Print

အသားလှစေမယ့် လျှို့ဝှက်ချက်တွေ

  30-Oct-2016
Preview Image

လှပခြင်းရဲ့ လျှို့ဝှက်ချက်တွေကတော့ အင်မတန်မှ ရိုးစင်းပြီး လွယ်ကူမှုလည်းရှိပါတယ်။ အလုပ်အကိုင်မပျက် အချိန်ကုန်စရာမလိုဘဲ ပြုလုပ်နိုင်တဲ့ အချက်တွေလည်းဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ အလှအပတွေထဲမှာ ခြေထောက်တစ်စုံရဲ့ လှပမှုလည်း လိုနေပါသေးတယ်။ နီထွေးလှပနေတဲ့ ခြေထောက်တစ်စုံက ပိုးသားလေးလို လှမနေမယ်ဆိုရင် ဘယ်လိုဖိနပ်တွေပဲ ၀တ်ဝတ် ခြေဗလာနှင့်ပဲဖြစ်ဖြစ် ပုရိသတိုင်းကို ဆွဲဆောင်မှုရှိနေမှာပါပဲ။ ဒါကြောင့်မို့ လှပတဲ့ခြေထောက်တစ်စုံဖြစ်အောင် ဘယ်လိုဖနတ်တီးပြုပြင်ရင်ကောင်းမလဲဆိုတာ …

အသားမာများကို ပုံမှန်ဖယ်ရှား

ခြေထောက် အသားမာတွေတက်တယ်လို့ ဆိုကြပါတယ်။ ဒါတွေက အရေပြားရဲ့ ဆဲလ်သေတွေ တဖြည်းဖြည်းများလာပြီး အချိန်ကြာကြာ ပွတ်တိုက်သန့်စင်မှုတွေ မလုပ်တာကြောင့် အရေပြားတွေဟာမာကျောလာရတာပါ။ ကြေးတွန်းမှု မရှိရင်ပဲဖြစ်ဖြစ်၊ ခြေဖနောင့်နှင့် ဖဝါးတွေကို ပုံမှန်ပွတ်တိုက်မှု မရှိရင်ပဲဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ရေချိုးချိန်မှာ အချိန်ပေးပြီး ပွတ်တိုက်ပေးသင့်သလို ပွတ်ပြီးချိန်မှာလည်း အစိုဓာတ်ကို ထိန်းတဲ့ခရင်မ်တွေကို ချက်ချင်းလိမ်းပေးသင့်ပါတယ်။

လက်သည်း၊ ခြေသည်းတွေကို ကျန်းမာအာဟာရဖြစ်စေဖို့

လက်သည်း၊ ခြေသည်းတွေကို အထူးဂရုစိုက်ပြီး သက်သောင့်သက်သာရှိစေတဲ့ ဖိနပ်မျိုးတွေရှိတာတောင် ခြေသည်းလက်သည်းတွေ ပျက်စီးနေမယ်ဆိုရင်တော့ သင့်ရဲ့အစားအစာစားသုံးမှုမှာ ပြဿနာရှိနေတတာအမှန်ပါပဲ။ ဒီတော့ လိုအပ်နေတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်ကို စားသင့်ပါတယ်။ အာလူးနှင့် မုန်လာဥနီတွေကိုလည်း ပါ၀င်အောင် စားသင့်ပါတယ်။

ခြေဆစ်ရိုး

ခြေမနေရာကနေပြီး ခြေဆစ်ရိုးတွေဟာ တဖြည်းဖြည်းကြီးလာပြီး ကားထွက်လာကာခြေချောင်းလေးတွေ ပုံစံပျက်တတ်ပါတယ်။ ခြေမဘေးက ခြေဆစ်ရိုးဖု တဖြည်းဖြည်းကြီးမလာစေဖို့ ဖိနပ်ဝတ်ဆင်ရာမှာ သင့်ခြေချောင်းတွေထက် မကျယ်ပါစေနဲ့။ နောက် ဒေါက်မြင့်ဖိနပ်တွေကို မစီးသင့်ပါဘူး။ အခြေအနေအရ လိုအပ်လာရင် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

ခြေသည်းပုံမှန်ညှပ်ရန်

ခြေစွယ်ငုပ်ကြတဲ့ အမျိုးသမီးတွေများမှာပါ။ ဒါက ခြေသည်းရှည်ထားတတ်ကြသူတွေဆိုရင် ပိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့်မို့ ခြေသည်းရှည်ထားခြင်းထက် ပုံမှန်လှီးဖြတ်ပေးရင်တော့ ခြေစွယ်ငုပ်တာ သက်သာစေနိုင်ပါတယ်။

ခြေသည်းဝါ၊ လက်သည်းဝါနေခြင်းကိုပြုပြင်

အရောင်ရင့်ရင့် လက်သည်းဆိုးဆေးတွေကို အချိန်ကြာကြာ အသုံးပြုခြင်းကြောင့် လက်သည်းခွံ၊ ခြေသည်းခွံတွေဟာ ၀ါနေတတ်ပါတယ်။ ဒါဆိုရင် ပြုပြင်ထိန်းသိမ်းဖို့ အရမ်းလိုအပ်နေပါပြီ။

ခြေထောက်တွေ အရေပြားစိုပြေဖို့

ရေဓာတ်ပါ၀င်တဲ့ ခရင်မ်တစ်မျိုးကို ခြေထောက်ကို ပွတ်တိုက်ပေးပါ။ အခုလို ရေဓာတ်ကို ပုံမှန် ဖြည့်တင်းပေးရင်တော့ ခြေသည်းခွံပျက်စီးမှုကို ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

ခြောက်သွေ့မှုရှိစေချင်

ရေစိုနေသေးတဲ့ ခြေအိတ်တွေ၊ ဖိနပ်တွေကို မစီးမိပါစေနဲ့။ နောက်ပြီး ခြေစွပ်ကိုလည်း နေ့စဉ်လျှော်ဖွတ်ပြီးမှ သုံးသင့်ပါတယ်။ ခြေချောင်းတွေကြားထဲမှာ ရေရှိရေင်၊ သဲရှိနေရင်တော့ ရေဝဲ၊ သဲဝဲတွေစားပြီး ခြေထောက်ကို ထိခိုက်စေမှာပါ။

ဖနောင့်အလှ

မိန်းကလေးတွေရဲ့ အလှကလည်း ခြေသည်းအပြင်ဖနောင့်လည်းပါ၀င်ပါတယ်။ သန့်ရှင်းပြီးချောမွေ့နှီရဲနေတဲ့ ဖနောင့်က စွဲဆောင်မှုတွေ ရှိစေပါတယ်။ ဖနောင့်ကိုအသားမာတက်တာမျိုးတွေ၊ ကွဲအက်တာမျိုးတွေ မရှိစေပါနဲ့။ဖိနပ်ကျပ်ကျပ်တွေတွေကြောင့် ထိခိုက်မိတာမျိုး မဖြစ်စေဖို့လိုပါတယ်။

Healthcare.com.mm

Ref:

ဘုန်းနေလ - ဒဂုံတက္ကသိုလ်

Health for all magazine

August 2015, No.103, Pg.42-44

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18