Print

ခြေသည်းအလှဆင်ခြင်း....

  30-Oct-2016
Preview Image

ခြေသည်းကို အလှဆင်တဲ့ ခြေထောက်ကျန်းမာစေတဲ့ pedicure လုပ်ခြင်းပဲ ဖြစ်ပါတယ်။

Pedicure ဆိုတာဘာလဲ……

Pedicure ဆိုတာ ခြေထောက်လေးတွေ အမြင်လှစေဖို့ အလှဆင်တဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ခြေချောင်းလေးတွေ၊ ခြေသည်းလေးတွေကို အလှဆင်ခြင်းလည်း ဖြစ်ပါတယ်။ Pedicure ဆိုတဲ့ စကားလုံးဟာ လက်တင်ဝေါဟာရ နှစ်ခုကို ပေါင်းစပ်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ Pes ဆိုတာကတော့ ခြေထောက်လို့ အဓိပ္ပာယ်ရပြီး၊ cura ဆိုတာကတော့ ဂရုစိုက်ခြင်း၊ ကုသခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် pedi နဲ့ cura နှစ်လုံးပေါင်းပြီး Pedicure လို့ ဖြစ်လာရခြင်း ဖြစ်ပါတယ်။

အဓိပ္ပာယ်ကတော့ ခြေချောင်းလေးတွေ ခြေသည်းလေးတွေကို ဂရုစိုက်ခြင်းပဲပေါ့။

Pedicure လုပ်ခြင်းဟာ ခြေချောင်းလေးတွေကို ဘက်တီးရီးယား ပိုးမွှားတွေဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးပြီး ခြေချောင်းလေးတွေ၊ ခြေသည်းတွေမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ရောဂါမျိုးကိုလည်း မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်ရှင်။ ခြေထောက်ပေါ်မှာရှိနေတဲ့ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ခြေချောင်းလေးတွေကိုလည်း နုရွလှပစေပါတယ်။

ဘာကြောင့် Pedicure လုပ်ကြတာလဲ.?

အားလုံးသိကြတဲ့အတိုင်းပဲ နှစ်ဆယ့်တစ်ရာစုရောက်လာတာနဲ့အမျှ လူတွေဟာ ပိုပြီး ကြိုးစားလာရတယ်၊ ရုန်ကန်လှုပ်ရှားလာရတယ်၊ တိုးတက်မှုတွေ ရှာလာရတယ်လေ။ ကိုယ်စွမ်း ဉာဏ်စွမ်းတွေကို ထိထိမိမိအသုံးချပြီး တိုးတက်မှုတွေ ရှာနေကြတယ် မဟုတ်လား။ ခန္ဓာကိုယ်ကို အသုံးချတယ်ဆိုတဲ့ နေရာမှာ ခြေချောင်းကလေးတွေနဲ့ လှုပ်ရှားမှုဟာ အများဆုံး ပါ၀င်နေမယ် ထင်ပါတယ်။ ဘယ်နေရာ သွားသွား ခြေထောက်ကတော့ ညောင်းညာနေတာပဲ မဟုတ်လား။ ဒါကြောင့် ဒီခြေချောင်းလေးတွေကို နုညံ့စွာ ထိတွေ့ဂရုစိုက်ပြီး၊ စွမ်းအင်တွေ ပြန်လည်ဖြည့်စွမ်းပေးဖို့က တော်တော်ကြီးကို အရေးပါလှပါတယ်။ ကျန်းမာ သန်စွမ်းတဲ့ ခြေထောက်၊ ခြေချောင်းလေးတွေ ရှိပါမှ ယုံကြည်မှု အပြည့်နဲ့ လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ Pedicure လုပ်တာကို Beauty Salon တွေမှာ လုပ်နိုင်သလို အိမ်မှာလည်း ကိုယ့်ဘာသာကိုယ် လုပ်နိုင်ပါတယ်။

Pedicure လုပ်ခြင်းဟာ ခြေချောင်းလေးတွေကို အမြင်လှစေရုံသာမက အတွင်းထဲက အကြောတွေ၊ အင်္ဂါတွေကိုလည်း အားဖြည့်ပေးရာရောက်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်န်ကို balance မျှအောင် ထမ်းထားပေးရတဲ့ ခြေထောက်တွေဟာ တစ်ခြားနေရာတွေထက် ပိုကောင်းတဲ့ ဂရုစိုက်မှုတွေ လိုအပ်ပါတယ်။ pedicure လုပ်ပေးဖို့ လိုအပ်ပါတယ်.....

Pedicure ဘယ်လိုလုပ်မလဲ.. ဘယ်ကနေ စလုပ်မလဲ…?

စစချင်း ရေနွေးနွေးလေးအပြည့်ထည့်ထားတဲ့ ရေဇလုံ တစ်ခုတော့ လိုပါလိမ့်မယ်။

ခြေထောက်ကို ထည့်စိမ်လောက်အောင်တော့ ကြီးရပါမယ်။ နှင်းဆီအနှစ်တွေ ပါတဲ့ ရေပဲဖြစ်ဖြစ်၊ တစ်ခြား သင်ကြိုက်တတ်တဲ့ အမွှေးဆီတွေပါတဲ့ ရေပဲ ဖြစ်ဖြစ် နည်းနည်းလောက် ထပ်ထည့်ပေးပါ။ ဒါမှ ကိုယ်နှစ်သက်တဲ့ ရနံ့လေးနဲ့ အရင်ဆုံး ကိုယ့်ခြေထောက်လေးတွေကို Relax လုပ်ပေးရာ ရောက်မှာပါ။ ရေနွေးနွေးလေးမှာ စိမ်ထားပေးတဲ့ အတွက် ခြေထောက်မှာရှိတဲ့ အညစ်အကြေးတွေ ဆဲလ်အသေတွေကိုလည်း တိုက်ချွတ်ဆေးကြောဖို့ ပိုမိုလွယ်သွားမှာပေါ့ရှင်။ ခြေထောက်တွေ ခြေဖနောင့်တွေဟာ တော်တော်ကြီးကို ကွဲအက်နေပြီး အသားမာ တက်နေတာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ရေထဲမှာ ကြာကြာလေးတော့ စိမ်ထားဖို့ လိုပါလိမ့်မယ်။ ခြေထောက်မှာ ဆိုးလက်စရှိတဲ့ ခြေသည်းနီတွေကိုလည်း ဦးစွာ ဖျက်သင့်ပါတယ်။ ပြီးတော့မှ လိုအပ်တဲ့ ခြေသည်းညှပ်မှုတွေ တိုက်ချွတ်ဆေးကြောမှုတွေ ပြုလုပ်ပေးပေါ့။

နောက်တော့မှ လိုအပ်တဲ့နည်းလမ်းတွေ အဆင့်ဆင့်ကို Beauty Salon က ပညာရှင်တွေက ပြုလုပ်ပေးပါလိမ့်မယ်။

ခြေဖနောင့်တွေကိုလည်း သေချာဂရုစိုက်ပေးရမယ်….

ခြေဖနောင့်တွေဆိုတာ ခန္ဓာကိုယ်ရဲ့ အမာကျောဆုံးနဲ့ အကြမ်းတမ်းဆုံး အစိတ်အပိုင်းတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း ပစ်မထားသင့်ဘူးနော်။ ခန္ဓာကိုယ် အလေးချိန် ပိုလာလေလေ ခြေဖနောင့် ကွဲအက် ကြမ်းတမ်းမှုတွေ များလာလေလောဖြစ်မှာပါ။ သိပ်လှတဲ့ ခြေထောက်ကလေးကို ရစေဖို့ ဖနောင့်တွေကို ဂရုစိုက်ဖို့လည်း လိုအပ်တာပေါ့ရှင်။ဒါတွေကို ဂရုစိုက်ဖို့အတွက် ခြောက်သွေ့တဲ့ အသားအရေမျိုးတွေအတွက် အထူးထုတ်ထားတဲ့ Scrub မျိုးလိုအပ်ပါတယ်။ အဲဒီ cream တွေကို ဖနောင့်တိုက်တဲ့ ကျောက်တုံးသေးသေးလေးတွေပေါ်မှာ ဒါမှမဟုတ် တစ်ခြား ဖနောင့်တိုက်ဖို့ ထုတ်ထားတဲ့ အရာတွေပေါ်မှာ သုတ်ပြီး ပွတ်တိုက်ပေးရမှာပါ။ ခြေထောက်ကိုလည်း နှိပ်နယ်ပေးရမှာဖြစ်ပြီး Moisturizer ကိုလည်း လိမ်းပေးဖို့ လိုအပ်ပါတယ်။ ခြေထောက်အတွက် သီးသန့်ထုတ်ထားတဲ့ foot cream ပေါင်းများစွာ ရှိပါတယ်။ ခြေကျင်းဝတ်နားထိ လိမ်ပေးဖို့ လိုပါတယ်။ လိမ်းပေးတဲ့အခါမှာ တစ်ခါတည်း နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်....

Healthcare.com.mm

Ref: /cuttiepinkgold



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18