သဘာဝမျက်နှာပေါင်းတင်နည်းများ
08-Sep-2017
အလွယ်တကူ အိမ်မှာပဲ အသုံးပြုလို့ရတဲ့ မျက်နှာပေါင်းတင်းနည်းတစ်ချို့ကိုဖော်ပြပေးလိုပါသည်။
ထောပတ်သီး
ခြောက်သွေ့အသားအရေရှိသူတွေအတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပါပဲ။ လုပ်ရတာလည်း လွယ်ကူပါတယ်။ထောပတ်သီးအသားကို ဇွန်း သို့မဟုတ် ခရင်းနဲ့ချေပြီ သံလွင်ဆီနည်းနည်းရောမွှေလိုက်ပါ။အနှစ်ပျစ်ပျစ်လေးတွေ ရလာတဲ့အထိချေပါ။ပြီးတော့ မျက်နှာအနှံ့လိမ်းပြီး နာရီဝက်လောက်ကြာရင် ရေဆေးချ လိုက်ပါ။ မျက်နှာလေး နူးညံ့ချောမွေ့သွားပါလိမ့်မယ်။
ကြက်ဥအကာ
ချွေးပေါက် ကျယ်တွေရှိတတ်တဲ့ အဆီပြန်တဲ့အသားအရေအတွက်အရမ်းအသုံးဝင်ပါတယ်။ အမြုပ်ထွက်အောင် ခေါက်ထားတဲ့ ကြက်ဥအကာကို မျက်နှာအနှံ့လိမ်းပြီး နာရီဝက်နေရင် ရေဆေးချလိုက်ပါ။ တင်းရင်းပြီး လန်းဆန်းကြည်လင်တဲ့ မျက်နှာလေး ဖြစ်သွားပါလိမ့်မယ်။
ဂျူံမှုန့်
ကြက်ဥအနှစ်နဲ့ ပျားရည်ကို ဆတူ ရောမွှေပါ။ မျက်နှာပေါ်မှာ မိနစ် ၂၀ ထားပြီးရေနွေးနွေးလေးနဲ့ဆေးချလိုက်တဲ့အခါ နူးညံ့စိုပြည်ဝင်းပတဲ့မျက်နှာလေးဖြစ်သွားပါလိမ့်မယ်။
ငှက်ပျောသီး
မျက်နှာပေါင်းတင်ချင်ရင် ငှက်ပျောသီးကိုပဲ သတိရလိုက်ပါ။ ငှက်ပျောသီးကိုသေချာချေပြီး မျက်နှာအနှံ့လိမ်းပြီး နာရီဝက်နေရင် ရေဆေးချလိုက်ပါ။အသားအရေကိုနူးညံ့စေပြီး ချောမွေ့စေတဲ့ အာဟာရဓာတ်တွေ ဖြည့်ပေးနိုင်ပါတယ်။
Dr. Zin
Ref- myanmarskylink.com
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

