အရေပြားစိုပြေစေရန် ထိန်းသိမ်းနည်းများ
28-Apr-2017
အလှအပ မည်မျှပင် ပြင်ဆင်ထားစေကာမူ ကြည်လင်ရှင်းသန့်သည့် အသားအရေမရှိပါက လှပသင့်တင့်သလောက် လှပနိုင်လိမ့်မည် မဟုတ်ပေ။ ခန္ဓာကိုယ်ပြင်ပရှိ အရေပြားစိုပြည်ရန်အတွက် ခန္ဓာကိုယ်တွင်း ရောဂါပိုးမွှားများ ကင်းစင်နေရန်လည်း အထူးလိုအပ်ပါသည်။ ကျန်းမာရေးနှင့် ညီညွှတ်စွာ ပြုမူနေထိုင်ခြင်းသည်သာလျှင် ကောင်းမွန်ပြည့်စုံသည့် အရေပြားပိုင်ရှင်များ ဖြစ်လာနိုင်ပေသည်၊ ထိုထက်မက အသားအရေနူးညံံ့ ချောမွေ့စေလိုပါကလည်း မိမိအသားအရေ အမျိုးအစားပေါ်မူတည်၍ အရေပြားထိန်းသိမ်းသည့် နည်းစနစ်များဖြင့် ဂရုတစိုက် ထိန်းသိမ်းသွားရန်လည်း အထူးလိုအပ်လှပေသည်။
၁) ပျားရည်နှင့် နို့ကိုရော၍ မျက်နှာပြင်ပေါ်တွင် လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့လာစေနိုင်ပါသည်။
၂)မျက်နှာပြင်အရေပြားကိုဆေးကြောသန့်စင်ရာတွင်ရှောက်သီးနှင့်စပျစ်သီးတို့ကိုအသုံးပြုပေးပါ။ ရှောက်သီးသည် အညစ်အကြေးများကို ကင်းစင်စေပြီး စပျစ်သီးမှာမူ အရေပြားကို နူညံ့စေနိုင်ပါသည်။
၃) ခန္ဓာကိုယ် အရေပြား နူးညံ့စေရန်အတွက် ပူဒီနာရွက် (ကုလားစိမ်းပင်)ကို ဗာဒံသီးများနှင့် ရောကြိတ်၍ ရေနွေးအနည်းငယ်နှင့် ရော၍ ခန္ဓာကိုယ်တစ်ခုလုံးကို လိမ်းကျံ့ပေးပါ။ ခြောက်သွားသည်အထိထားပြီးမှ ရေခပ်နွေးနွေးဖြင့် ဆေးကြောသန့်စင်ပေးပါ။
၄) မုန်လာဥနီကို အရည်ပြုလုပ်ပြီး အစွန်းအကွက်များနှင့် အမာရွတ်များရှိသည့် နေရာများကို နေ့စဉ်လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါလိမ့်မည်။
၅) ကြက်ဥအကာတစ်လုံးကို ပျားရည်နှင့်ရော၍ မျက်နှာပေါ် လိမ်းကျံ့ပေးပါက အရေပြား ညိုညစ်ခြင်းများက လျော့ပါးသက်သာစေနိုင်ပါလိမ့်မည်။
Credit : ဧကမ္ဘာ
By Dr May Hnin Phyu
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

