Print

မျက်နှာပြည့်ဖောင်းသူများ သွယ်လျချင်လျှင်

  30-Oct-2016
Preview Image

ခန္ဓာကိုယ်အဆီပိုတွေ လျော့ကျစေဖို့ လေ့ကျင့်ခန်းလုပ်လို့ရသလို မျက်နှာပြည့်ဖောင်းမှုကင်းဝေးပြီး မျက်နှာ အဆီပိုတွေ လျော့ကျစေဖို့ အောက်ပါနည်းတွေကို လိုက်နာသင့်ပါတယ်။

ရေ အလုံအလောက် သောက်ပါ

ရေကို အလုံအလောက်သောက်တာကြောင့် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေကို လျော့ပါးစေပြီး ရေဓာတ်ပြည့်ဝကာ ကျန်းမာစေကြောင်း သိရပါတယ်။ မျက်နှာပြည့်ဖောင်းနေတာက ရေဓာတ်ခန်းခြောက်မှု ကြောင့်ဖြစ်တတ်ပြီးရေဓာတ်ပြည့်ဝနေရင် မျက်နှာသွယ်လျ ကြည့်ကောင်းနေ တတ်ပါတယ်။

အဆီစားသုံးမှုကို လျှော့ချပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို စားချင်ရင် တတ်နိုင်သမျှ အပြင်စာကို လျှော့စားပြီး အိမ်မှာ ချက်ပြုတ်ထားတဲ့ အစာကို များများစားပါ။ အိပ်ရာမဝင်ခင် အစာစားတာကိုရှောင်ပါ။ ဆား အလွန်အမင်းစား တာကြောင့် မျက်နှာဆီကိုရေစုဆောင်းမှုများစေပြီး မျက်နှာဖောင်းအစ်စေပါတယ်။

နံနက်စာကို မဖြစ်မနေ စားပါ

နေ့တစ်နေ့ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာနဲ့ စတင်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကိုကောင်းမွန်စေပြီး တစ်နေ့တာလုံး ကယ်လိုရီလောင်ကျွမ်း မှုများစေပါတယ်။ အခွံချွတ်မထားတဲ့ကောက်နှံစာနဲ့ သစ်သီးဝလံ စားတဲ့အတွက် ခန္ဓာကိုယ်ထဲကို အဆီရရှိမှုနည်းစေပြီး စွမ်းအင်တိုးစေပါတယ်။

အရက်ရှောင်ပါ

အရက်သောက်တာက မျက်နှာကိုဖောင်းအစ်မှု ဖြစ်စေပါတယ်။

သစ်သီးဝလံ စားပါ

ရေဓာတ်အပြည့်အဝ ပါဝင်တဲ့ သစ်သီးဝလံတွေကို စားတာကြောင့် ကိုယ်အလေးချိန် အပိုမရရှိစေဘဲ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရရှိစေပါတယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

ခန္ဓာကိုယ်တစ်ခုလုံး သွယ်လျလှပဖို့ ရည်ရွယ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့ အခါတစ်နေ့ မိနစ် ၃ဝ ခန့် ချွေးထွက် တဲ့အထိလုပ်ဆောင်ပါ။ မျက်နှာဖောင်းအစ်မှု ကိုပါလျော့ပါးစေပါတယ်။ ကိုယ်အလေးချိန် စတင်လျော့ကျလာ တဲ့အခါ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေပြောင်းလဲမှုမဖြစ်ခင် မျက်နှာနဲ့ မေးစေ့ အဆီလျော့ကျပြီး သွယ်လျလှပလာပါလိမ့်မယ်။

ကယ်လ်စီယမ်ပါဝင်သော အစာစားပါ

ကယ်လ်စီယမ်ပါဝင်တဲ့ အစာတွေကို စားတာကြောင့် မျက်နှာဖောင်းအစ်မှုကို လျော့ကျစေပါတယ်။

မကြာခဏ ပြုံးပါ

မကြာခဏ ပြုံးတာကမျက်နှာ ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ဖြစ်စေတဲ့အတွက်ပြည့်ဖောင်းလွန်းတဲ့ ပါးပြင်ကို သွယ်လျလှပလာစေပါတယ်။

ပုံမှန် အိပ်စက်အနားယူပါ

အိပ်ရေးပျက်လွန်းရင် အင်ဒိုခရိုင်းစနစ်ရဲ့ လုပ်ငန်းဆောင်တာကို အဟန့်အတားဖြစ်စေတဲ့အတွက် ခန္ဓာ ကိုယ်ထဲမှာ အဆီသိုလှောင်နှုန်းနဲ့ကြွက်သားဖြစ်ပေါ်နှုန်းတို့ကို ကမောက်ကမဖြစ်စေပါတယ်။

အသက်ဝဝရှူသွင်း၊ ရှူထုတ်သောလေ့ကျင့်ခန်းလုပ်ပါ

ပါးစပ်အပြည့် လေတွေရှူသွင်းလိုက်၊ ပြန်ထုတ်လိုက် လုပ်ပေးပါ။ အချိန်ငါးစက္ကန့်ခန့် အဆက်မပြတ်လုပ်ပေး တာကြောင့် ပါးပြင်သွယ်လျစေပါတယ်။

မိတ်ကပ်အကူအညီယူပါ

မေးစေ့နဲ့ ပါးပြင်မှာ အရောင်ရင့်တဲ့ပေါင်ဒါမှုန့်ကို လိမ်းပေးတာကြောင့် မျက်နှာအချိုးအစားကိုသွယ်လျသယောင် ထင်ရစေပါတယ်။

ဆံပင်ပုံစံ ပြောင်းပါ

ဆံပင်ပုံစံအဆင်မပြေရင် မျက်နှာဝိုင်းတဲ့သူက ပိုပြီးပြည့်ဖောင်းသလို ထင်ရစေပါတယ်။ ဒါကြောင့်ကျွမ်းကျင် တဲ့ဆံပင်ညှပ်ဆရာနဲ့ တိုင်ပင်ပြီး မျက်နှာအချိုးအစားကို ပိုသွယ်လျစေမယ့် ဆံပင်ပုံစံကို ပြောင်းပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:

ကြယ်စင်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18