို Skin Care အများစုမှာ သုံးလေ့ရှိတယ်။ နွားနို့၊ ဒိန်ချဉ်၊ ထောပတ်၊ နို့မှုန့်၊ အစရှိသဖြင့် သုံးကြတယ်။ အရေပြားအတွက် ပရိုတိန်းဓာတ်လိုပါတယ်။ 


ဘာကြောင့်ပါလဲ

- အစိုဓာတ်ကို ထိန်းပေးလို့ဖြစ်ပါတယ်။

- အဆီဂလင်းတွေကို ကျဉ်းစေပြီး ဆဲလ်အတွင်းပိုင်းထိ ဝင်ရောက်သန့်စင်ပေးတယ်။

- ဆဲလ်သေတွေဖယ်ရှားပေးပြီး ဆဲလ်သစ်ဖြစ်စေတယ်။

- အရေပြားအရောင် လင်းစေတယ်။ ကြည်စေတယ်။ 

- ဆဲလ် pH ကို ထိန်းပေးလို့ ဗက်တီးရီးယား ပေါက်ဖွားမှုကို ကာကွယ်တယ်။

- အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်တွေကို ကိုလာဂျင်ထုတ်လုပ်မှုကို အားပေးလို့ အသားအရေတင်းရင်းစိုပြေစေတယ်။ ဒါကြောင့် တိုနာတွေမှာ နွားနို့၊ ဒိန်ချဉ်စတာတွေ သုံးတာဖြစ်တယ်။ 


သတိပြုရမှာက အင်ဇိုင်းသဘောက အပူပေးရင် ပျက်စီးတတ်တယ်။ အာနိသင်ချို့တဲ့မယ်။ နွားနို့ရွေးချယ်တဲ့အခါ ကျိုချက်ထားတာမရှိတဲ့ နွားနို့အစိမ်းသာ သုံးရမယ်။ နို့မှုန့်တွေက သဘာဝနို့တွေလောက် အာနိသင်မကောင်းပါ။ အသားအရေ ခြောက်သွေ့သူအတွက် နွားနို့က အကောင်းဆုံးဖြစ်ပြီး အဆီပြန်တဲ့ အသားအရေမှာ ဒိန်ချဉ်ကို ရွေးချယ်ရမယ်။ နွားနို့ကို ဂွမ်းနဲ့တို့ပြီး ညစဉ် အရေပြားမှာ ဖိလိမ်းပေးရင် အသားအရေစိုပြေဝင်းပလာတယ်။ ဒါ့ကြောင့် တိုနာတွေ၊ Serum နဲ့ အလှအပပစ္စည်း Skin Care တွေမှာ နို့ထွက်ပစ္စည်းတွေ အဓိကအသုံးပြုတာ ဖြစ်ပါတယ်။


ချွေးပေါက်ကျဉ်းအောင်

 ချွေးပေါက်ကျယ်သူ၊ အဆီဂလင်းများသူတွေဟာ ဝက်ခြံပေါက်လေ့ရှိကြတယ်။ ဝက်ခြံကြောင့် အမည်းစက်၊ အမာရွတ်တွေကို ဖြစ်စေပြီး မျက်နှာအလှအပကို ထိခိုက်စေတယ်။ တကယ်တော့ ဝက်ခြံဆိုတာ ဖြစ်ပြီးတာထက် မဖြစ်ခင်ကကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲ။ ကာကွယ်ဖို့ဆိုရင် မျက်နှာအဆီ မပြန်အောင် ချွေးပေါက်ကျဉ်းအောင် အရင်လုပ်သင့်တယ်။ 


ချွေးပေါက်ကျဉ်းအောင် ဘာတွေလုပ်မလဲ

 (၁) မျက်နှာကို သန့်စင်အောင် နေ့စဉ်ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆေးကြောသန့်စင်ပါ။ (တစ်နေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)


(၂) ချွေးပေါက်ကျဉ်းပေါက် ဝက်ခြံဖြစ်တတ်တဲ့နေရာတွေကို ရေခဲတုံးလေးတွေနဲ့ ကပ်ပါ။ တစ်ခါကပ်ရင် စက္ကန့်သုံးဆယ်ကြာတင်ထားပါ။


(၃) အစားအသောက်ပုံစံပြောင်းသင့်တယ်။ အဆီ၊ ဆီကြော်စာ၊ နို့၊ ကြက်ဥ၊ ပင်လယ်စာ၊ မစားပါနဲ့၊ အသီး၊ အရွက်၊ အစေ့အဆန်၊ အိုမီဂါ သရီးပါတာ များများစားပေးပါ. ရေများများသောက်ပါ။ အားဆေးတွေထဲမှာ Vitamin A, C, B3 , B5 ပါတာတွေ ကောင်းတယ်။ 


Credit: ဒေါက်တာ အေးမင်းထူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18