Print

ရှာလကာရည်၏ ဆေးဖက်ဝင်အစွမ်း

  30-Oct-2016
Preview Image

ထမင်းမစားခင် ရှာလကာ ရည်ကို လက်ဖက် ရည် ဇွန်း တစ်ဇွန်း ပုံမှန် သောက်ပေးရင် ကိုယ်အလေး ချိန် လျော့ကျစေတယ်လို့ နာမည်ကျော် အနုပညာ ရှင် တချို့က ဆိုပါတယ်။ ရှာလကာရည်မှာ အဲဒီအ ကျိုးကျေးဇူး အပါအဝင် အောက်ပါ တခြားအာနိ သင်တွေလည်း ရှိပါတယ်။

(၁) အဆိပ်အတောက်ကို ပြေလျော့စေပါတယ်

ရှာလကာရည်မှာ သဘာဝ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းအများအပြား ပါဝင်တာကြောင့် ကိုယ်တွင်း အဆိပ်အတောက်ကို ပြေလျော့စေပါတယ်။ ရှာလကာရည်ဟာ အဆိပ်တွေနဲ့ ပေါင်းစပ်နိုင်ပြီး ခန္ဓာကိုယ် ကနေ ထိထိရောက်ရောက် စွန့်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။ ရှာလကာရည်ဟာ သွေးလှည့်ပတ်မှုစနစ်ကို လှုံ့ဆော်ပေးပြီး အသည်းမှာ အဆိပ်ချေဖျက်တဲ့ စနစ်ကို အကူအညီပေးလို့ပါ။ ရှာလကာရည်ဟာ သွေးသန့်စင်စေတယ်လို့ ရှေးကတည်းက ယုံကြည်ထားကြပါတယ်။ ရှာလကာရည်ဟာ ကိုယ်တွင်း အချွဲမြှေးတွေကို ပြေလျော့စေတဲ့နည်းနဲ့အဆိပ်တွေကို ချေဖျက်ပေးသလို သားနံရည်စနစ် မှာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့နည်းနဲ့ သားနံရည်ကျိတ်တွေကို သန့်စင်ပေးပါတယ်။ သားနံရည်စနစ် ကျန်းမာနေရင် ကိုယ်တွင်းရှိ ဆဲလ်တွေထဲက အဆိပ်တွေကို ဖယ်ရှားပေးကာ ကိုယ်ခံအားစ နစ်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။

(၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်

ရှာလကာရည်ဟာ သွေးတွင်း သကြားဓာတ်ကို အချိန်ကြာကြာ တည်ငြိမ်စေတာကြောင့် ကိုယ်အလေး ချိန် လျော့ကျအောင် ကူညီပေးသလို အစာစားချင်စိတ်ကိုထိန်းချုပ်ပေးပါတယ်။ ကိုယ်အလေးချိန် ကျချင် ရင် ထမင်းမစားခင် ရေထဲမှာ ရှာလကာရည် လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး သောက်ပေးသင့်ပါတယ်။ ဒါမှမဟုတ် အရွက်သုပ်တွေထဲကို ရှာလကာရည် ထည့်စားသင့်ပါတယ်။

(၃) အစာကြေညက်စေပါတယ်

ရှာလကာရည်ဟာ အစာကြေညက်လွယ်စေတဲ့ အစွမ်းရှိပါတယ်။ တချို့ အစားအသောက်တွေ စားပြီး အစာ မကြေတာနဲ့ အစာခြေလမ်းကြောင်း ပြဿနာတွေကို သက်သာစေသလို အစာစားတိုင်း ရှာလကာရည် ထည့်စားပေးတာကြောင့် နာတာရှည်ရင်ပူတဲ့ ဝေဒနာကိုလည်း သက်သာစေပါတယ်။

(၄) အရေပြား ပြဿနာတွေကို သက်သာစေပါတယ်

ရှာလကာရည်ကို နေ့စဉ်သောက်တာကြောင့် အသားအရေကို ကြည်လင်ရှင်းသန့်စေတယ်လို့ တချို့မှတ် တမ်းတွေအရ သိရပါတယ်။ ဝက်ခြံပေါက်လွယ်တဲ့ အသားအရေအတွက် ရှာလကာရည်ကို သုံးနိုင်ပါတယ်။ရှာလကာရည် တစ်ခွက်နဲ့ ဆားခါးတစ်ခွက်ကို ရောပြီး ကြက်သီးနွေးရေထဲ ထည့်ချိုးရင် အရေပြားရှိ အညစ် အကြေးတွေကို ကင်းစင်စေပါတယ်။ ဒါက နှင်းခူလို အရေပြားပြဿနာတွေကို သက်သာစေပါတယ်။

(၅) ကြွက်နို့ပျောက်စေပါတယ်

ရှာလကာရည်ကို ကြွက်နို့ကုသဖို့အတွက် အိမ်တွင်းကုထုံးအနေနဲ့ သုံးပါတယ်။ ရှာလကာရည်ကို ဝါဂွမ်းစ ကို နှစ်ပြီး ကြွက်နို့နေရာမှာ လိမ်းပြီး ပတ်တီးစည်းထားပါ။ တစ်ညလုံး ထားပါ။ ကြွက်နို့ပျောက်တဲ့အထိ ည တိုင်း ဆက်တိုက်လုပ်ဆောင်ပေးပါ။

(၆) နာမကျန်းမှုကို သက်သာစေပါတယ်

ရှာလကာရည်ဟာ အဖြစ်များတဲ့ နာမကျန်းမှုကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ ရှာလကာရည်မှာ ပိုး သတ်အာနိသင်ရှိလို့ပါ။

(၇) ဆံကေသာကို နူးညံ့ပျော့ပျောင်း စေပါတယ်

ရှာလကာရည်ရဲ့အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ အဆီတစ်အက်စစ်ဟာ ဆံပင်သားမှာ ကပ်ညိနေတဲ့ ကွန်ဒီရှင်နာ နဲ့ ဆံပင်လိမ်းဆီတွေကို ကင်းစင်စေပြီး ဆံပင်သားကို သန်စွမ်းကာ ဆံပင်သားနူးညံ့တောက်ပစေပါတယ်။ ဒါ့အပြင် ဆံပင်သားမှာ ကပ်ညိနေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေပြီး ဗောက်ပျောက်စေကာ ဆံပင်သားရဲ့ စံ အဆင့်ကို ဟန်ချက်ညီစေပါတယ်။ ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သားကို ရေအေးဆေးပြီးတာနဲ့ ရှာလကာရည်အနည်းငယ် လိမ်းပေးပါ။ ဆံပင် သားကို ပိုမိုတောက်ပစေပါတယ်။ ဒါပေမဲ့ နေ့တိုင်း မသုံးသင့်ပါဘူး။ ဆံပင်ခြောက်သွားချိန်မှာ အနံ့ပျောက် သွားပါလိမ့်မယ်။

 

Ref;

ဖိုးသူတော်

Credit: LyHealthCare

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18